စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဒေါ်အောင်ဆန်းစုကြည်၏ နှစ်သစ်ဆုတောင်းစကား


 

တနှစ်နဲ့တနှစ်ပြောင်းသွားတဲ့အခါကျတော့ နှစ်သစ်ကူးချင်း နှစ်သစ်ကူးချင်းက မတူပါဘူး။ ဒါပေမယ့် တခုတူတာဘာလဲဆိုတော့ နှစ်သစ်ကူးအချိန်မှာဆိုရင် အားလုံးကနေပြီးတော့ ဒီနှစ်သစ်ဟာနှစ်ဟောင်းထက်ပိုပြီးတော့ ချမ်းမြေ့ပါစေ နှစ်ဟောင်းထက်ပိုပြီးတော့ ကောင်းမွန်ကြပါစေလို့ ဆုတောင်းကြတာချည်းပါပဲ။ ကျွန်မလည်း ဒီအတိုင်းပါပဲ။ 

ကျွန်မတို့နိုင်ငံအတွက် နှစ်သစ်ဟာနှစ်ဟောင်းထက်ပိုပြီးတော့ ကောင်းစေချင်တယ်။ နှစ်သစ်တိုင်း နှစ်သစ်တိုင်ဟာ နှစ်ဟောင်းတိုင်း နှစ်ဟောင်းတိုင်းထက် ပိုပိုပြီးတော့ ကောင်းသွားတယ်ဆိုတာ တကယ် ဒီနိုင်ငံဟာတိုးတက်နေတယ်ဆိုတာကို ပြတာပဲ။ ဒါပေမယ့် ဒါတွေဟာ ကျွန်မတို့ကြိုးစားမှရမယ်ဆိုတာ ကျွန်မ ခဏခဏ ပြောပါတယ်။

 အဲတော့ တိုတိုနဲ့နှစ်သစ်အတွက် ဆုတောင်းပေးရမယ်ဆိုရင် ကျွန်မနဲ့ ကျွန်မတို့နိုင်ငံရဲ့ ပြည်သူလူထုဟာ နိုင်ငံ့အကျိုးအတွက် ဆန္ဒတထပ်တည်းဖြစ်ပြီးတော့ ကျွန်မတို့ရဲ့ဆန္ဒတွေ ကျွန်မတို့ရဲ့လိုအပ်ချက်တွေ ကျွန်မတို့ရဲ့ မျှော်လင့်ချက်တွေကို ကြိုးစားအားထုတ်ခြင်းအားဖြင့် အကောင်အထည်ဖော်နိုင်ပါစေလို့ ဆုတောင်းမေတ္တာပို့ပါတယ်။
 အားလုံးနှစ်သစ်ကူးမှာ ကျန်းမာချမ်းသာကြပါစေ။ ဘေးဘယာ ဝေးကွာကြပါစေ။ ကောင်းကျိုးလိုရာဆန္ဒ အ၀၀နဲ့ပြည့်စုံကြပါစေ။

 https://www.facebook.com/NewsWatchJournal/photos/a.343944972309977.69916.343551955682612/843427215695081/?type=1&theater

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...