စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အုတ်ဖုတ်ရန် မြေတူးရာမှ ယခင်ရှေးဟောင်းစေတီနှင့် ရုပ်တုများရှာဖွေ တွေ့ရှိ



လွန်ခဲ့သည့် ရက် သတ္တပတ်က နတ်တလင်းမြို့၊ သရက် တစ်ပင်ကျေးရွာတွင် ရှေးဟောင်းစေ တီနှင့် ရုပ်တုများ ရှာဖွေတွေ့ရှိထား သော ဘုရားပရဝဏ် အဝင်မုခ်ဝလေး ဖက်လေးတန်၌ နရားရုပ်တုခြောက် ကောင်ထပ်မံ တူးဖော်တွေ့ရှိကြောင်း သရက်တစ်ပင်ဒေသခံများထံမှ သိ ရသည်။

အဆိုပါ နရားရုပ်တုခြောက် ခုမှာ ယခင်တူးဖော်တွေ့ရှိထားသော ခြင်္သေ့လေးကောင် ဝန်းရံထားသည့် စေတီတော်ထောင့်လေးထောင့်မှ သုံးထောင့်တွင် လွန်ခဲ့သောသုံး လေးရက် အချိန်တူးဖော်ရင်းမှထပ် မံတွေ့ရှိရခြင်းဖြစ်ကြောင်းနှင့် လက် ရှိအချိန်၌လည်း ဘေးပတ်ပတ်လည် ကို ထပ်မံတူးဖော်မှုပြုလုပ်လျက်ရှိ ကြောင်း သိရသည်။
.
နရားရုပ်တု ထပ်မံတွ့ရှိခြင်း နှင့် စပ်လျဉ်းပြီး နတ်တလင်းမြို့၊ မြို့ ခြံကျေးရွာမှ ဦးခင်ထွန်းက''လွန် ခဲ့တဲ့ သုံးလေးရက်ကထပ်တွေ့တာပါ။ ပထမက ခြင်္သေ့လေးကောင်က စေ တီရဲ့ ထောင့်လေးထောင့်မှာရှိတာ တွေ့ရတယ်။ ခုထပ်တွေ့ထားတာက ထောင့်သုံးထောင့်မှာ နရားရုပ်တုတွေ ခြောက်ကောင်တွေ့ရတယ်။ အရင် တစ်လလောက်တုန်းက ထောင့် တစ်ထောင့်မှာ နရားရုပ်တုနှစ်ခု တွေ့ရတယ်။ ခုဆိုအားလုံးပေါင်း န ရားရှစ်ကောင်ရှိသွားပြီ။ အဲဒါတွေ အားလုံးက စေတီကို ဝန်းရံထားတာ ဖြစ်တယ်။ အစကတော့ ခြင်္သေ့တွေ ကလည်း သိပ်မမြင်ရဘူး။ ခုတော့ တော်တော်မြင်ရနေပြီ။ မြေကြီးရဲ့ ၅ ပေ ၆ ပေနီးပါးမှာ တွေ့ရတာ။အုတ်ဖုတ်တာကိုတော့ ရပ်ထားတယ်။ လက်ရှိမှာ ရှေးလူကြီးတွေကနရား ရုပ်တွေလို့ပြောလို့ နရားရုပ်လို့ပဲ သတ်မှတ်ထားတယ်''ဟု ဆိုသည်။

အဆိုပါ စေတီတော်နှင့်ခြင်္သေ့ လေးကောင်ရုပ်တု၊ နရားရုပ်တု ရှစ်ခုတို့ကို အုတ်ဖုတ်လုပ်ငန်းဆောင် ရွက်နေစဉ် တွေ့ရှိခြင်းဖြစ်ပြီး လက်ရှိ အချိန်တွင် အုတ်ဖုတ်ခြင်းလုပ်ငန်း ကိုယာယီရပ်နားထားပြီး တွေ့ရှိထား သော ရုပ်တုနှင့် စေတီတော်ဘေး ပတ်ပတ်လည်ကိုသာ ဆက်လက်တူး ဖော်မှုများပြုလုပ်လျက် ရှိကြောင်းနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှလည်း လာရောက်ကွင်း ဆင်းလေ့လာမှုများ ပြုလုပ်သွား ကြောင်းသိရသည်။

ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ရှေး ဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန (ပြည်)မှ ဒေါ်ထား ထားနွယ်က ''တာဝန်ရှိတဲ့ သူတွေ အဲဒီနေရာကို ကွင်းဆင်းလေ့လာပြီး သွားပြီ။ အဲဒီတုန်းကတော့ ခြင်္သေ့နဲ့ စေတီ၊ နဂါးကိုတွေ့တယ်။ သူတို့က တော့ နရားလို့ဆိုပေမယ့် လေ့လာ ကြည့်တာက နဂါးလို့တာဝန်ရှိသူ တွေက ခန့်မှန်းထားတယ်။ ထပ်တွေ့ တာတော့ မသိသေးဘူး။ ခုလိုတွေ့ တယ်ဆိုတာကို အထက်ရုံးကိုပြန် အကြောင်းကြားပါမယ်။ ခေတ်က တော်တော်စေမယ်လို့ပဲ သိရသေး တယ်။ သေချာမသိရသေးဘူး'' ဟု ဆိုသည်။

အဆိုပါ ရှေးဟောင်းစေတီတော် နှင့် ရုပ်တုများကို ရာဇမတ်ကာရံ၍ ထိန်းသိမ်းထားကြောင်းနှင့် လက် ရှိအချိန်တွင် နတ်တလင်းမြို့အနီး ပတ်ဝန်းကျင်မှ ပြည်သူများနေ့စဉ် လာရောက်ကြည့်ရှုသူများဖြင့် စည် ကားလျက်ရှိကြောင်းနှင့် ဒေသခံပြည် သူများက ပျူခေတ်လက်ရာဟုယူ ဆထားကြောင်း သိရသည်။

အဆိုပါ စေတီတော်နှင့်ခြင်္သေ့ ရုပ်တုတွေ့ရှိသည့် မြေနေရာ၌ပင် ပြီးခဲ့သည့် တစ်လအကြာက နရား ရုပ်တုနှစ်ခုကိုလည်း အုတ်ဖုတ်လုပ် ငန်းဆောင်ရွက်စဉ်တွေ့ရှိခဲ့ပြီး ယခု အခါ နရားရုပ်တုခြောက်ခုကို ထပ်မံတူးဖော်တွေ့ရှိခြင်းဖြစ်ကာ လက်ရှိနရားရုပ်တုရှစ်ခုတွေ့ရှိထား ကြောင်းနှင့် ဒေသခံများကမူနဂါးရုပ် တုဟုမခေါ်ဆိုဘဲ နရားရုပ်တုဟု သာယူဆထားကြောင်း သိရသည်။

ထိုဘုရားပရဝဏ် အကျယ်မှာ ၃၅ ပေပတ်လည်ခန့်ရှိကြောင်း ဒေ သခံ ဦးခင်ထွန်းက ပြောသည်။ ထို ဘုရားပရဝဏ်ကို မြေအောက်အနက် ၅ပေ၊ ၆ ပေခန့်အနက်တွင် တူး ဖော်တွေ့ရှိရခြင်းဖြစ်ပြီး၊ ယခုအခါ ထိုဘုရားဝင်းကို ကာရံထားသော အုတ်တံတိုင်းများ၊ ခြင်္သေ့လေးကောင် ခံထားသော စေတီအုတ်ပလ္လင်များ ကို ထင်ရှားစွာတွေ့မြင်လာရသည့် အပြင် စေတီမုခ်ပေါက်တစ်ခုကို လည်း ထင်ထင်ရှားရှားတူးဖော်တွေ့ မြင်လာရကြောင်း သိရသည်။

TGH

- ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။

https://www.facebook.com/yangonmediagroup/photos/a.335477406471186.83922.334119

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...