စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အလုပ်မှာ အကောင်းဆုံးတွေလုပ်ဆောင်နိုင်ဖို.အချက် (၁၈)ချက် !!!



(၁) စိတ်တက်ကြွမှု
- စိတ်ဓါတ်တက်ကြွစေမယ့်၊ အလုပ်လုပ်ချင်စိတ်ပိုပြင်းပြစေမယ့်မိန်.ခွန်းတွေ၊ ပြောစကားစာအုပ်တွေကို နားထောင်ပါ၊ ဖတ်ပါ။

(၂) အလုပ်ကိုစောစောရောက်ခြင်း
- နေ.တိုင်းအလုပ်ကိုစောစောသွားပြီး အဲ့ဒီ့နေ.အတွက်လုပ်ရမယ့်အလုပ်တာဝန်တွေကို အာရုံစိုက်လုပ်ဆောင်ပါ။

(၃) E-mail
- E-mail တွေကိုအရင်ဆုံးဖွင့်မဖတ်ပါနဲ.။ တနေ.တာလုပ်ဆောင်ရမယ့် အလုပ်တာဝန်တွေကိုအရင်ဆုံး စဉ်းစားအစီအစဉ်ချပြီးမှ အဲ့အလုပ်တွေကိုလုပ်ရင်းနဲ. E-mail တွေကိုပါဖွင့်ဖတ်စစ်ဆေးပါ။

(၄) အချိန်အသုံးချပုံ
- သင့်ရဲ.တနေ.တာအချိန်တော်တော်များများက ဘာအတွက်ကုန်ဆုံးနေရသလဲ ? အရေးကြီးကိစ္စတွေကိုအဓိကလုပ်ဆောင်နိုင်ဖို. သင်အချိန်ကိုအကောင်းဆုံးအသုံးချတတ်ဖို.လိုပါတယ်။

(၅) စီမံကိန်း
- သင်အောင်မြင်အောင်ဆောင်ရွက်ရမယ့်လုပ်ငန်းဆောင်တာတွေကို အချိန်နဲ.တကွအစီအစဉ်တကျ စီမံကိန်းချထားပါ။

(၆) နားချိန်
- အလုပ်မှာအာရုံစူးစိုက်မှုလျော့ကျနေရာကနေ ပြန်အာရုံစိုက်နိုင်အောင် အနားယူပေးဖို. အချိန်နည်းနည်းတော့လိုပါတယ်

(၇) အစည်းအဝေး
- အစည်းအဝေးတွေကို ခဏခဏမဟုတ်ဘဲ လိုတဲ့အချိန်လိုသလိုတက်ရောက်ဆွေးနွေးတာကလည်း သင့်ရည်မှန်းချက် အောင်မြင်မှုတွေကိုရယူဖို. အထောက်အကူပြုနိုင်မယ့် နည်းလမ်းကောင်းတစ်ခုပဲဖြစ်ပါတယ်။

(၈) ကျန်းမာရေးလိုက်စားခြင်း
- လေ့ကျင့်ခန်းပုံမှန်လုပ်တာ၊ အပြေးလေ့ကျင့်တာတွေက ကိုယ်ခန္ဓာကိုလည်းကျန်းမာစေတဲ့အပြင် စိတ်ဖိစီးမှုတွေကိုလည်းလျော့ကျစေပါတယ်။

(၉) စိတ်ရှည်ခြင်း
- တချို.အလုပ်တွေက တစ်ခါတည်းနဲ.မအောင်မြင်မပြီးမြောက်တာရှိပါတယ်။ အဲ့လိုကိစ္စမျိုးတွေဆိုရင် နောက်တစ်ကြိမ်ထပ်ကြိုးစားဖို.အတွက် စိတ်ရှည်ပြီး ကိုယ့်ကိုယ်ကိုအားပေးဖို.လိုပါတယ်။ တစ်ကြိမ်တည်းနဲ.မဖြစ်မြောက်တိုင်း စိတ်ဓါတ်ကျလက်လျော့လိုက်တာမျိုးကတော့ မဖြစ်သင့်ပါဘူး။

