စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ရှေ.ဆက်နိုင်ဖို့ စွန့်လွတ်ရမဲ့ ၁၀ ချက်


သင်ဟာ ပိုကောင်း ၊ ပိုမြင့်တဲ့ ဘဝကို တက်လှမ်းချင်တယ်ဆိုရင် ၊ သင်အမြင့်မတက်နိုင်အောင် ဆွဲငင်ထားတဲ့ ဝန်ထုပ်ဝန်ပိုးတွေကို စွန့်လွတ်ဖို့ လိုပါလိမ့်မယ် ။ ဒါတွေဟာ လွယ်လွယ်ကူကူတော့ စွန့်လွတ်ဖို့ ခက်ခဲကောင်းခက်ခဲပါလိမ့်မယ်

ကဲ ဒီနေ့ကစပြီး စွန့်လွတ်ဖို့ ကြိုးစားကြပါစို့ ……………

၁ ။ အခြားသူများရဲ့ ထင်မြင်ယူဆချက်တွေဟာ သင့်ဘဝကို ထိန်းချုပ်နေခြင်း ကို စွန့်လွတ်ပါ ။

လူတွေဟာ သင့်ရဲ့နာမည်ကိုသိကြတယ် ဒါပေမဲ့ သင့်ရဲ့ အဖြစ်မှန်ကိုတော့ မသိကြဘူး ။
လူတွေဟာ သင်ဘာတွေလုပ်ခဲ့တယ် ဆိုတာကိုပဲ ကြားခဲ့ဘူးမယ် ။ ဒါပေမဲ့ သင်ဘာတွေ တွေးတောကြံဆခဲ့ရတယ် ဆိုတာတော့ မသိကြဘူး ။
ဒါကြောင့် သူတို့ရဲ့ သင့်အပေါ်ထင်မြင်ယူဆချက်တွေကို ခပ်ပါးပါးပဲ ခေါင်းထဲထည့်ထားပါ ။ သိပ်ပြီး ဦးနှောက်ခြောက်ခံ စဉ်းစားနေစရာ မလိုပါဘူး ။
ဆိုလိုတာက
အခြားသူတွေက သင့်ကို ဘယ်လို ထင်မြင်သတ်မှတ်တယ် ဆိုတာက အဓိက မဟုတ်ပါဘူး ။ သင့်ကိုယ်သင် ဘယ်လို မြင်သလဲဆိုတာက ပိုအရေးကြီးပါတယ် ။
တခါတရံမှာ ပတ်ဝန်းကျင်ရဲ့ ထင်မြင်ယူဆချက်တွေကို လျစ်လျူရှုပြီး သင့်အတွက် ၊ သင့်ဘဝအတွက် အကောင်းဆုံးတွေကို လုပ်ဆောင်ရပါမယ် ။

၂ ။ အတိတ်က ကျဆုံးမှုတွေအပေါ် ရှက်ရွံနေခြင်းတွေကို စွန့်လွတ်ပါ ။

တခါတရံ သင်လည်း ကျရှုံးဘူးပါလိမ့်မယ် ။ ဒါကို လက်ခံနိုင်ရပါမယ် ။ ပိုကောင်းတာတွေကိုလည်း စဉ်းစားနိုင်ရပါမယ် ။ သင့်ရဲ့ အတိတ်ဟာ သင့်ရဲ့ အနာဂတ် နဲ့ ညီမျှခြင်း မဟုတ်ပါဘူး ။
သင် အတိတ်မှာ ကျရှုံးဘူးတာတွေဟာ အဓိကမဟုတ်ပါဘူး ။ အဓိကအရေးအကြီးဆုံးက သင်အခုလက်ရှိ လုပ်နေတဲ့အရာပဲ ဖြစ်ပါတယ် ။

