စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သင်အောင်မြင်သင့်သလောက် မအောင်မြင်ရတဲ့အချက် (၁၀)ချက် !!!



၁။ အပျင်းကြီးတာ
- အောင်မြင်ချင်တဲ့သူက ဘယ်တော့မှအပျင်းမကြီးမပါဘူး။ လူဆိုတာကတော့ ပျင်းတတ်တဲ့အမျိုးပါ။ ဒါပေမယ့် အောင်မြင်ဖို.ကြိုးစားမယ်လို.ဆုံးဖြတ်ထားရင်တော့ ပျင်းတဲ့စိတ်ကိုကြာရှည်အောင် မကိန်းအောင်းစေပါနဲ.။

၂။ လိုချင်တပ်မက်မှုများတာ
- ကိုယ့်အတွက်ခံစားပိုင်ခွင့် လိုချင်တပ်မက်မှုတွေကိုပဲကြည့်လွန်းတာကလည်း လုပ်ငန်း ကိစ္စတွေကိုအောင်မြင်ဖို.အတွက် အဟန်.အတားဖြစ်စေပါတယ်။

၃။ ကြောက်ရွံ.စိုးရိမ်စိတ်ကြီးတာ
- သင်ကဘေးလူတွေဘာပြောလာမလဲဆိုတာကိုလည်းစိုးရိမ်ပါတယ်။ သင့်လုပ်ရပ်တွေ တွေးတောကြံစည်တာတွေ တခုခုလွဲချော် မှားယွင်းသွားမှာကိုလည်း စိုးရိမ်ပါတယ်။ အဲ့ဒီ့လိုစိုးရိမ်လွန်းတာတွေများလာတဲ့အခါမှာ ဘယ်ကိစ္စကိုမှလုပ်ရဲကိုင်ရဲမရှိတော့ပါဘူး။

၎။ အဆိုးမြင်တဲ့စိတ်ဝင်နေတာ
- သင်နဲ.အလုပ်အတူတူတွဲလုပ်နေရတဲ့သူတွေထဲမှာ အမြဲအဆိုးမြင်တတ်တဲ့သူ၊ မနာလိုစိတ်ကြီးတဲ့သူတွေပါမှာပါပဲ။ အဲ့လိုလူတွေနဲ.အနေကြာလာရင် ကိုယ်ပါအဆိုးမြင်တဲ့စိတ်တွေ ၀င်လာတတ်ပါတယ်။ ဘယ်ကိစ္စကိုမဆို မကောင်းမြင်တဲ့စိတ်ပဲဝင်နေတဲ့အခါမှာ ဘယ်အလုပ်ကိုမှဖြစ်နိုင်တယ်လို.မထင်တော့ဘဲ၊ လုပ်ချင်စိတ်မရှိတော့ဘဲနဲ. ဘယ်အရာကိုမှအောင်မြင်အောင်ဆောင်ရွက်နိုင်စွမ်းမရှိတော့ပါဘူး။

၅။ တွေးလွန်း၊ တုံ.နှေးလွန်းတာ
- ဆုံးဖြတ်ချက်တစ်ခုခုချဖို.ကိုပဲ အချိန်တော်တော်ကြာတွေးတောတွေဝေနေဖူးပါသလား ? တွေးနေရုံနဲ.တော့ ဘယ်ကိစ္စမှအထမြောက်အောင်မြင်မလာနိုင်ပါဘူး။ ပိုဆိုးတာကတွေးတောတွေဝေလွန်းအားကြီးရင် အလုပ်ကိစ္စတွေ ဆောင်ရွက်ရမယ့် လုပ်ငန်းဆောင်တာတွေက အချိန်မှီဖြစ်မြောက်ဖို.မလွယ်တော့ပါဘူး။

၆။ ပန်းတိုင်မရှိတာ
- ဘာကိုမှကြိုတင်ပြင်ဆင်မထားဘူး။ ဘာကိုမှလည်းသေသေချာချာစီစဉ်စဉ်းစားထားတာလည်းမရှိဘူး။ သင်လိုချင်တာဖြစ်ချင်တာတွေက သူ.အလိုလိုဖြစ်မြောက်အောင်မြင်လာမယ်လို. ထင်ထားရင်တော့ သင်အလွဲကြီးလွဲသွားပါပြီ။ သင့်အောင်မြင်မှုပန်းတိုင်ကိုသင့်ဘာသာ ချမှတ်ထားရှိထားမှပဲ အဲ့ဒီ့အောင်မြင်မှုကိုရရှိအောင် သင်ကြိုးစားရ လွယ်ကူမှာပါ။

၇။ အပြစ်တင်တာ
- သင့်အောင်မြင်မှုဆိုတာသင်နဲ.ပဲဆိုင်ပါတယ်။ ဟိုလူတွေကြောင့်သင်ကျရှုံးရတာပါ။ ဒီလူတွေကြောင့်သင်အောင်မြင်တာပါလို. ပြောလို.စွပ်စွဲလို.မရပါဘူး။ သင်အောင်မြင်အောင်ကြိုးစားရမှာလည်း သင်ကိုယ်တိုင်ပါပဲ။ သင်ကျရှုံးရတယ်ဆိုတာလည်း သင့်အမှားကြောင့်ပါပဲ။ ဘယ်သူနဲ.မှမဆိုင်ပါဘူး။

၈။ အချိန်ဖြုန်းတာ
- လူအများစုက ဘာမှအကျိုးမရှိတဲ့ကိစ္စတွေကြောင့် အချိန်တွေကုန်နေလေ့ရှိပါတယ်။ သင့်ကိုအထောက်အကူပြုနိုင်မယ့်၊ သင်အောင်မြင်မှုရရှိအောင်အကူအညီပေးနိုင်မယ့် ကိစ္စမျိုးတွေကိုလုပ်ဖို.အချိန်တွေကိုအသုံးပြုတာကသာ သင့်အတွက်အရေးကြီးတာပါ။ အဓိကနဲ.သာမညကိုခွဲခြားသိပြီး အချိန်ကိုအသုံးချတတ်ဖို.လိုပါတယ်။

၉။ Social Media ပိုင်းကိုသုံးလွန်းတာ
- သင့်ရဲ.အကျိုးရှိလှတဲ့အချိန် ၅၀% က Social Media ပိုင်းအသုံးပြုမှုကြောင့် ကုန်ဆုံးနေရပါတယ်။ ပိုဆိုးတာက သင်အဲ့လိုအချိန်တွေကုန်နေရတာကို သိသိကြီးနဲ.ပဲသင်ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်ပါဘူး။

၁၀။ ရေရှည်အတွက်မတွေးတာ
- ရှေ.တစ်ရက်စာ၊ တစ်ပတ်စာ၊ တစ်လစာလောက် အတွက်ပဲကြိုတွေးတာမျိုးမလုပ်ပါနဲ.။ အဲ့လိုတာတိုအတွက်ပဲတွေးလို. သင့်အောင်မြင်မှုကိုသင်ထင်သလောက်မြန်မြန်မရရှိတာလည်းဖြစ်ပါတယ်။

Credit : Pinterest

Wilson Chan (YK)

https://www.facebook.com/Work.com.mm/photos/a.359562060790938.85922.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...