စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အလုပ်ထဲမှာ မပြုလုပ်သင့်တဲ့ ခန္ဓာကိုယ်လှုပ်ရှားမှုပြုစကားပြောတဲ့ပုံစံ !!!





၁။ ခေါင်းခါလွန်းခြင်း
- အကောင်းဘက်ကိုမပြတဲ့လက္ခဏာပါ။ "ဘူးတစ်လုံးဆောင် အိုတောင်မဆင်းရဲ" ဆိုတဲ့စကားရှိပေမယ့် ခေါင်းခါလွန်းတာက မလေးမစားလုပ်တဲ့သဘော၊ ဘယ်အရာကိုမှလက်မခံချင်ဘဲ ငြင်းဆန်တဲ့သဘောမျိုးလည်း သက်ရောက်ပါတယ်။

၂။ ခေါင်းငြိမ့်လွန်းခြင်း
- ခေါင်းငြိမ့်တယ်ဆိုတာ လက်ခံတယ်၊ ထောက်ခံတယ်ဆိုတဲ့သဘောကိုပြတဲ့လက္ခဏာပါ။ ဒါပေမယ့် တချို.ပညာရှိတွေကလည်း ခေါင်းခဏခဏငြိမ့်တာကို မိန်းမဆန်တဲ့အလေ့အထလို.လည်းသတ်မှတ်ပါတယ်။ ဖြစ်နိုင်ရင်အသင်းအဖွဲ.နဲ. အစည်းအဝေးလုပ်တာမျိုးတွေမှာ ခေါင်းငြိမ့်နေတာမျိုးက သိပ်မဆိုးရွားလွန်းလှပေမယ့် သင်ကိုယ်တိုင်စကားပြောရတဲ့အခါမျိုး သင်တင်ပြတဲ့အရာတွေကိုဆွေးနွေးနေကြတဲ့အခါမျိုးတွေမှာ ခေါင်းကိုမတ်မတ်ထားပြီး ယုံကြည်မှုရှိရှိအနေအထားနဲ.နေပါ။

၃။ ခန္ဓာကိုယ်ကိုကျုံ.ထားခြင်း
- ခြေထောက်တွေကို တင်းတင်းကြီးချိတ်၊ လက်ကိုပိုက်၊ ကိုယ်တွေခါးတွေကျုံ.ကွေးပြီးနေတာမျိုးက ဘယ်လိုမှကြည့်မကောင်းပါဘူး။ အပေါ်ကအချက်မှာပြောခဲ့သလိုပဲ ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်နဲ. ရင်ကိုဖွင့်ပြီးမတ်တပ်မတ်မတ်ရပ်တာမျိုး၊ ပုခုံးကိုကျယ်ကျယ်ထားခေါင်းကိုတည့်တည့်နေတာမျိုးကသင့်အတွက် အကောင်းဆုံးအနေအထားပါပဲ။

၎။ အရမ်းနွဲ.နှောင်းပျော့ပျောင်းတဲ့အမူအရာတွေပြုလုပ်ခြင်း
- ဆံပင်ကိုထိုးဖွလိမ်ဆွဲနေတာတွေ၊ နားဆွဲတွေဆွဲကြိုးတွေကို ကိုင်တွယ်ကြည့်နေတာတွေ၊ လက်နှစ်ဖက်ကိုအချင်းချင်းပွတ်သပ်နေတာတွေကိုရှောင်ပါ။ သင့်ရဲ.အမူအရာတွေက သင်ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်မရှိတဲ့ပုံမျိုးပေါက်မနေပါစေနဲ.။

၅။ လိုတာထက်ပိုပြုံးခြင်း၊ ရယ်ခြင်း
- ပြုံးတာရယ်တာက ကျန်းမာရေးအတွက်ရော၊ လူမှုဆက်ဆံရေးမှာပါကောင်းတဲ့အလေ့အကျင့်ပါ။ ဒါပေမယ့် လိုတာထက်ပိုပြုံးရယ်တာတွေက ကြာလာရင်အများကလက်မခံချင်တော့လောက်တဲ့အထိဖြစ်လာတတ်ပါတယ်။ ကိစ္စတွေကိုထင်သလောက်အလေးအနက်မထားဘူးလို.ထင်ခံရလာနိုင်တယ်၊ လှောင်ပြောင်နေတာလားလို. အမြင်ကတ်ခံရလာနိုင်ပါတယ်။ ဖြစ်နိုင်ရင်အရိပ်သုံးပါးသိသိနဲ. မျက်နှာအမူအရာကိုထားသင့်ပါတယ်။

၆။ ညုတုတု၊ ပရောပရီအမူအရာတွေပြုလုပ်ခြင်း
- မိန်းကလေးက ယောင်္ကျားလေးကိုအတင်းဝင်ရောပြီး ပရောပရီလုပ်ချင်တာပဲဖြစ်ဖြစ်၊ ယောင်္ကျားလေးက မိန်းကလေးကိုအတင်းလိုက်ရောပြီး ပြောဆိုပတ်သက်နေတာပဲဖြစ်ဖြစ် ဒါကအလုပ်မှာ မဖြစ်သင့်တဲ့အခြေအနေပါ။ ပိုဆိုးတာကအဲ့လိုအပြုအမူမျိုးတွေလုပ်ပြတာနဲ.ကြုံလာရင် အနေရအထိုင်ရလည်းခက်လှပါတယ်။ အဲ့ဒီ့တော့ သင်လည်းအဲ့လိုအမူအရာမျိုးတွေမလုပ်မိအောင် သတိထားဖို.လိုပါတယ်။

၇။ ခံစားချက်ကိုထုတ်ပြလွန်းတဲ့အမူအရာတွေပြုလုပ်ခြင်း
- လက်အမူအရာတွေ၊ မျက်နှာထားပုံစံတွေကနေ သင့်ရဲ.ခံစားချက်တွေကိုအရမ်းမပေါ်လွင်ပါစေနဲ.။ ပိုဆိုးတာက အဲ့လိုမျိုးအရမ်းသိသိသာသာဖြစ်လာတဲ့အခါကျရင် ကိုယ့်လက်အောက်က ၀န်ထမ်းတွေကလည်းကိုယ့်ကို ရိုသေလေးစားမှုတွေလျော့ကျလာနိုင်သလို သင့်အထက်အရာရှိလူကြီးတွေကလည်း သင်ဟာ Professional မကျတဲ့လူတစ်ယောက်လို.ထင်သွားနိုင်ပါတယ်။

၈။ အားမရှိတဲ့လက်ဆွဲနှုတ်ဆက်ခြင်း
- အလုပ်နဲ.ပတ်သက်ပြီး လက်ဆွဲနှုတ်ဆက်ရတဲ့အခါမှာ ဟန်ပါပါ အားရှိရှိလက်ဆွဲနှုတ်ဆက်တာမျိုးက သင့်ကိုလည်းတဖက်လူက အထင်ကြီးတတ်သလို၊ သင်ကလည်းကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့လူတစ်ယောက်ဖြစ်ကြောင်းပြသလို.ရပါတယ်။

Wilson Chan (YK)

Credit : Pinterest

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...