စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဦးအေးလိုလူမျိုးတွေလိုနေတယ်


ဘကြီးတော်မင်းမှာ သူငယ်ချင်းတစ်ယောက်ရှိတယ်။ ဦးအေးတဲ့။ ကျောင်းနေဘက်သူငယ်ချင်းတွေဖြစ်တဲ့ အပြင် တရားသူကြီးလည်းဖြစ်၊ သက်တော်ရှည်ဖြစ်နေတော့ အပြစ်ယူလို့မရတဲ့သူပေါ့။ ငယ်သူငယ်ချင်း ဦးအေးကို ဘကြီးတော်က အလွန်ကြောက်ရတယ်။ ဘာကြောင့်လဲဆိုတော့ ဘုရင်ပေမယ့် သူ့မျက်စိထဲ မတွေ့ရင် လူကြားသူကြားမရှောင် စကားနာထိုးတတ်လွန်းလို့။

ဦးအေးက စာတတ်ပုဂ္ဂိုတစ်ဦးပဲ၊ လူကလည်း လူတော်ဆိုတော့ အတုလမဟာ ဓမ္မိကရာဇာဘွဲ့ပေးထားတယ်။ မြို့ငါးမြို့လောက်စားရတဲ့ မြို့စားဆိုလည်း ဟုတ်သပေါ့။

တစ်နေ့တော့ ဘုရင်က ဦးအေးကိုခေါ်ပြီး ရွှေစည်းခုံဘုရားဘက် မြင်းစီးထွက်ကြတယ်။ ဘုရားရောက်တော့ ဘုရင်က မြင်းပေါ်က မဆင်းမီ

"မောင်အေးရယ် ပျင်းလှသကွယ်။ စာဆိုစမ်းဟဲ့" လို့ပြောလိုက်တယ်။ အဲဒါနဲ့ ဦးအေးလည်း ဘုရင်ကိုကြည့် လိုက်ပြီး စာချိုးလိုက်ပုံက

"ပန်းညိုကိုဆင်၊ ယဉ်ပါဘိတောင်း

မြင်းပေါ် ကိုယ်တော်စီးတယ်

ယီးကတစောင်း" လို့ ဆိုလိုက်တယ်။

အဲဒီတော့မှ ဘုရင်လည်း ကိုယ့်ဘာသာကိုယ်ငုံ့ကြည့်မိပြီး ရယ်တော့တယ်။ ဒါနဲ့ ဘုရင်က

“မောင်အေးရယ် အဲဒါများ စာဆိုရသေးတယ်။ နှစ်ကိုယ်ကြား လာပြောရောပေါ့” လို့ဆိုလိုက်တယ်။

“ဒါနဲ့ ကိုယ်တော်ကပဲ စာဆိုလို့ပြောတော့ ဆိုရတာပေါ့” လို့ပြန်ပြောတယ်။

ဘုရင် ယီးတစောင်းဖြစ်နေတာကို စာချိုးဝံ့တာ အတော်ရှားတယ်။ ဦးအေးမို့လို့ပေါ့။ ဒီနေရာမှာ တခြားလူဆိုရင် သတ်စေစာရင်းထဲပါသွားမလားဘဲ။

ခေတ်အဆက်ဆက် မြင်းပေါ်စီးနေတဲ့ကိုယ်တော်တွေ အမြင်မတော်ထိုင်ခဲ့ကြတာ အများသားပဲ။ တစောင်း ဖြစ်နေတာကို တစောင်းဖြစ်နေမှန်း ပြောဝံ့တဲ့ ဦးအေးလို ပုဂ္ဂိုလ်တွေ အများကြီးလိုတယ်။ ခုတော့ ဘုန်းတော်ကြောင့် သင့်မြတ်လှကြောင်းပါဘုရားလို့ပြောပြီး ညာစားနေသူတွေရှိနေတော့ ဘုရင်လည်း မတော်ရာ ပေါ်နေတာ မဖုံးနိုင်ဘဲ လူရယ်စရာ ဖြစ်နေရတော့တယ်။

ဘုရင်ကလည်း ဦးအေးလို ပြောခွင့်ပေး၊ ဦးအေးကလည်း အမြင်မတော်ရင် ဘုရင်ပေမယ့် ပွင့်လင်းစွာ ထောက်ပြတဲ့ ခေတ်မျိုးဟာ ဒီမိုကရေစီလို့ အော်တဲ့ခေတ်တိုင်အောင် မရှိသေးတာတော့ အမှန်ပဲဗျ။

Maukkha

https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.12061627

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...