စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ချစ်သူ တစ်ယောက်ရလျှင် သူငယ်ချင်းကောင်း ၁ ယောက် ဆုံးရှုံး





Oxford University မှာ ရှိတဲ့ Institute of Cognitive and Evolutionary Anthropology မှ သုတေသန ပညာရှင်များရဲ့ ထုတ်ပြချက်အရ အမျိုးသားနဲ့ အမျိုးသမီးတွေဟာ ချစ်သူရည်းစားတွေ ရရှိသွားပြီဆိုရင် သူတို့မှာ အခင်မင် အရင်းနှီးရဆုံး Close Friend များ ထပ်တူထပ်မျှ ဆုံးရှုံးရကြောင်း ဆိုပါတယ်။

ဆုံးရှုံးရမှုအရေအတွက်က ၂၀ ရာခိုင်နှုန်း ဖြစ်ပါတယ်။ ဥပမာ မိမိမှာ တိုင်ပင်အပေါ် တိုင်ပင်ဘက် အရင်းနှီးဆုံး မိတ်ဆွေ ၅ ဦးရှိရင် ကိုယ်က ချစ်သူရည်းစားရတဲ့အခါ ယင်းထဲမှာ တစ်ယောက် လျော့သွားပါတယ်။ မိမိရဲ့ ချစ်သူ အစားဝင်လာခြင်း သဘောလည်း သက်ရောက်ပါတယ်။ ယင်းဟာ ပျမ်းမျှယူထားခြင်းပါ။ အချို့ဆိုရင် ချစ်သူ ရည်းစားရတာနဲ့ မိမိရဲ့ အရင်းနှီးရဆုံး မိတ်ဆွေ သူငယ်ချင်း အားလုံးနီးပါး ဆုံးရှုံး ရသူများလည်း ရှိပါတယ်။

ဒီတော့ ပျှမ်းမျှအားဖြင့် ကြည့်လိုက်ရင် ကောင်လေး၊ ကောင်မလေး ၂ ယောက်သား ကြိုက်ကြပြီ ဆိုရင် အရင်းနှီး ချစ်ခင်ရဆုံး သူငယ်ချင်းကောင်း ၂ ယောက်ကိုလည်း သူတို့ဟာ တစ်ပြိုင်နက်တည်း ဆုံးရှုံးရခြင်း ဖြစ်ပါတယ်။ အကယ်၍ မဟုတ်ရင်လည်း ယင်းကို Balance ဖြစ်အောင် ထိန်းထားဖို့ ဆိုတာလည်း လွယ်တဲ့ ကိစ္စ မဟုတ်ပါဘူး။ အဓိကအားဖြင့် အချိန်ပေးရမှုဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာကပါ မိတ်ဆွေသူငယ်ချင်းဘက် မရောက်နိုင်တော့တာကြောင့် ဆုံးရှုံးရခြင်း ဖြစ်ကြောင်း ဆိုပါတယ်။

ဒါကြောင့်မို့ ချစ်သူရည်းစားတွေ ရှိနေကြသည့်တိုင် ဘဝမှာ အရေးပါတဲ့ မိတ်ဆွေ အပေါင်းအသင်းကောင်းများလည်း မဆုံးရှုံးရစေဖို့ ရေးသား တိုက်တွန်းလိုက်ရ ပါတယ်။
.
Ref: dyknow
အောင်ခမ်း (ရိုးရာလေး)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...