စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အမြင်ကပ်စရာ ဒူးရင်းသီးမှန်တဲ့ မျက်နှာ


စာရေးသူရဲ့ အဖေဖြစ်သူ ငယ်ဘဝက ကြုံရတဲ့ ဖြစ်ရပ်မှန်လေးတစ်ခုပါ။ ရန်ကုန်ကနေ ရွှေညောင်ကို အဖေက ပြန်တော့ ရထားစီးပါတယ်။ တစ်ညအိပ် နှစ်ရက်ခရီးပေါ့။ အတူစီးတဲ့ ရထားတွဲက ဒူးရင်းသီး အများကြီးသယ်လာတဲ့ ခရီးသည်တစ်ဦးပါလာပါတယ်။ ရထားက အရမ်းလှုပ်တော့ အပေါ်မှာ တင်ထားတဲ့ ဒူးရင်းသီးက အခြား ခရီးသည် တစ်ယောက်ရဲ့ မျက်နှာပေါ် တည့်တည့်ကို ကျပါတယ်။ ခပ်စူးစူး ဒူးရင်းသီးကြောင့် နာသွားတဲ့ မျက်နှာက မြင်မကောင်းအောင်ပါပဲ။ ဒါနဲ့ လူတွေလည်း ဝိုင်းကြည့်လာပြီး ဒူးရင်းသီးသည်ကို အပြစ်ဖို့ပါလေရော။ ဒူးရင်းသီး ပိုင်ရှင်ကတော့ တောင်းပန်တာပေါ့။ ဒီလိုနဲ့ လူတွေလည်း ကြဲသွားတယ်။

ဒါပေမယ့် မျက်နှာ နှာသွားတဲ့ ခရီးသည်ကတော့ မကြေနိုင်ပါဘူး။ တစ်လမ်းလို့ ကြိမ်ဆဲပါတော့တယ်။ ညအိပ်ချိန်တောင် မအိပ်ပဲ သူ့မျက်နှာ နှာရတဲ့ အကြောင်းကို ပြောနေလိုက်တာ အများလ်း အိပ်ရေးပျက်ပေါ့။ နောက်တော့ အခြားလူတွေတောင် သူ့ကို တော်ပါတော့လို့တောင် ပြန်ပြောယူလိုက်ရပါတယ်။ ဒီတော့ ဒူးရင်းသီး ပိုင်ရှင်ကို မဟုတ်ပဲ ဒူးရင်းသီး မျက်နှာမှန်တဲ့ သူကို ပိုလို့ အမြင်ကပ်သွားကြတာပေါ့။ အချို့ဆို နည်းတောင်နည်းသေးတယ်လို့ ရေရွတ် ခဲ့ပါတယ်.. ဒါကြောင့် အမြင်ကပ်စရာ ဒူးရင်းသီးမျက်နှာ ဆိုတဲ့ စကားလေး တွင်သွားတာပေါ့။

သင်ခန်းစာ

ဖြစ်သူအဟောင်း၊ ပြုသူ အသစ် ဆိုသလိုပေါ့။ ဒူးရင်းသီး ပိုင်ရှင်က သူမှားလို့ တောင်းပန်ပြီးပြီ၊ လူတွေလည်း သူ့ကို ဝိုင်းလည်း ဆုံးမပြီးပြီ။ ဒါပေမယ့် ဒူးရင်းသီး မျက်နှာမှန်သွားတဲ့ တစ်ယောက်က ဆဲလို့မပြီးနိုင်ဘူး။ သူ့ဒေါသဟာ မကျေအေးနိုင်သေးပဲ တစ်ညအိပ် ၂ ရက် ခရီးကို တောက်လျှောက်ကြီး ပြောခဲ့တယ်။ ဒီတော့ ပတ်ဝန်းကျင်ပါ ထိခိုက်လာတော့ အမြင်ကပ်စရာလူက ဒူးရင်းသီးမျက်နှာမှန်တဲ့သူ ဖြစ်သွားသတဲ့လေ။ ဘဝမှာလည်း ဒီလိုပါပဲ။ ဒေသံဿရ ဥပဒေများ ဝင်ရောက် ဖြေရှင်းပေးလို့ မရတဲ့ လောက ဓမ္မတာ အမှား ဖြစ်ရပ် အချို့မှာ အပြစ်လုပ်သူဟာ ဝန်ခံ တောင်းပန်နိုင်စွမ်း၊ အပြစ်အတွက် တာဝန်ယူနိုင်စွမ်း ရှိရသလို၊ အကျူးလွန်ခံရသူဟာလည်း အတိုင်းအတာ တစ်ခုအထိ ကျေနပ်မှု ရပြီးရင် သီးခံ ခွင့်လွတ်ပေးနိုင်စွမ်း တစ်ခု ရှိဖို့ လိုအပ် ပါတယ်။ ဒီလိုမှသာ လောက ပတ်ဝန်းကျင်ဟာ အေးချမ်းမှာ ဖြစ်ပြီး အကယ်၍ မဟုတ်ရင် အတ္တ၊ မာန၊ အာကသ တရားတို့နဲ့ ပတ်ဝန်းကျင်ဟာ အင်မတန် ရွံရှာစိတ်ပျက်ဖွယ် ကောင်းနေပါလိမ့်မယ်။

အောင်ခမ်း (ရိုးရာလေး)

https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.12061

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...