စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







၆နှစ်ကြာအောင် ခေါင်းမလျှော်ပဲ နေသူရဲ့ အတွေ့အကြုံ

၆နှစ်ကြာအောင် ခေါင်းမလျှော်ပဲ နေလာတဲ့အတွက် ဆံပင်နဲ့ ပတ်သက်ပြီး ဘယ်လိုရလာဒ်ကောင်းတွေ ခံစားရတယ်ဆိုတာ ပြောပြပေးခဲ့သူ

ခေါင်းမလျှော်တာ ၆နှစ်တာရှိပြီဖြစ်တဲ့ ဒီအမျိုးသမီးအကြောင်းနည်းနည်း ပြောပြပေးချင်ပါတယ်။ ဘာ့ကြောင့် သူ ဒီလို အချိန်ကြာမြင့်စွာ ခေါင်းမလျှော်ပဲနေပေမယ့် သူမရဲ့ဆံပင်တွဟာ ကြည့်ကောင်းနေ သလဲဆိုတာကို ခုလို ပြောပြပေးသွားပါတယ်။ "ခေါင်းမလျှော်ပဲနေကြတယ်လို့ ပထမဆုံး သူငယ်ချင်းတစ်ယောက်ဆီက ကြားလိုက်တော့ ဘယ်လိုပုံများဖြစ်မလဲပေါ့။ ဆံပင်ဘုတ်သိုက်ကြီးဖြစ်ပြီး ညစ်ပတ်နေမှာပဲလို့ တွေးမိတယ်။ ဒါပေမယ့် သူ့ဆံပင်ကိုကြည့်တော့လည်း လှလိုက်တာ မပြောနဲ့။ ချောမွတ်ပြီး တောက်ပြောင်နေတာပဲ။ သူကပြောတာတော့ ဒါ ရှန်ပူမသုံးတော့ပဲ ထားလို့တဲ့။
ဒီအိုင်ဒီယာက နည်းနည်းတော့ ရွံစရာကောင်းနေသလိုပဲ။ အလုပ်ဖြစ်တာမဖြစ်တာ ခဏထားပေါ့။ ကျွန်မဆံပင်ကတော့ ပျက်စီးနေတဲ့ ဆံပင်သားမျိုး မဟုတ်ဘူး။ ဒါပေမယ့်အဆီပြန်တာမြန်တယ်။

 စိတ်ပျက်စရာအကောင်းဆုံး အချိန်ကတော့ ရာသီလာတဲ့အချိန် ခေါင်းလျှော်ရတာကိုပဲ။ ခေါင်းလျှော်ပြီးသွားရင်လည်း ကျွန်မဆံပင်ပုံစံကြီးက ပုံမသွင်းရင် လှကိုမလှတာ။ အဲ့ဒါနဲ့ပဲ သူငယ်ချင်းပြောသလို ခေါင်းမလျှော်ပဲနေလိုက်ရင် ကောင်းမလားပေါ့။ သူပြောတာတော့ ခေါင်းလျှော်တာကို ပထမဆုံး ရပ်လိုက်တဲ့အကြိမ် ဆံပင်က တောင့်တောင်ကြီးနဲ့ အဆင်ပြေမှာ မဟုတ်ဘူးတဲ့။

နောက်ဆုံးမှာတော့ ကျွန်မ ခေါင်းမလျှော်ပဲ နေကြည့်လိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဖြစ်ချင်တော့ အဲ့ဒီအချိန် ထိုင်းကို ခရီးထွက်ရမယ့်အချိန်။ ဒါနဲ့ပဲ ကမ်းခြေမှာ ကျွန်မခေါင်းမလျှော်ပဲ နေပစ်လိုက်မယ်ပေါ့။ အစပိုင်းတော့ တော်တော် အဆင်ပြေတယ်။ ဒါပေမယ့် တစ်ခါတစ်လေ ဗောက်ထချင်တယ်။ အဲ့ဒီအချိန်တွေက ပထမသုံးလအတွင်းပေါ့။ စိတ်တွေညစ်လိုက်တာ။ ကိုယ့်ခေါင်းကို ဘယ်သူ့ကိုမှ မမြင်စေချင်ဘူး။ တစ်ခါတစ်လေဆို ငါ ခေါင်းလျှော်ပစ်လိုက်တော့မယ်။ တော်ပြီလို့ တွေးလိုက်မိတယ်။
အားလပ်ရက်တွေပြီးတော့ ပြန်ရတော့မယ်ဆိုတဲ့အချိန် ကျွန်မခေါင်းကို ခေါင်းစည်းတွေနဲ့ ပတ်ထားလိုက်တယ်။ ခေါင်းလျှော်တိုင်းတော့ ဆံပင်ရေစိုတယ်။ လက်ချောင်းလေးတွေနဲ့လည်း ဦးရေပြားကို နှိပ်ပေးတယ်။ ရှန်ပူနဲ့လျှော်နေကျကနေ မလျှော်ပဲနေလိုက်တော့ ဆံပင်၊ ဦးရေပြားက အရင်နဲ့မတူသလိုကြီး ခံစားရတာပေါ့လေ။ ကျွန်မရည်းစားကတော့ ကျွန်မဒီလိုလုပ်နေတာ ဘာမှမပြောပေမယ့် ကျွန်မကတော့ အပြစ်ကျူးလွန်နေမိသလို ဖြစ်နေသေးတာ။

