စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အားလပ်ရက်မှာ သောက်ဖို့ လာခေါ်တဲ့သူတိုင်းကို ငြင်းသာငြင်းလိုက်ပါ

ငြင်းကြမှာလား 


ပိတ်ရက်လေးတော့ ယမကာလေး သုံးစွဲပြီး အနားယူလိုက်ချင်ကြမှာပါပဲ။ အရက်စွဲနေတာမျိုး မဟုတ်ပေမဲ့ ပိတ်ရက်တွေတိုင်းသောက်ရင် ရေရှည်မှာ DNA ပျက်စီးနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက လေ့လာတွေ့ရှိခဲ့ပါတယ်။

UPV/EHU တက္ကသိုလ် သုတေသီတွေ ဦးဆောင်မှုနဲ့အတူ Autonomous တက္ကသိုလ် သုတေသီတို့ ပူးပေါင်းပြီး ရုံးပိတ်ရက်မှာ ယမကာသုံးစွဲခြင်းဟာ DNA ကိုထိခိုက်နိုင်တယ်ဆိုတာကို ဖော်ညွှန်းခဲ့ကြပါတယ်။ အဆီကွန်ပေါင်းတွေ ပေါင်းစပ်ပါဝင်တဲ့ ဆဲလ်အလွှာတွေနဲ့ မျိုးဗီဇဆိုင်ရာ DNAအပေါ် ထိခိုက်နိုင်မှုအကြောင်းကို လေ့လာသုံးသပ်ခဲ့ကြတာပဲဖြစ်ပါတယ်။

“လူငယ်တွေ အရက်ကို မတော်အရော် သုံးစွဲမှုအကြောင်း ပြောမယ်ဆိုရင်၊ အရက်မစွဲဘဲ အရက်သောက်တဲ့ လူငယ်တွေကို ညွှန်းရမှာပါပဲ။ လူမှုရေးအရရော၊ စိတ်ပညာအရပါ ဆွေးနွေးပြောဆိုရမယ့် ရှုပ်ထွေးတဲ့ အပိုင်းတွေ ပါလာပြီ။ အရက်ကို အဖွဲ့လိုက် မတော်အရော် သုံးစွဲတာပဲ။ ရေရှည်မှာ ထိခိုက်နိုင်တဲ့အတွက် သတိထားကြရမယ်။” လို့ သုတေသီတွေက ဆိုပါတယ်။

ဒီဆောင်းပါးကို Alcohol ဂျာနယ်ကနေ တွေ့ရှိရတာပါ။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ ရဲ့ အချက်အလက်တွေအရ၊ ကမ္ဘာတစ်လွှား နှစ်စဉ်သေဆုံးမှုနှုန်း ၂ ဒဿမ ၅သန်းဟာ အရက်ကြောင့်လို့ သိရပါတယ်။ အဲ့ဒီ့ထဲကမှ အသက် ၁၉နှစ်ကနေ ၂၅နှစ်အတွင်း လူငယ်ပေါင်း ၃သိန်း၂သောင်းဟာ အရက်ကြောင့် ရုပ်ပိုင်းအရရော၊ စိတ်ပိုင်းအရပါ ထိခိုက်နေရပါတယ်။ အရက်ကို ရေရှည်သောက်သုံးတဲ့ သူတွေမှာတော့ အသည်းထိခိုက်မှု၊ ကင်ဆာရောဂါ အမျိုးမျိုး၊ စိတ်ကျမှု နဲ့ အာရုံကြောစနစ် ချို့ယွင်းမှု စတဲ့ ရောဂါလက္ခဏာတွေပြပါတယ်။ ကျန်းမာတဲ့ လူငယ်တွေ အနေနဲ့ အရက်ရဲ့ ထိခိုက်မှုကို မခံရလေအောင် ပိတ်ရက်မှာ ယမကာ လုလင်တွေ မလုပ်ကြဖို့ သုတေသီတွေက သတိပေးထားပါတယ်။


TrendMyanmar

https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.12061

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...