စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သူတစ်ပါးကို အထင်သေးခြင်း



အထင်သေးခြင်း ဘယ်အခါမှာ ဖြစ်.... မိမိကိုယ်ကိုယ် အထင်ကြီးတဲ့ အခါမှ ဖြစ်။

အဲဒီတော့ မိမိကိုယ်ကိုယ် အထင်မကြီးအောင် သတိတရားလေးနဲ့ ထိန်းပါ။ အားကြီးသူက အားနည်းသူကို အထင်သေးတယ်။ အခြေအနေနဲ့ အချိန်အခါဟာ အမြဲပြောင်းလဲ နေပါတယ်။ သစ်ပင် တစ်ပင်မှ မိခြစ်ဆံပေါင်း များစွာကို ရရှိနိုင်သလို မိခြစ်ဆံ တစ်ချောင်းထဲနဲ့ သစ်တော တစ်ခုလုံးကို ပြာဖြစ်သွား စေနိုင်ပါတယ်။

ဒီနေ့ ဒီအချိန် ငါတော်ပါလား... ငါချမ်းသာ ပါသလားဆိုတာ သင့်ဘ၀ တစ်သက်လုံး တည်ရှိနေမည် မဟုတ်ပါ။ အရာရာကို အသိနဲ့ သတိရှိနေ
မှသာလျှင် အဆင်ပြေပါလိမ့်မယ်။ လူတော်ပြီး စိတ်ထား ညံ့တာနဲ့ စာရင်
လူဖျင်းလူညံ့ဖြစ်ပြီး စိတ်ထားဖြူစင်ခြင်းက ကောင်းပါတယ်။

ကောင်းမွန်သော စိတ်နဲ့ စေတနာတွေဟာ မိမိကိုယ်တိုင် ပြုပြင်မှသာ ရပါလိမ့်မယ်။ ဒီကနေ့ သင်ဟာ နောင်နေ့ သင် ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ် ဆိုတာကို ဘယ်တော့မှ မမေ့လိုက်ပါနဲ့။

Photo By - autismafter16
ကျော်လင်းနိုင် (ရိုးရာလေး)

https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.1716

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...