စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ခန္ဓာကိုယ်ကြံ့ခိုင်မှုကောင်းသော လူများ ကင်ဆာဖြစ်နိုင်ခြေနည်းပါး

အမျိုးသားများ ခန္ဓာကိုယ်ကြံ့ခိုင်မှု အဆင့်မြင့်မားခြင်းမှာ အဆုတ်ကင်ဆာနှင့် အူမကြီးကင်ဆာရောဂါ ဖြစ်ပွားနိုင်သည့် အန္တရာယ်နည်းပါးခြင်းနှင့် ဆက်စပ်ကြောင်း လေ့လာမှုတစ်ခုက ဖော်ပြသည်။
ခန္ဓာကိုယ်ကြံ့ခိုင်မှု အဆင့်မြင့်မားသော အမျိုးသားများ အချို့ သော ကင်ဆာရောဂါများ ဖြစ်နေကြောင်း စစ်ဆေးတွေ့ရှိလျှင်လည်း အသက်ရှင်နိုင်ခြေ ပိုမြင့်မားကြောင်း သိရသည်။

ယခုလေ့လာမှုကို တက္ကဆက်နှင့်  ဗားမွန့်ပြည်နယ်တို့မှ ဆရာ ၀န်များက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အသက်(၄၆)နှစ်နှင့် (၅၀)နှစ်ကြား အမျိုးသား ၁,၄၀၀ ကျော်၏ ကျန်းမာရေးနှင့် ခန္ဓာကိုယ်ကြံ့မှုတို့ကို လေ့လာခဲ့ခြင်း ဖြစ်သည်။

ယင်းလေ့လာမှုအတွင်း ပါဝင်သူများကို ကင်ဆာရောဂါ စစ် ဆေးရှာဖွေမှုများနှင့် အသက်ရှင်နိုင်မှုတို့ကို လေ့လာစောင့်ကြည့် ခြင်းတို့ ပြုလုပ်ခဲ့ပြီး ခန္ဓာကိုယ်ကြံ့ခိုင်မှု မြင့်မားသော အမျိုးသားများ သည် ကြံ့ခိုင်မှုမရှိသော အမျိုးသားများထက် အဆုတ်ကင်ဆာ ရောဂါဖြစ်နိုင်ခြေ ၅၅ ရာခိုင်နှုန်း နည်းပါးကြောင်း လေ့လာတွေ့ရှိ ခဲ့သည်။

ခန္ဓာကိုယ်ကြံ့ခိုင်မှု မြင့်မားသော အမျိုးသားများသည် အူမကြီးကင်ဆာ ဖြစ်ပွားနိုင်ခြေ ၄၄ ရာခိုင်နှုန်း ပိုနည်းသည်။ သို့သော် ခန္ဓာကိုယ်ကြံ့ခိုင်မှုနှင့် သုက်လွှတ်ဂလင်းကင်ဆာ ဖြစ်ပွားမှုကြား ဆက်စပ်မှုမရှိပေ။
နှလုံးသွေးကြောများ ကျန်းမာမှုနှင့် နှလုံးကျန်းမာရေးကောင်း ခြင်းကြား ဆက်စပ်ကြောင်း သုတေသနပြုမှုများစွာက ဖော်ပြထား ပြီးဖြစ်ကာ ကျန်းမာရေးနှင့်ညီသော ကြံ့ခိုင်မှုရှိခြင်းကြောင့် အူမကြီး ကင်ဆာဖြစ်နိုင်သည့် အန္တရာယ်နည်းပါးကြောင်း လေ့လာမှုများစွာက ဖော်ပြပြီးဖြစ်သည်။ သို့သော် ယခုလေ့လာမှုက အဆုတ်ကင်ဆာဖြစ်ပွားနိုင်သည့် အန္တရာယ်များကို လျှော့ချနိုင်သည်ဆိုသော အချက်ကို ထောက်ပြသော ပထမဆုံးလေ့လာမှုတစ်ခုဖြစ်သည်။

အကယ်၍ အသက်(၄၀)နှစ်ကျော်အရွယ်တွင် ခန္ဓာကိုယ်ကြံ့ ခိုင်မှု အဆင့်မြင့်မားသော အမျိုးသားတစ်ဦးသည် ကင်ဆာရောဂါ ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါက အသက်(၆၅)နှစ် နောက်ပိုင်း သေ ဆုံးနိုင်ခြေ ၃၂ ရာခိုင်နှုန်း ပိုနည်းပါးကြောင်းလည်း ယခုလေ့လာမှု က ဖော်ပြထားသည်။ ထို့ကြောင့် ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာ ကြိုတင်ကာ ကွယ်နိုင်သော ဆေးဝါးများကဲ့သို့ အရေးကြီးကြောင်းကို ယခုလေ့ လာမှုက ထောက်ပြထားသည်ဟု သုတေသီများက ပြောသည်။
—Ref: UPI

http://www.7daydaily.com/story/34724#.VSvoqy7dXLU

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...