ခြောက်ပတ်လည်း ကျော်သွားရော ဆံပင်က နောက်တစ်မျိုး ပြောင်းသွားတယ်။ ဗောက်ထတာမျိုးတွေ လုံးလုံး မရှိတော့ဘူး။ ဒါပေမယ့် အရမ်းလှပြီး ကြည့်ကောင်းတာမျိုး မဟုတ်ပေမယ့် သာမာန်လူတွေရဲ့ ဆံပင်လို ဖြစ်သွားတယ်။ ဒီလိုပုံစံနဲ့ နောက်ထပ်ခြောက်ပတ်ကို ဖြတ်သန်းပြီးသွားတဲ့အခါ ထူးဆန်းအံ့သြစရာတွေ ဖြစ်လာတယ်။ ကျွန်မကတော့ ဘာမှမလုပ်ပဲ နေပေမယ့် ဦးရေပြားကတော့ အရင်လို အဆီတွေမထွက်တော့ဘူး။ သူက ညှိပေးလိုက်သလိုဖြစ်သွားတာ။ အဲ့ဒီအချိန် ငါ့နဂိုဆံပင်က ဘယ်လိုပါလားဆိုပြီး စသလိုက်ရတာပဲ။ ဘယ်လိုပြောရမလဲ။ ပျော့ပျော့လေးနဲ့ လှိုင်းတွန့်သဏ္ဍာန်လေး ပေါ်လာတယ်။

ရှန်ပူမသုံးပဲ ဆန့်ကျင်တဲ့ လှုပ်ရှားမှုကို No Poo လို့ပေးထားတယ်။ ခုဆို လူတွေကလည်း ကျွန်မနှစ်တွေချီပြီး ခေါင်းမလျှော်ပဲနေတာ အရူးလို့ မမြင်ကြတော့ဘူး။ ဒါပေမယ့် နားမလည်ကြသေးတဲ့ လူတွေလည်း ရှိတာပေါ့လေ။ ဆံပင်ညှပ်ဆိုင်သွားမယ်ဆိုရင် ဆိုင်က ၀န်ထမ်းတွေက ကျွန်မကို ခေါင်းလျှော်ဖို့ လုပ်ကြတယ်။ အဲ့ဒီအချိန် ကျွန်မက ခေါင်းမလျှော်ပါဘူးလို့ ချက်ချင်းပြောလိုက်ရတာတွေ ရှိပါတယ်။ ဒါပေမယ့် ခုနောက်ပိုင်း ကျွန်မဆံပင်အနေအထားကို ကြည့်ပြီး တော်တော်များများကတော့ ဆံပင်ပုံလေးကျလိုက်တာ၊ လှလိုက်တာလို့ ပြောကြတယ်။ ဒီတော့ ကျွန်မရဲ့ လျှို့ဝှက်ချက်ကို ဖွင့်ဟဖို့ မရှက်တော့ပါဘူး။

ရှန်ပူဟာ မကောင်းဆိုးဝါးလို့ ကျွန်မမမြင်ပါဘူး။ ဒါပေမယ့် ဒီနည်းကိုတော့ ပိုသေဘာကျနှစ်ခြိုက်နေမိတယ်။ ခုဆို ဆံပင်သားတွေ ပိုကောင်းလာတယ်။ ဒါကို ဘယ်လိုမှ မငြင်းနိုင်ဘူး။ ပြီးတော့ ရှန်ပူနဲ့ အခြားထုတ်ကုန်တွေအတွက် ကုန်ကျတဲ့ ငွေကြေးကိုလည်း ကျွန်မစုလို့တောင်ရှိပြီလေ။ ကျွန်မဆံပင်လေးဟာ သဘာဝအတိုင်းကို လှပကျန်းမာနေတာပါ။

TrendMyanmar
https://www.facebook.com/searchmyanmar/posts/874436795932592

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...