စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အဆစ်နာရောဂါအတွက် စားသင့်သောအစားအစာများ



သင့်ခန္ဓာကိုယ်၏ အဆစ်များမှာ အားများကို ခံနိုင်ရည်ရှိအောင် တည်ဆောက်ထားသည်။ အဆစ်တစ်ခုစီတွင် အရိုးစုများကို အခုအခံပြုပေးပြီး အာဟာရဖြည့်ပေးသည့် ပျစ်ခဲသော အရည်များနှင့် ပြည့်နေသည့် အခန်းငယ်တစ်ခုပါဝင်သည်။

ကျန်းမာရေးနှင့်မညီသော အစားအစာများစားခြင်း၊ အသက် အရွယ်နှင့် မျိုးရိုးဗီဇဆဲလ်များကြောင့် အရိုးစုဆဲလ်များ ကျိုးပဲ့သွား နိုင်ပြီး ပျစ်ခဲသော အရည်များခဲသွားနိုင်ကာ ရောင်ရမ်းမှုဖြစ်ပေါ်လာ ခြင်းကြောင့် နာကျင်မှုကို ခံစားရတတ်သည်။ သို့သော် အဆစ်များ အားကောင်းစေရန် စားပေးနိုင်သည့် အစားအစာများ ရှိပါသည်။

သံလွင်ဆီကို အစားအစာများတွင် ထည့်သွင်းစားသုံးပေးခြင်း ဖြင့် အဆစ်များထဲရှိ ပျစ်ခဲသော အရည်များတွင် ပရိုတိန်းပါဝင်မှု ကို သိသိသာသာမြင့်တက်လာစေပြီး ချောဆီအဖြစ် ဆောင်ရွက်ပေး ကာ အရိုးနုများကို ကာကွယ်ပေးနိုင်ကြောင်း အီတလီနိုင်ငံ ကာတာ နီးယားတက္ကသိုလ်မှ သုတေသီများက ပြောသည်။

အချဉ်ဖောက်ထားသော နို့ကိုစားသုံးပေးခြင်းကြောင့်လည်း အဆစ်များ နာကျင်မှုကို လျှော့ချပေးနိုင်ပြီး ရောင်ရမ်းမှုကို လျော့ ကျစေကြောင်း လေ့လာမှုတစ်ရပ်က ဖော်ပြသည်။ အချဉ်ဖောက် ထားသော နို့များတွင် ကျန်းမာရေးနှင့်ညီသော ဘက်တီးရီးယားများပါဝင်သဖြင့် သစ်သီးများနှင့် ရောစပ်၍ စားသုံးသင့်သည်ဟု သုတေသီများက ပြောသည်။
လိမ္မော်သီးခွံမှ ထုတ်ယူထားသော အဆီကို နေ့တိုင်းသီတင်း ရှစ်ပတ်အထိ စားပေးခြင်းဖြင့် ဒူးနာသက်သာစေပြီး ရောင်ရမ်းမှုကို လျော့ကျစေနိုင်ကြောင်း သိရသည်။ လိမ္မော်သီးတစ်လုံးလုံး (အခွံ အပါအ၀င်) စားသုံးပေးသင့်သည်။

ဆယ်လ်မွန်ငါးများ စားပေးခြင်းဖြင့် အဆစ်ရောင်ရမ်းမှုကို လျော့ကျစေနိုင်သည်။ လတ်ဆတ်သော ငါးများကိုသာ စားသင့်ပြီး စည်သွတ်ထားသော ငါးများတွင် အိုမီဂါဓာတ်များသာ ပါဝင်သည်။
နနွင်းအဆီကို နေ့တိုင်း သီတင်းခြောက်ပတ်အထိ စားပေးခြင်း ဖြင့် အဆစ်အမြစ်များ မသက်မသာ ဖြစ်နေခြင်းကို သက်သာစေ သည်။ နနွင်းတွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုး ကြွယ်ဝစွာပါ ၀င်ပြီး အရိုးစုဆဲလ်များ ရောင်ရမ်းမှုကို လျှော့ချပေးနိုင်သည်။ ထမင်း၊ ဟင်းနှင့်အသုပ်များ စီမံရာတွင် နနွင်းထည့်သွင်း၍ စားသောက်ပေးခြင်းဖြင့် အဆစ်များအားကောင်းလာစေမည်ဖြစ်သည်။
Ref: Prevention
http://7daydaily.com/story/33814#.VTfDs5MXW1k

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...