စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မကောင်းဝဲပြီး အကောင်းတွဲကာ ပြောင်းလဲလိုက်ကြပါစို့

 
“သင်္ကန္တ” ဆိုတာ “ကူးပြောင်းခြင်း”တဲ့။အဲဒီကနေ အခုတော့ “သင်္ကြန်”တဲ့လေ။
ဒါလည်းပဲ ပြောင်းလဲခြင်းတစ်မျိုးပါပဲဝေါဟာရပြောင်းလဲခြင်းပေါ့။
သတ်မှတ်ချက်ဆိုတာကလည်း “ပညတ်သဘော”ဆိုတော့ တသမှတ်တည်း ဘယ်ရှိမလဲလေ။
ပြောင်းနေမှာပါပဲ။ မပြောင်းလဲတော့တဲ့ အမှန်သစ္စာကို ရရှိမှပဲ ပြောင်းလဲခြင်းတွေ ရပ်ဆိုင်းသွားကြမှာပါ။

လူဆိုတဲ့ သတ္တဝါသည်ပင်လည်း အမြဲပြောင်းလဲနေပေါ့။ မွေးကတည်းက ပါလာတဲ့ ပြောင်းလဲမှုက အခုဆို
သတ်မှတ်ချက် ပညတ်တွေကြားမှာ တစ်နှစ်ကူးပြောင်းပြန်ပြီလေ

နှစ်တွေသာပြောင်း၊ ရုပ်တွေသာပြောင်း ၊အရွယ်သာ ပြောင်းနေကြတာမဟုတ်။
“စိတ်ဓာတ်နဲ့ လုပ်ရပ်တွေ ”လည်း ပြောင်းနေကြလေရဲ့။

ဒီလိုဆိုတော့ ပြောင်းလဲခြင်းရဲ့ နိယာမ သဘောမှာ အကောင်းတွေ ပြောင်းနိုင်အောင်လည်း ကြိုးစားဖို့လိုပါတယ်။
●မကောင်းကနေ အကောင်းပြောင်း၊
●မဟုတ်ကနေ အဟုတ်ပြောင်း၊
●မလုပ်ကနေ အလုပ်ပြောင်း၊
●မသိကနေ အသိပြောင်း၊
●မမြင်ကနေ အမြင်ပြောင်း စသဖြင့် အားလုံးက အကောင်းတွေဘက် ပြောင်းစေသက်ကြဖို့လည်း လိုပါတယ်။အဓိကကတော့ ဘယ်သူပြောင်းပြောင်း ၊
မပြောင်းပြောင်း ကိုယ်ပြောင်းနိုင်အောင် ကြိုးစားရပါမယ်။

ငယ်တုန်းကလည်း ငယ်တုန်းမို့ အကောင်းတွေဘက် မပြောင်းဖြစ်သေး၊ ပညာသင်တုန်းလည်း ပညာသင်တုန်းမို့ အကောင်းဘက်ကို မပြောင်းဖြစ်သေး၊ စီးပွားရှာချိန်လည်း ရှာနေတုန်းမို့ မပြောင်းဖြစ်သေး၊ မရှိတုန်းကလည်း မရှိလို့၊ ရှိလာပြန်တော့လည်း လိုသလောက် မရှိသေးလို့ စတဲ့ အကြောင်းပြချက်တွေနဲ့ ပြောင်းလဲခြင်းဘက်ကို မလှည့်ဖြစ်သေးရင်
ဘယ်အချိန်ပြောင်းပြီး ဘယ်အချိန်ကောင်းကြမလဲပေါ့။

အကြောင်းပြတွေ တွဲမနေပါနဲ့တော့။ အခုပဲ ကိုယ်ကစပြီး ပြောင်းကြပါစို့။
သူမပြောင်းလည်း ကိုယ်ပြောင်းလဲကြပါစို့။ သူမကောင်းလည်း ကိုယ်အကောင်းတွဲကြပါစို့။
အချိန်မရှိတော့ပါ။ မကောင်းဝဲပြီး အကောင်းတွဲကာ ပြောင်းလဲလိုက်ကြပါစို့။

မေတ္တာဖြင့်
-【ဆရာတော် မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)】

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...