စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အေးချမ်းပျော်ရွှင်တဲ့ ဘ၀တစ်ခု ပိုင်ဆိုင်နိုင်ဖို့ဒီနည်းလေးတွေ ကျင့်သုံးကြည့်ရအောင်


ကျွန်ုပ်တို့ရဲ့ လက်ရှိမျိုးဆက်ဟာ နည်းပညာတိုးတက်မှုနှုန်း တရှိန်ထိုးမြင့်မားနေချိန် ဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ အသက်ရှုသံလေးကို ခဏတာဂရုစိုက်ကြည့်ပြီး ရိုးရှင်းတဲ့ အချိန်လေးတစ်ခု ပိုင်ဆိုင်နိုင်ဖို့ဆိုတာဟာ အထိမ်းအမှတ်တစ်ခုလို့ ဆိုရမလောက်ကို အားထုတ်နေရပါတယ်။

ကျွန်ုပ်တို့ရဲ့ လက်ရှိမျိုးဆက်ဟာ နည်းပညာတိုးတက်မှုနှုန်း တရှိန်ထိုးမြင့်မားနေချိန် ဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ အသက်ရှုသံလေးကို ခဏတာဂရုစိုက်ကြည့်ပြီး ရိုးရှင်းတဲ့ အချိန်လေးတစ်ခု ပိုင်ဆိုင်နိုင်ဖို့ဆိုတာဟာ အထိမ်းအမှတ်တစ်ခုလို့ ဆိုရမလောက်ကို အားထုတ်နေရပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘ၀ဟာ တနေ့ထက်တစ်နေ့ ပိုရှုပ်ထွေးလာပါတယ်။

တစ်ခါတစ်လေတော့လည်း ဒီနည်းပညာခေတ်ကြီးထဲမှာ အေးဆေးပြီး ရိုးရှင်းတဲ့ ဘ၀လေးကို တောင့်တမိတတ်ပါတယ်။ ဒီတော့ ရိုးရှင်းတဲ့ ကိုယ့်ရဲ့ဘ၀လေးကို ပြန်လည်ခေါ်ယူနိုင်ဖို့ အခုဖော်ပြပေးမယ့် အချက်(၁၀)ချက်ကို လိုက်နာကြည့်ရအောင်။

(၁) အလိုနည်းပါ ။

ကျွန်ုပ်တို့ကျင်လည်နေတဲ့ပတ်ဝန်းကျင်က အမြဲတစေ သင်ပေးတတ်တာ များပြားခြင်းက ကောင်းတယ်လို့ပေါ့။ ဒါပေမယ့် ရုပ်ဝတ္တုပစ္စည်းတွေ များပြားနေတာဟာ ပျော်ရွှင်ခြင်းလို့ မဆိုနိုင်ပါဘူး။ အဲဒီအစား ကျွန်ုပ်တို့ တကယ်လိုအပ်တဲ့ အရာကိုသာ ရှာဖွေသင့်ပါတယ်။ ပစ္စည်းတွေနောက် များများလိုက်လေ ပျော်ရွှင်မှုနဲ့ များများဝေးလေပါပဲ။ ဒီတော့ ကိုယ့်ဘ၀နဲ့ ကိုက်ညီတဲ့ အရာအချို့ကိုသာ လက်ဝယ်ပိုင်ဆိုင်နိုင်အောင် ကြိုးစားပါ။

(၂) အကောင်းမြင်စိတ်မွေးပါ ။

နေ့တိုင်းလုပ်ဆောင်နေရတဲ့ လူမှုရေးဆိုင်ရာ တာဝန်ဝတ္တရားတွေနဲ့ မျှော်လင့်ချက်ခပ်ကြီးကြီး တွေနဲ့ သင်ဟာ အားထုတ်မှုမှန်သမျှကို အကောင်းမြင်နေတတ်ဖို့တော့ အတော်လေးခဲယဉ်းပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုတော့ အားလုံးကို သင့်လောက်စိတ်တိုင်းမကျ နိုင်တာပဲ ဖြစ်ပါတယ်။ ဒီတော့ ချစ်ခင်နှစ်သက်စိတ်နဲ့ အတော်များများကို ရှုမြင်နိုင်အောင် ကြိုးစားကြည့်ပြီး ကောင်းတဲ့ဘက်က လှည့်တွေးပေးခြင်းက သင့်စိတ်နှလုံးကို အေးချမ်းစေမှာပါ။

