စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







စာဖတ်ခြင်း၏ ကျန်းမာရေး အကျိုးကျေးဇူးများ

 

စာဖတ်ခြင်းကို ချစ်မြတ်နိုးခြင်းက သင့်ဦးနှောက်ကို ဇရာကြို ရောဂါ (Alzheimer) ဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ပြီး စိတ်ဖိစီးမှုများ လျော့ကျစေခြင်း၊ အပြုသဘော တွေးတောခြင်းကို အားပေးနိုင် ခြင်း၊ ရင်းနှီးခင်မင်မှုများကို အားကောင်းလာစေနိုင်ခြင်းစသော အ ကျိုးကျေးဇူးများရှိသည်။ စာဖတ်ခြင်းကြောင့် သင်၏ ဦးနှောက်နှင့် ခန္ဓာကိုယ်အတွက် ရရှိမည့် အကျိုးကျေးဇူးများကို ဖော်ပြပေးလိုက် ပါသည်။

စာဖတ်ခြင်းမှာ ရုပ်မြင်သံကြား ကြည့်ခြင်း (သို့မဟုတ်) ရေဒီ ယိုနားထောင်ခြင်းတို့နှင့် ကွာခြားသော ဦးနှောက်လေ့ကျင့်ခန်းမျိုး ပေးစွမ်းနိုင်သည်။ စာဖတ်ခြင်း အလေ့အကျင့်က သင်၏ ဦးနှောက် ကို စဉ်းစားတွေးတောရန်နှင့် အာရုံစိုက်ရန် တွန်းအားပေးသည်။
လေ့ကျင့်ခန်းလုပ်နေစဉ်အတွင်း စာဖတ်ခြင်းမှာ စက်ပေါ်တွင် လေ့ကျင့်ခန်းများ အချိန်ကြာကြာပြုလုပ်ရန် တွန်းအားဖြစ်စေနိုင် သည်။

စာအုပ်တစ်အုပ်ကို စိတ်ဝင်တစား ဖတ်ရှုခြင်းက သင်၏စိတ်ကို နှစ်ပေါင်းများစွာ နုပျိုသွားစေနိုင်ကြောင်း ဆေးပညာဝက်ဘ်ဆိုက် Prevention တွင် ဖော်ပြထားသော ရက်ခ်ျဆေးတက္ကသိုလ်မှ လေ့ လာမှုအသစ်အရ သိရသည်။
အနားယူချိန်များတွင် တီထွင်ဖန်တီးမှုဆိုင်ရာ (သို့မဟုတ်) စာဖတ်ခြင်းကဲ့သို့ အသိဉာဏ်ဆိုင်ရာပြုမူပုံများ ပြုလုပ်ခဲ့သည့် အရွယ်ရောက်ပြီးသူများသည် ဘ၀နှောင်းပိုင်းတွင် စဉ်းစားတွေးခေါ်မှုဆိုင်ရာ ဉာဏ်ရည်လျော့ပါးမှုနှုန်း ၃၂ ရာခိုင်နှုန်း လျော့နည်း ကြောင်း သိရသည်။

ပုံမှန်စာဖတ်လေ့ရှိသည် (သို့မဟုတ်) စစ်တုရင် (သို့မဟုတ်) ဉာဏ်စမ်းပုစ္ဆာများကဲ့သို့ စိတ်ပိုင်းဆိုင်ရာကို စိန်ခေါ်သော ကစား နည်းများ ကစားလေ့ရှိသည့် အသက်ကြီးသူများသည် ဇရာကြိုရောဂါ ဖြစ်ပွားနိုင်သောအန္တရာယ် နှစ်ဆခွဲအထိ လျော့ပါးကြောင်း နောက်လေ့လာမှုတစ်ခုကလည်း
 ဖော်ပြသည်။

ဗြိတိန်သုတေသီများ၏ လေ့လာမှုတစ်ခုအတွင်း စိုးရိမ်မှုဖြစ် စေသော ဖြစ်ရပ်များတွင် ပါဝင်ခဲ့သူများသည် မိနစ်အနည်းငယ်ခန့် စာဖတ်ခြင်း၊ တေးသီချင်းနားဆင်ခြင်း (သို့မဟုတ်) ဗီဒီယိုဂိမ်းများ ကစားခြင်းတို့ ပြုလုပ်ပြီးချိန်၌ စိတ်ဖိစီးမှု ၆၇ ရာခိုင်နှုန်း လျော့ကျ သွားကြောင်း လေ့လာတွေ့ရှိခဲ့သလို စာဖတ်ခြင်းကြောင့် သင်၏ ဝေါဟာရ ကြွယ်ဝမှုကိုလည်း အားကောင်းလာစေနိုင်သည်။
—Ref: RD Asia

http://www.7daydaily.com/story/34816#.VSvj0i7dXLU

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...