၃ ။ သင်ဖြစ်ချင်တာတွေကို တိတိကျကျ အဆုံးအဖြတ်မပေးနိုင်တဲ့ အရာတွေကို စွန့်လွတ်ပါ ။

သင်ဘာဖြစ်ချင်တယ်ဆိုတာ တိတိကျကျ မဆုံးဖြတ်နိုင်ခင်အထိ ဘာကိုမှ သင်စတင် လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး ။
ပြင်းပြင်းပျပျ ဖြစ်ချင် လိုချင်စိတ်လိုပါတယ် ။ ထိုအရာကို တားဆီးနေတာတွေကို လျစ်လျူရှုလိုက်ပါ ။
သင်ပြင်းပြင်းပျပျ လိုချင်မှ လုံးလ ဝိရိယ ကလည်း နိုးကြားလာမှာ ဖြစ်ပါတယ် ။
ပြင်းပျတဲ့ စိတ်ဆန္ဒ မရှိရင် သင့်ရဲ့ လုပ်နိုင်စွမ်းဟာ နိမ့်ကျနေပြီး ၊ ဘာမှလည်း ဖြစ်လာမှာ မဟုတ်ပါဘူး ။
လုပ်နိုင်စွမ်းဟာ အောင်မြင်ခြင်းကို ဖော်ဆောင်နိုင်ပါတယ် ။
ဒီတော့
သင်ဘာဖြစ်ချင်တာလဲ တိတိကျကျ သုံးသပ် စဉ်းစားဆုံးဖြတ်ပါ ။ ထိုအရာပေါ်မှာ ပြင်းပျတဲ့စိတ် ၊ လုံးလ ဝိရိယနဲ့ ကြိုးစားပါ ။

၎ ။ အရေးပါတဲ့ ရည်မှန်းချက်တွေ ဖေါ်ဆောင်ဖို့ အချိန်ဆွဲနေခြင်းကို စွန့်လွတ်ပါ ။

ဘဝမှာ အဓိက ရွေးချယ်စရာ နှစ်ခုရှိပါတယ် ။
(၁) အခြေအနေတွေကို သူ့အရှိအတိုင်း လက်ခံထားတာရယ်
(၂) ထိုအခြေအနေတွေကို ပြောင်းလဲဖို့ တာဝန်ရှိတယ်လို့ လက်ခံတာရယ် ဖြစ်ပါတယ် ။

သင့်ရဲ့ ကိုယ်ပိုင် စွမ်းရည်တွေကို အသုံးချပါ ။ သင်လုပ်ချင် ၊ ဖြစ်ချင်တဲ့ အရာတွေကို မစွန့်လွတ်ပါနဲ့ ။ ပြီးတော့ သင်လုပ်ချင်တဲ့ ကောင်းတဲ့အရာတွေကို ချက်ခြင်းလုပ်လိုက်ပါ ။ မနက်ဖန်များစွာရှိပါတယ် ၊ မနက်ဖန်မှ စမယ်လို့ ဆင်ခြေပေးနေမဲ့အစား အခုပဲ စတင်လိုက်ပါ ။

၅ ။ ဘာမှ မလုပ်ဖို့ ရွေးချယ်ခြင်းကို စွန့်လွတ်ပါ (တခုခုတော့ လုပ်ကို လုပ်ရပါမယ် )

သင်ဟာ ဘယ်အချိန်မှာ ဘယ်လို သေရမယ်ဆိုတာ ရွေးချယ်ခွင့် မရှိပါဘူး ။
ဒါပေမဲ
ဘယ်လို ရှင်သန်မယ် ဆိုတာတော့ သင့်မှာ စဉ်းစားဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ် ။
နေ့စဉ်နေ့တိုင်းဟာ သင့်အတွက် ရွေးချယ်နိုင်တဲ့ အခွင့်အရေးတွေပါပဲ ။
သင့်ရဲ့ အမြင် မဖြစ်နိုင်ဘူးလို့ ထင်တာတွေကို အဆိုးမြင်တွေကနေ အကောင်းမြင်အဖြစ် ပြောင်းလဲ မြင်ကြည့်ပါ ။
သံသယတွေကို ဖျောက်ဖျက်ပြစ်ပါ ။