(၃) အလုပ်ကို ဖိအားနည်းနည်းနဲ့ လုပ်ဆောင်ပါ။

အလုပ်အတွက် စိုးရိမ်ပူပန်ရတယ်ဆိုတာ တကယ့် စိတ်ဖိစီးမှုအစစ်အမှန်ပါ။ ကျွန်ုပ်တို့တွေ ထဲက အားလုံးနီးပါးဟာ တစ်နေ့မှာတစ်ကြိမ်တော့ အလုပ်ကြောင့် ဖိအားကြုံရတတ်ပါတယ်။ ဒါတွေ ကျွန်ုပ်တို့ရဲ့ လိုတာထက်ပိုပြီး ယှဉ်ပြိုင်လိုမှု ၊ အရည်အချင်း မပြည့်ဝမှုနဲ့ မနာလိုစိတ်စတဲ့ အနှုတ်လက္ခဏာဆောင်နဲ့ စိတ်ခံစားမှုတွေကြောင့် ဖြစ်ရတာပါ။ ဒါတွေက ကျွန်ုပ်တို့ကို တကယ်ပျော်ရွှင်စေတဲ့ အလုပ်နဲ့ ဝေးကွာစေပါတယ်။ ဒါကြောင့် ဖော်ပြခဲ့တဲ့ စိတ်ထားလေးတွေကို တတ်နိုင်သမျှ ရှောင်ကျဉ်ခြင်းဖြင့် အေးချမ်းတဲ့ အလုပ်ခွင်လေး ပိုင်ဆိုင်နိုင်မှာပါ။

(၄) အားလပ်ချိန် ယူပါ။

ဒီအကြံပြုချက်ကတော့ အတော်များများ အသုံးပြုလိုက်နာကြပြီးသားပါ။ နှစ်တစ်နှစ်ရဲ့ လေးလလောက် ကြာတဲ့အချိန်တိုင်းမှာ ဒီလိုအားလပ်ရက်ယူပေးခြင်းက စိတ်ကိုပြန်လည် နုပျိုစေပါတယ်။ နည်းပညာနဲ့သာ သူငယ်ချင်းအသိုင်းအ၀ိုင်းကြားမှာ ကျင်လည်နေရာကနေ တကယ့် ကမ္ဘာစစ်ထဲမှာ တွေ့ဆုံဖို့ကြိုးစားကြည့်ပါ။ တီဗီဇာတ်လမ်းတဲတွေနဲ့ အချိန်ကုန်နေမယ့်အစား သင့်မြို့ထဲမှာရှိတဲ့ စိတ်ပါရာ အနုပညာသင်တန်းတစ်ခုခု တက်ဖို့ ကြိုးစားကြည့်ပါ။

(၅) ချစ်ရသူတွေနဲ့ အချိန်ဖြုန်းပါ။

အခုခေတ်မှာက အလုပ်များများလုပ်လေ ပါတီများများတက်လေဆိုတဲ့ လူနေမှုပုံစံထဲ ရောက်နေကြပါတယ်။ ဒီတော့ ကျွန်ုပ်တို့ ချစ်ခင်ရပြီး ကျွန်ုပ်တို့အပေါ် သံယောဇဉ်ရှိတဲ့ မိသားစုနဲ့ ဝေးကွာနေရပါတယ်။ ဒါကြောင့် ကျွန်ုပ်တို့ရဲ့ လှုပ်ရှားမှု အချိန်ဇယားကို တခါပြန်ပြောင်းပြီး ချစ်ခင်သူတွေကို အချိန်ပေးကြည့်ရအောင်။ သူတို့ရဲ့ နွေးထွေးမှု ၊ ဂရုစိုက်မှုနဲ့ ချစ်ခင်ကြင်နာမှု တွေက ဘယ်ပါတီပွဲမှာမှ မရနိုင်တဲ့ စိတ်နှလုံး ငြိမ်းအေး ချမ်းသာမှုတွေပါပဲ။

TrendMyanmar

https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.120

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...