စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သိပ္ပံပညာရှင်များ ဖန်တီးပုံဖော်သော ကမ္ဘာ့အလှဆုံး အမျိုးသား၊ အမျိုးသမီးမျက်နှာ




Ref :: Mirror
ဗြိတိန်နိုင်ငံက လူတစ်ရာရဲ့အ မြင်ကို စစ်တမ်းကောက်ယူမှုပြုလုပ်ပြီး Kent တက္ကသိုလ်က ဒေါက်တာခရစ္စဆိုလို မွန် နဲ Samsung ကုမ္ပဏီတို့ရဲ့ ပူးပေါင်း လေ့လာမှုကနေ ကမ္ဘာ့အလှဆုံးအမျိုးသား နဲ့ အမျိုးသမီးမျက်နှာနှစ်ခုကို ဖန်တီးခဲ့ကြ ပါတယ်။

ဒေါက်တာခရစ္စဆိုလိုမွန်ဦး ဆောင်တဲ့ သိပ္ပံပညာရှင်များအဖွဲ့ဟာ စစ် တမ်းကောက်ယူမှုမှာပါဝင်တဲ့ လူတစ်ရာ ကို ၄င်းတို့ကြိုက်နှစ်သက်တဲ့ အနုပညာ ရှင်တွေကို ရွေးချယ်စေခဲ့ပါတယ်။နောက် ပြီး ၄င်းတို့ကြိုက်နှစ်သက်တဲ့ အနုပညာ ရှင်တွေရဲ့မျက်နှာက ဆွဲဆောင်မှုအရှိဆုံးအ စိတ်အပိုင်းကိုလည်း ရွေးချယ်စေခဲ့ပါ တယ်။

နောက်ဆုံးမှာတော့ နာမည်ကျော် အနုပညာရှင်များရဲ့ လူကြိုက်အများဆုံး မျက်နှာအစိတ်အပိုင်းတွေကို ပေါင်းစပ်ပြီး ဒီဇိုင်းနည်းပညာနဲ့ အလှပဆုံးလို့သတ်မှတ် နိုင်တဲ့ မျက်နှာနှစ်ခုကို ဖန်းတီးခဲ့ကြပါတယ်။

ကမ္ဘာ့အလှဆုံးမျက်နှာအဖြစ် စစ်တမ်း ကောက်ယူဖန်တီးထားတဲ့ မျက်နှာနှစ်ခု စလုံးဟာ အသားအရေ အဖြူရောင်ဖြစ်ပြီး မိမိနှစ်သက်ရာ အနုပညာရှင်များကို ရွေး ချယ်စေတဲ့နေရာမှာလည်း ရွေးချယ်ကြသူ များက အသားအရေဖြူတဲ့လူတွေကိုသာရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။

https://www.facebook.com/yangonmediagroup/posts/953390194679901 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...