(၁၀) အကောင်းမြင်တဲ့စိတ်
- အရာရာကိုအကောင်းမြင်ပြီး သင့်လုပ်ဖော်ကိုင်ဖက် အပေါင်းအသင်းတွေနဲ. အဆင်ပြေပျော်ရွှင်အောင်နေထိုင်တတ်ဖို.လည်းလိုပါတယ်။

(၁၁) မျှဝေခံစားတတ်ခြင်း
- သင့်ရဲ.အောင်မြင်မှုတွေကိုလည်းတခြားသူတွေနဲ.မျှဝေပျော်ရွှင်ပါ။ သင့်လုပ်ဖော်ကိုင်ဖက်တွေရဲ. အခက်အခဲအကြပ်အတည်းတွေကိုလည်း ၀င်ရောက်ကူညီဖေးမပေးပါ။

(၁၂) အကူအညီ
- အကူအညီတောင်းဖို.ကို မရှက်ပါနဲ.။ မကြောက်ပါနဲ.။ အောင်မြင်ဖို.ကြိုးစားနေရတဲ့လူတိုင်းက အကူအညီလိုအပ်တာမျိုးတွေရှိပါတယ်။

(၁၃) ပျင်းရိမှုမရှိခြင်း
- အလုပ်ကိုအချိန်ကြာလာတာနဲ.အမျှပျင်းရိမှုရှိမလာအောင်ကြိုးစားဖို.လည်းလိုပါတယ်။ ကိုယ့်အလုပ်မှာကိုယ် မပျင်းဘဲအမြဲစိတ်အားတက်ကြွပျော်ရွှင်မှုရှိနေမှ အလုပ်ကိုလည်းထိထိရောက်ရောက် အာရုံစိုက်လုပ်ကိုင်နိုင်မှာဖြစ်ပါတယ်။

(၁၄) အလုပ်ပိတ်ရက်
- သင့်ရဲ.အလုပ်ပိတ်ရက်တွေမှာ မတူညီတဲ့အားကစားတွေ၊ စိတ်အပန်းဖြေသွားလာမှုတွေနဲ. ၀ါသနာပါတဲ့အရာလေးတွေကို ပြုလုပ်ပါ။ အဲ့ဒီ့အရာလေးတွေကသင့်ကို အကောင်းဆုံးတွေစွမ်းဆောင်နိုင်အောင် ခွန်အားတွေပေးနိုင်ပါတယ်။

(၁၅) စာနာထောက်ထားတတ်တဲ့စိတ်
- တခါတလေ မကောင်းတာပြောတတ်တဲ့သူ၊ မကောင်းတာတွေးတတ်သူတွေကိုလည်း နားလည်ပေးပါ။ စာနာပေးပါ။ သူတို.တွေမှာလည်းသူတို.အကြောင်းပြချက်နဲ.သူတို.ရှိနိုင်ပါတယ်။

(၁၆) ရုံးတွင်းစည်းကမ်း
- စည်းကမ်းတွေကိုအရမ်းကြီးစိတ်မပူသင့်သလို အမြဲလည်းပေါ့ပေါ့လျော့လျော့မတွေးသင့်ပါဘူး။

(၁၇) ဝေဖန်မှု
- တခြားလူတွေကိုယ့်ကိုဝေဖန်တာတွေကိုလည်း လစ်လျူရှုမထားပါနဲ.။ အဲ့ဒီ့ဝေဖန်မှုတွေအပေါ်ကနေ ကိုယ့်ကိုယ်ကိုပြင်ဆင်စရာရှိတာတွေကိုပါကောင်းမွန်အောင်ထပ်ပြင်ဆင်ပါ။

(၁၈) အလိုက်သင့်နေထိုင်မှု
- စီးပွားရေးလုပ်ငန်းဆိုတာ အမြဲပြောင်းလဲမှုတွေရှိပါတယ်။ သင့်အနေနဲ.ပြောင်းလဲမှုတွေအပေါ်မှာ အလိုက်သင့်ပြောင်းလဲနေထိုင်လုပ်ကိုင်တတ်မှ အောင်မြင်မှုကတည်တံ့နေမှာလည်းဖြစ်ပါတယ်။

Wilson Chan (YK)

https://www.facebook.com/Work.com.mm/photos/a.359562060790938.85922.3276

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...