စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကမ္ဘာကြီးဆီကနေ ဖုန်းတစ်လုံးနဲ့ ပြေးထွက်မိနေသလား


 

စားသောက်ဆိုင်တစ်ဆိုင်ထဲကို မိသားစုတစ်စု ၀င်လာပြီး ၀ိုင်းမှာ ထိုင်လိုက်ကြပါတယ်။ မိဘနှစ်ပါးနဲ့ အရွယ်ရောက် သားသမီးနှစ်ယောက်မှာ အသက်နှစ်ဆယ်စွန်းကာစ မိန်းမပျိုလေးက သူမပေါင်ပေါ်က
အပြာရောင်လင်းနေတဲ့ ဟာလေးကိုပဲ စိုက်ကြည့်နေပါတယ်။ အချိန်ကိုက် လှုပ်ရှားထားသလို ပုံစံမျိုးနဲ့ လက်ဖျားနဲ့ ထိတွေ့နေပါသေးတယ်။
သေချာပါတယ်။ ဒါက သူမ ဖုန်းကို စိတ်ဝင်စားနေတာပါ။ စမတ်ဖုန်းတစ်လုံးကို ပိုင်ဆိုင်ပြီးတဲ့နောက်ပိုင်း သူမ အရာရာကို မေ့လျော့သွားပုံ ရပါတယ်။

စားပွဲထိုးမလေးက ဘာအစားအစာ လာချပေးသလဲ၊ သောက်ရေ ငဲ့ပေးဖို့ ကြိုးစားနေသလား။ အိမ်သားတွေ ဘယ်ပြောကြသလဲဆိုတာအပြင် ဘယ်အချိန် ပြန်ကြမလဲ ဆိုတာကို တောင် သူမ
မသိတော့သလို ဖြစ်သွားတာပါ။ တကယ်ဆိုရင် လူတွေမှာ အကြည့်ချင်း ဖလှယ်တာက အခြေခံကျတဲ့ လူသားမျိုးနွယ်ရဲ့ အပြန်အလှန်ဆက်နွယ်မှုပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အခုတော့ ဖုန်းတစ်လုံးကနေ
လူတွေက ကမ္ဘာကြီးကို ဆက်သွယ်ပြီး ဆုံးဖြတ်နေကြပြီ ဖြစ်ပါတယ်။ ကိုယ့်ဘေးမှာ တစ်ယောက်ယောက် ရှိနေလျက်နဲ့ ဖုန်းတစ်လုံးကို အာရုံစိုက်တာဟာ ရိုင်းစိုင်းတဲ့ အပြုအမူလို့ ဆိုရမှာ ဖြစ်ပါတယ်။
ဘယ်သူကမှ ကိုယ့်အနားမှာ ရှိတဲ့သူက ဂရုမစိုက်ဘဲနေတာကို သဘောကျကြမှာ မဟုတ်ပါဘူး။ ဘေးနားမှာ ရှိတဲ့ သူတွေနဲ့ စကားမပြောဘဲ အခန်းထဲမှာ မရှိတဲ့သူတွေဆီ မက်ဆေ့ပို့နေတာဟာလည်း
ထူးဆန်းတဲ့ အပြုအမူ ဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့ အကြည့်ချင်းဖလှယ်တာ၊ စကားစမြည်ပြောတာတွေကနေ အတွေးဆိုတာ ဖြစ်လာပြီး ဒီအတွေးကပဲ အသစ်ဖန်တီးနိုင်စွမ်းတဲ့ ကမ္ဘာကြီးနဲ့ ကျီစယ်သလို ရှိနေတဲ့
ချစ်စရာကောင်းမှုတွေဆီ ဦးတည်ပေး မယ့်အချက် ဖြစ်ပါတယ်။ တီထွင်ဖန်တီးနိုင်မှုနဲ့ ဆင်ခြင်နိုင်စွမ်းသာ မရှိခဲ့ဘူးဆိုရင် လူသားဟာ တိရစ္ဆာန် ဒါမှမဟုတ် ကြောက်စရာကောင်းတဲ့
အရိုင်းအစိုင်းကောင်ဘ၀ကို ကူးပြောင်းသွားမှာ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာ ဆိုရင်တော့ လူထုသယ်ယူပို့ဆောင်ရေးယာဉ်တွေပေါ် ရောက်ရှိနေချိန်မှာ ဖုန်းမခေါ်ရဘူးလို့ ယေဘုယျအားဖြင့် သဘောတူလက်ခံထားကြပါတယ်။ သူငယ်ချင်းအနားမှာ ရှိနေချိန်မှာ
ဖုန်းကိုသာ ဦးစားပေးနေတာနဲ့ ဖုန်းကို အကာအကွယ်တစ်ခုလို လက်ခံထားနေတာဟာ ရယ်စရာ၊ ရှုံ့ချစရာပဲ ဖြစ်ပါတယ်။ လူသားတွေအတွက် တစ်ဦးနဲ့ တစ်ဦး တွေ့ဆုံစဉ်မှာ ရိုးသားပွင့်လင်းနဲ့ အပြုံးနဲ့
အကြည့်ချင်း အပြန်အလှန် ဖလှယ်တာကပဲ ကမ္ဘာကြီးကို သက်ဝင်လှပစေမှာ ဖြစ်ပါတယ်။

PlanetMyanmar

https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.12061627

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...