စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အမျိုးသားများသဘောကျသည့် (၁၀) ချက်


1. Luscious Looks

များသောအားဖြင့် ယောင်္ကျားလေးတွေ မိန်းကလေးတစ်ယောက်ကို မြင်တဲ့အခါ မျက်နှာလေးကိုကြည့်ပြီး လှမလှဆုံးဖြတ်တတ်ကြပါတယ်။ မိန်းကလေးကလည်း မျက်နှာကိုဂရုစိုက်ပြင်သွားမှာဆိုတော့ ဒီအချက်ကို အထူးပြောစရာမလိုပါဘူး။ တကယ်လို့ သူကကိုယ့်ကို နောက်ကနေ စတွေ့လိုက်မယ်ဆိုရင်ရော ??? တချို့ယောင်္ကျားလေးတွေက မိန်းကလေးတစ်ယောက်ကို နောက်ကတွေ့လိုက်ရုံနဲ့ ဒီမိန်းကလေးလှမလှသိနိုင်တယ်တဲ့။ ဘာကြောင့်လဲသိလား ?? ဆံပင်ကြောင့်ပေါ့။ မိန်းကလေးရဲ့ဆံပင်ဟာ သူ့ကိုယ်သူဂရုစိုက် မစိုက်ဆိုတာ သိနိုင်တဲ့ပုံသေနည်းတစ်ခုပဲနော်။ ဒါကြောင့် သင့်ဆံပင်တွေကို ပျော့ပျောင်းနူးညံ့တောက်ပနေအောင် ဂရုစိုက်ရမယ်။ သင့်ဆံပင်ကို ဖြောင့်စက်ဆွဲဖို့ (သို့) ကောက်ဖို့ အချိန်မရဘူးဆိုရင်တောင် ဆံပင်ကို သေသေချာချာ ဖီးပြီး သပ်သပ်ရပ်ရပ်ဖြစ်နေပါစေ။ သင့်ဆံပင်လေးတွေက မွှေးပျံ့ပြီး ပိုးသားလိုဖြစ်နေမယ်ဆိုရင် သင့်ကိုတွေ့တာနဲ့ သဘောကျသွားမှာနော်။

2. Perfect Posture

မိန်းကလေးတစ်ယောက်အနေနဲ့ ကိုယ်ဟန်အနေအထားကလည်း အရမ်းအရေးကြီးတယ်နော်။ သင့်ရဲ့ခန္ဓာကိုယ်လေးကမတ်ပြီး မျက်နှာလေးနဲနဲမော့နေမယ်ဆိုရင် သင်ဟာကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိပြီး ဆွဲဆောင်မှုလည်းရှိတဲ့ မိန်းကလေးတစ်ယောက် လို့ပြောသလိုပဲနော်။ ဒီလိုမိန်းကလေးမျိုးဟာ လူတွေအများကြီးကြားထဲမှာ ထင်းခနဲပေါ်နေတာပေါ့။ သင်ကိုယ်တိုင်ပဲစဉ်းစားကြည့်ပေါ့။ လူကခပ်ကိုင်းကိုင်း၊ ပခုံးလျှော၊ အားမရှိတဲ့ပုံနဲ့ ကမ္ဘာကြီးတစ်ခုလုံးကို ထမ်းထားရသလို ပုံစံမျိုးနဲ့ လူတစ်ယောက်ကို သဘောကျပါ့မလား။ ဒါကြောင့် ခုပဲ သင့်ရဲ့ကိုယ်နေကိုယ်ထားကို သတိထားပြုပြင်လိုက်နော်။ ဒါမျိုးက အကျင့်ဖြစ်နေမှ ကြည့်ရ အဆင်ပြေမှာပါ။ လိုတဲ့အချိန်မှ အတင်းလုပ်ယူထားရရင် သက်သောင့်သက်သာရှိမှာ မဟုတ်ဘူးနော်။ ကြည့်ရတာလည်း အဆင်ပြေမှာမဟုတ်ဘူး။

x3. Your Friends

သင်နဲ့ ခုမှစတွေ့တဲ့ ယောင်္ကျားလေးဟာ သင့်ကိုသာမက သင့်သူငယ်ချင်းတွေကိုလည်း အကဲခတ်တတ်တယ်နော်။ တကယ်လို့ သင့်သူငယ်ချင်းတွေဟာ အိနြေ္ဒမရှိ ရိုင်းတယ်ဆိုရင် သင့်ကိုလည်းအဲ့လိုပဲ ထင်သွားမှာနော်။ ဒါကြောင့် သင့်မှာအဲ့လိုသူငယ်ချင်းတွေရှိတယ်ဆိုရင် သူတို့နဲ့ ကြိုညှိထားဖို့ လိုတယ်နော်။ ဒါမှမဟုတ်ရင်လည်း ကောင်လေးနဲ့တွေ့မယ့်နေရာကို လူတိုင်းနဲ့ လိုက်လျောညီထွေ ဆက်ဆံတတ်တဲ့ သူငယ်ချင်းကို ခေါ်သွားလိုက်ပါ။ အကောင်းဆုံးနည်းလမ်းကတော့ …. မိမိကိုယ်ကိုထိန်းသိမ်း စောင့်ရှောက်နိုင်ပြီး တွေ့မည့် ယောင်္ကျားလေးကလည်း ယုံကြည်စိတ်ချနိုင်လောက်တဲ့ အနေအထားဆိုရင်တော့ တစ်ယောက်တည်းသွားလိုက်တာ ပိုပြီးကောင်းပါတယ်။
4. Your Pout