၆ ။ သင့်ရဲ့ ဆန္ဒတွေ အမြဲမှန်တယ် ဆိုတာကို စွန့်လွတ်ပါ ။

သင် မှန်တယ်လို့ ထင်နေတဲ့ အရာတွေဟာ မှားနေတာမျိုးလည်း ကြုံရနိုင်ပါတယ် ။
ဒီလိုမှားသွားတဲ့ အခါတွေမှာ အရှုံးမပေးပါနဲ့ ၊ အောင်မြင်ဖို့ကိုသာ စိတ်ပြင်းပျပါ ။
တကယ်လို့ လက်လျှော့ အရှုံးပေးလိုက်မယ်ဆိုရင် အကြောင်းအရာသစ်တွေကို သင်ယူခွင့်တွေပါ ဆုံးရှုံးသွားပါလိမ့်မယ် ။

၇ ။ ဖြေရှင်းရမဲ ပြဿနာတွေကို ရှောင်ပြေးခြင်းကို စွန့်လွတ်ပါ ။

အခက်အခဲတွေ ၊ ပြဿနာတွေ ရင်ဆိုလာရတဲ့အခါ ရှောင်ပြေးဖို့ မစဉ်းစားပါနဲ့ ။ ရင်ဆိုင်ဖြေရှင်းပါ ။ အပေးအယူလုပ်ပါ ။ တန်ဘိုးထားပါ ။ ခွင့်လွတ်ပါ ။ တန်ဘိုးထားထိုက်တဲ့သူတွေကို ချစ်ခင်ပါ ။

၈ ။ ဆုံးဖြတ်ရမဲ့အစား ဆင်ခြေတွေပေးနေခြင်းကို စွန့်လွတ်ပါ ။

ဘဝဆိုတာ ဖြေရှင်းရမဲ့ အရာတွေပြည့်နေတဲ့ ပုစ္ဆာတပုတ်ပါ ။ ဖြေရှင်းဖို့ မကြိုးစားခြင်းကသာ အမှားပါ ။
ရေရှည် ရှုံးနိမ့်ခြင်းဟာ ပြဿနာတွေကို ဖြေရှင်းရမဲ့အစား ဆင်ခြေတွေသာ ပေးနေခဲ့ခြင်းရဲ့ အကျိုးဆက်ဖြစ်ပါတယ် ။

၉ ။ ဘဝရဲ့ ကောင်းချက်တွေကို သတိမပြုမိခြင်း စွန့်လွတ်ပါ ။

သင်ကြည့်တာကိုပဲ သင်မြင်ရပါလိမ့်မယ် ။
သင်ပိုင်ဆိုင်ခွင့် မရခဲ့တဲ့ အရာတွေအတွက် နောင်တ ရနေခြင်းဟာ ၊ လက်ရှိပိုင်ဆိုင်နေတဲ့ အရာတွေကို တန်ဘိုးမထားသလို ဖြစ်နေပါလိမ့်မယ် ။
လက်ရှိ ပိုင်ဆိုင်တာတွေရဲ့ တန်ဘိုးကို မြင်အောင်ကြည့်ပါ ။

၁၀ ။ လက်ရှိအချိန်ကို တန်ဘိုးမထားခြင်း ကို စွန့်လွတ်ပါ ။

ကျွန်တော်တို့ဟာ နေ့စဉ် အဖြစ်အပျက်တွေကို မမှတ်မိပါဘူး ။ ကျွန်တော်တို့ တကယ်မှတ်မိနေတာက အခိုက်အတန့်လေးတွေပါ ။
ကြီးမားတဲ့ အောင်မြင်မှုကြီးတွေရဖို့ သေးငယ်တဲ့ အရာကလေးတွေ များစွာနဲ့ စတင်လုပ်ဆောင်ရတယ်ဆိုတာ သတိမပြုမိကြဘဲ ကျွန်တော်တို့ အောင်မြင်ဖို့ ကျိုးစားနေကြတယ် ။
မြတ်နိုးဖွယ် အခိုက်အတန့်လေးတွေတိုင်းကို ချစ်မြတ်နိုးပါ ၊ တန်ဘိုးထားပါ ။

10 Things You Must Give Up To Move Forward ကိုဘာသာပြန်ဆိုသည် ။
l
Credit: ရဲသူရိန်မင်း

https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.1206

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...