စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ငါးနှစ်လုံးလုံး မွေးမယ့် သခင်ကို စောင့်ခဲ့ရတဲ့ ခွေးလေး



အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ တိရစ္ဆာန် ထိန်းသိမ်းရေး စင်တာမှာ အလေအလွင့်နဲ့ ပိုင်ရှင်မဲ့ တိရစ္ဆာန်ပေါင်းများစွာ ပါဝင်ပါတယ်။ ယင်းထဲမှာ ပုံမှာ ပြထားတဲ့ ခွေးလေးလည်း အပါအဝင်ပဲ ဖြစ်ပါတယ်။

pit bull မျိုးစပ် ခွေးငယ်လေးဟာ အစွန့်ပစ်ခံခဲ့ရ ပြီးနောက် ထိန်းသိမ်းရေး စင်တာကို ရောက်ရှိခဲ့ခြင်း ဖြစ်ပါတယ်။ ထိန်းသိမ်းရေး စင်တာဆိုတာ အကောင်တွေကို အိမ်မှာထားသလို ထားတာ မဟုတ်ပါဘူး။ သံလောင်အိမ်ထဲမှာ သိမ်းဆည်းထားပြီး စားချိန်တန် စားဖို့ အစားအသောက်ကို ဝေပေးတဲ့ ထောင်တစ်ခု နီးပါး ပါပဲ။ အဓိက ကတော့ ခွေးတွေရဲ့ ကျန်းမာရေး ကို ဂရုစိုက်ပေး ပါတယ်။ ထိန်းသိမ်းရေး စင်တာ အနေနဲ့လည်း ခွေးတွေကို မွေးမယ့်သူများ ပေါ်အောင် ရှာဖွေပေးပြီး ပြန်လွတ်ပေး ပါတယ်။ သူတို့လေးတွေကို မထားချင် ပါဘူး။

ဒါကြောင့် ပုံမှာမြင်တွေ့နေရတဲ့ ပစ်ဘူးမျိုးစပ် ခွေးပေါက်လေးကို ပိုင်ရှင်ရဖို့အတွက် ကြိုးစားပေးပါတယ်။ ငါးနှစ်တိုင်တိုင် ရှာဖွေလို့ မရတဲ့အဆုံး ထိန်းသိမ်းရေး စင်တာရဲ့ Facebook Page ကနေ ယခုလို ဓာတ်ပုံရိုက်ပြီး တင်ပေးလိုက်တဲ့အခါ ကြည့်ရှုသူ များပြားပြီး မွေးချင်သူများ ဆက်သွယ်ခဲ့ ပါတယ်။ ယခုတော့ ပိုင်ရှင် အသစ်ဆီ ရောက်ရှိခဲ့ပြီး သူ့ပုံလေးကတော့ အင်တနာက်မှာ ချစ်စဖွယ်နဲ့ သနားစဖွယ်လေး ကျန်ရှိခဲ့ပါတယ်။ ပုံထဲက စာကို ဖတ်ကြည့် နိုင်ပါတယ်။
.
Ref: metro
အောင်ခမ်း (ရိုးရာလေး)


https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.171647766

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...