ယောင်္ကျားလေးတွေဟာ စတွေ့တွေ့ချင်း မိန်းကလေးရဲ့နှုတ်ခမ်းကိုလည်း သတိထားမိတတ်ကြသတဲ့။ ကောင်မလေးရဲ့ နှုတ်ခမ်းလေးက ထူလား၊ ပါးလား၊ ဘာအရောင်လဲ၊ နှုတ်ခမ်းလှလားပေါ့။ သင့်ရဲ့နှုတ်ခမ်းလေးက နူးညံ့ ရွှန်းစိုနေပြီး ပန်းနုရောင်လေးပြေးနေမယ်ဆိုရင်တော့ အမှတ်ပြည့်ပဲနော်။ အကြံပြုချင်တာလေး တစ်ခုကတော့ မိန်းကလေးတိုင်း မိမိအမြဲတစေ ယူသွားမည့် အိတ်ထဲမှာ နှုတ်ခမ်းနီတောင့်တစ်တောင့် ဒါမှမဟုတ် နှုတ်ခမ်းကိုရွှန်းစိုစေတဲ့ နှုတ်ခမ်းအလှဆီ တစ်တောင့်လောက်တော့ ဆောင်ထားသင့်တယ်နော်။

x5. Your Smile

ပြုံးပြုံးရွှင်ရွှင်နေတတ်တာကလည်း ဆွဲဆောင်မှုတစ်ခုပါပဲ။ ဒါပေမဲ့ ဟန်ဆောင်ပြုံးက အလုပ်မဖြစ်ဘူးနော်။ ဒါကြောင့် စိတ်ပေါ့ပေါ့ပါးပါးနဲ့ အမြဲပြုံးပြုံးရွှင်ရွှင်ဖြစ်အောင် ကြိုးစားပါ။ ဒါကနှစ်လိုဖွယ်ကောင်းခြင်းရဲ့ ပြယုဒ်ပဲနော်။ ပြီးတော့ သင့်သွားလေးတွေ ဖြူဖွေးပြီး ခံတွင်းနံ့မရှိအောင် ဂရုစိုက်ပါ။ အပြုံးလေးလှလှကလည်း စွမ်းတယ်ဆိုတာ မမေ့ပါနဲ့ ။
6. What You Carry Around

မယုံမရှိနဲ့နော်။ သင့်အိတ်ထဲကပစ္စည်းတွေနဲ့ သင်နဲ့အတူရှိနေတဲ့ ပစ္စည်းတွေဟာလည်း သင်ဘယ်လိုလူလဲဆိုတာကို ပြောပြနိုင်ပါတယ်။ သင့်အိတ်ထဲမှာ အလှကုန်ပစ္စည်းတွေနဲ့ ပြည့်နေတာက သင်ဟာအရမ်းအလှကြိုက်တဲ့ ကောင်မလေးဆိုတာကို ပြောပြနေတယ်နော်။ သင့်လက်ထဲက စာအုပ်တွေကိုကြည့်ပြီးတော့ သင်ဟာ အေးအေးဆေးဆေးနေတတ်တာကို ပြောနေသလို စာအုပ်အမျိုးအစားတွေကလည်း သင်ဟာ ဘာသာရေးလိုက်စားသူလား၊ သင်ယူလေ့လာခြင်းကို စိတ်ဝင်စားသူလားဆိုတာကိုလည်း သိနိုင်တယ်နော်။ ဒါတွေကလည်း ကောင်လေးတွေသတိထားမိတဲ့ အချက်ပါပဲ။
7. High Heels

ဒေါက်မြင့်ဖိနပ်ကို နေ့တိုင်းစီးဖို့ မလိုပါဘူး။ ဒါပေမဲ့ ဒေါက်ဖိနပ်စီးတဲ့မိန်းကလေးတွေကို ယောင်္ကျားလေးတွေက ပိုသတိထားမိတာကိုတော့ မမေ့နဲ့နော်။ ဒေါက်မြင့်ဖိနပ်တွေက သင့်ကိုပိုဆွဲဆောင်မှု ရှိစေပါတယ်၊ ပိုထင်ရှားစေပါတယ် ပြီးတော့ ကိုယ့်ကိုယ်ကို ပိုပြီးတော့ယုံကြည်မှုရှိစေပါတယ်။ ဒါကြောင့် ဒေါက်ဖိနပ်တွေကို တစ်ပတ် ၂ကြိမ်တော့ စီးပေးပါ။ မိမိရဲ့ အရပ် အနိမ့်အမြင့်ပေါ် မူတည်ပြီး ဒေါက်ဖိနပ်အမြင့်ကိုလဲ မှန်ကန်စွာရွေးချယ်ဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် မိမိစီးထားတဲ့ ဒေါက်မြင့်ဖိနပ်ဟာ စီးထားတဲ့အချိန်မှာ သက်သောင့်သက်သာ ရှိရဲ့လား၊ မိမိခြေထောက်နဲ့ အံဝင်ဂွင်ကျ ဖြစ်ရဲ့လားဆိုတာ ဒေါက်မြင့်ဖိနပ်မ၀ယ်ခင်ထဲက သေချာစီစစ်ဆုံးဖြတ်ပြီးမှ ဝယ်ပါ။
8. How You Strut

