စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







စက်ရုံအလုပ်သမ ဘ၀ကနေ ဘီလီယံနာ ဖြစ်လာသူ


 

ကြိုးစားလိုစိတ်ရှိ သူတွေအတွက် ဘ၀ဆိုတာ စိတ်ကူးထဲ ကလိုမျိုး ဖြစ်သွားတဲ့ သာဓကတွေ အများကြီး ရှိပါတယ်။ တရုတ် နိုင်ငံက အမျိုးသမီး တစ်ဦးဟာ စက်ရုံ အလုပ်သမားဘ၀ ကနေ ဘီလီယံနာ သူဋ္ဌေးတစ်ဦး အဖြစ် ရောက်ရှိလာခြင်း နောက်ကွယ်မှာ ကြိုးစား အားထုတ်မှုကြောင့် ဆိုတာ ထင်ရှားနေ ပါတယ်။ အရင်က တစ်လကို ပေါင် (၁၀၀) လောက်သာ ၀င်ငွေရှိခဲ့ ပေမယ့် လက်ရှိ အချိန်မှာတော့ ချမ်းသာကြွယ်ဝမှုက ပေါင် ( ၄ ဒသမ ၉ ) ဘီလီယံအထိ ရှိနေပြီ ဖြစ်ပါတယ်။ အဲဒီ အမျိုးသမီး အမည် ကတော့ Zhou Qunfei ဖြစ်ပါတယ်။

အသက် (၄၅) နှစ်အရွယ် Zhou Qunfei ဟာ ငယ်စဉ်က အလွန်ဆင်းရဲတဲ့ ဒေသမှာ နေထိုင်ခဲ့ပြီး အသက် (၅) နှစ်အရွယ်မှာ မိခင်ဖြစ်သူ သေဆုံး သွားခဲ့ပြီး ဖခင်ဖြစ်သူ ကလည်း မျက်မမြင် တစ်ဦး ဖြစ်ပါတယ်။ ဆယ်ကျော်သက် အရွယ်မှာ နေအိမ်ကို စွန့်ခွာပြီး ရှန်ဇီဒေသရှိ မှန်စက်ရုံမှာ အလုပ်လုပ်ခဲ့ ပါတယ်။ ရရှိလာတဲ့ လုပ်အားခတွေကို နေအိမ်ကို ပြန်ပို့ပြီး ဘ၀ကိုရုန်းကန်ခဲ့ ပါတယ်။ နာရီမှန်တွေ ထုတ်လုပ်တဲ့နေရာမှာ အလုပ်လုပ်ခဲ့တာ ဖြစ်ပြီး(၃)လအကြာမှာ ထွက်စာတင်ခဲ့ ပါတယ်။ ဒီထွက်စာဟာ ဘ၀ကို အပြောင်းအလဲ ဖြစ်စေခဲ့ ပါတယ်။ စက်ရုံ တာဝန်ရှိသူတွေက ၀န်ထမ်းကောင်း တစ်ဦး မဆုံးရှုံးလို တာကြောင့် Zhou Qunfei ကို ရာထူးတိုးပေးခဲ့ ပါတယ်။

ဒီနောက် စက်ရုံမှာ အရေးပါတဲ့သူ ဖြစ်လာခဲ့ ပါတယ်။ ၁၉၉၃၊ အသက် (၂၂) နှစ် အရွယ်မှာ ကိုယ်ပိုင်လုပ်ငန်း တစ်ခု တည်ထောင်ခဲ့ ပါတယ်။ Zhou Qunfei ဟာ ပိန်းကြာရွက်မှာ ရေမတင်တာကို ကြည့်ပြီး စိတ်ကူးတစ်မျိုး ရကာ မှန်တွေကို အကောင်းဆုံး ဖြစ်အောင် ပြုလုပ်နိုင်ခဲ့ ပါတယ်။ လက်ရှိ အိုင်ဖုန်းတွေမှာ တပ်ဆင်ထားတဲ့ မှန်တွေပာာ Zhou Qunfei စက်ရုံက ထုတ်လုပ်ပေးနေတာ ဖြစ်ပါတယ်။ ထင်ရှားတဲ့ မိုဘိုင်းဖုန်းတွေရဲ့ မှန်တွေကိုလည်း ပြုလုပ်ပေးနေပါတယ်။ Zhou Qunfei ရဲ့ ကုမ္ပဏီဟာ တဖြည်းဖြည်း အင်အားကြီးလာခဲ့ပါတယ်။ မတ် (၁၈) ရက်မှာ ထုတ်ပြန်တဲ့ အချက်အလက်တွေအရ Zhou Qunfei ချမ်းသာကြွယ်ဝမှုက ပေါင် (၄ ဒသမ ၉) ဘီလီယံ အထိရှိတာကြောင့် တရုတ်နိုင်ငံရဲ့ အချမ်းသာဆုံး အမျိုးသမီး ဖြစ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ (၁၀)နှစ်အတွင်း တရုတ်နိုင်ငံမှာ ဘီလီယံနာတွေ ပေါ်ထွက်လာရာမှာ Zhou Qunfei လည်း အပါအ၀င် ဖြစ်ခဲ့ပါတယ်။ Zhou Qunfei ဟာ ငယ်စဉ်က သင်ကြားပေးခဲ့တဲ့ ဆရာတွေရဲ့စကားကို အမြဲတမ်း နားထောင်ကာ ချမ်းသာကြွယ်ဝသူ ဖြစ်အောင် လုပ်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ စက်ရုံ အလုပ်သမ ဘ၀ကနေ ဘီလီယံနာ ဖြစ်လာအောင် ပြုလုပ်နိုင်ခဲ့တဲ့ Zhou Qunfei ဘ၀ဟာ ခက်ခဲမှုတွေ ရှိခဲ့ပေမယ့် အားလုံးအတွက် လေးစား အားကျစရာ ဖြစ်ခဲ့ ပါတယ်။

TrendMyanmar

https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.120616

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...