မိန်းကလေးတွေရဲ့လမ်းလျှောက်ပုံကိုလည်း ယောင်္ကျားလေးတွေက သတိထားမိတတ်ပါတယ်။ သိမ်မွေ့တဲ့ လမ်းလျှောက်ဟန်က မိန်းကလေးတစ်ယောက်ရဲ့ အလှကို ပြည့်စုံအောင် ထောက်ပံ့ပေးတယ်လေ။ တော်ဝင်မင်းသမီးတွေ ဆိုရင် လမ်းလျှောက်နည်းကိုတောင် သင်ရပါတယ်။ လမ်းလျှောက်ဟန်က အရေးကြီးတယ်ဆိုတာ သိသွားပြီဟုတ် ?? လမ်းလျှောက်ပုံက နွဲ့နှောင်းရမယ်ဆိုလို့ အရမ်းကြီးနွဲ့စရာမလိုဘူးနော်။ ဆတ်တောက်ဆတ်တောက်နဲ့ ကားယားကားယား မဟုတ်ပဲ ခြေလှမ်းမှန်မှန်နဲ့ အိနြေ္ဒရရ ညင်ညင်သာသာလျှောက်ရင် ရပါပြီ။
9. Your Clothes

ယောင်္ကျားလေးတွေ သတိထားကြည့်မိတတ်တဲ့ထဲမှာ အဝတ်အစားလည်း ပါတယ်နော်။ လူရဲ့ပုံစံက အဝတ်အစားပေါ်လည်း အများကြီးမူတည်တယ်ဆိုတာ သူငယ်ချင်းတို့လည်း သိမှာပါ။ မျက်နှာလေးက အရမ်းမလှရင်တောင် ဝတ်တတ်စားတတ်တယ်ဆိုရင် ကြည့်လို့လှတယ်လေ။ အဝတ်အစားကို ကောင်းကောင်းမွန်မွန်ဝတ်ဖို့ လို့ပေမယ့် ဈေးကြီးဖို့မလိုပါဘူး။ ခေတ်မီမီလေးဝတ်ဖို့လိုပေမယ့် ခေတ်ဆန်လွန်းတာလည်း မကောင်းပါဘူး။ ဆွဲဆောင်မှုရှိဖို့လိုပေမယ့် လျှပ်ပေါ်လော်လီတာမျိုးဆိုရင်တော့ လူကို ပေါ့ပျက်ပျက်နဲ့လို့တောင် အထင်ခံရနိုင်တယ်နော်။ ပြီးတော့ ဘယ်လောက်လှတဲ့ အဝတ်အစားပဲဖြစ်ဖြစ် ကိုယ်နဲ့လိုက်ချင်မှ လိုက်တာလေ။ အဲဒီတော့ ကိုယ်နဲ့လည်းလိုက်ဖက် ကြည့်ရလည်းအဆင်ပြေပြီး ခေတ်လည်းမီတဲ့ အဝတ်အစားလေးတွေကို ဝတ်ပါ။ စမတ်ကျကျဝတ်စားတတ်တဲ့သူဆိုရင် အလိုလိုတောင်မှ လူရှိန်တယ်ဆိုတော့ ဒီအချက်ကိုလည်း ဂရုစိုက်သင့်တယ်နော်။
10. Your Attitude

ယောင်္ကျားလေးက မိန်းကလေးကို အကဲခတ်တတ်တဲ့ အရေးကြီးဆုံးအရာကတော့ စိတ်နေသဘောထားပါပဲ။ မိန်းကလေးတစ်ယောက်ဟာ နတ်သမီးလိုလှနေပါစေ၊ ကမ္ဘာကျော်မင်းသမီးတွေလို ဆွဲဆောင်မှုရှိနေပါစေ၊ စိတ်ထားမကောင်းရင် ဇာတ်လမ်းမစခင် ပြီးသွားမှာပါပဲ.. ဘယ်ယောင်္ကျားလေးမှ စုန်းမလိုလူမျိုးနဲ့ မနေချင်ဘူးလေ။ အဲ့တော့ သဘောထားကြီးပြီး အကောင်းမြင်တတ်အောင်လုပ်ပါ။ အားလုံးကို အကောင်းမြင်ရင် စိတ်ညစ်တာတွေလည်းပျောက် ပိုလှပြီး ပိုတောင်အသက်ရှည်လာဦးမယ်။

Credit : shionbeautygypsy

https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.120616274647985/878377005538571/?type=1&theater 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...