စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဧပရယ်ဖူး နေ့မှာ အမေရိကန် ဒေါ်လာ ၅ သောင်းတန် BMW ကားအသစ် တစ်စီးကို ရရှိသွားသူ


 

နယူဇီလန် နိုင်ငံရှိ BMW ကား အရောင်းပြခန်း ကနေ အထူးအစီအစဉ် တစ်ရပ် အနေဖြင့် ဧပရယ်ဖူးနေ့မှာ ကားဟောင်းနှင့် ကားအသစ် တစ်စီး လဲပေးမယ်ဆိုတဲ့ အကြောင်းကို သတင်းစာထဲတွင် ထည့်သွင်း၍ ကြော်ငြာလိုက်ပါတယ်။

အဲသတင်းစာ ဖြတ်ပိုင်းကို ယူလာပြီး ကုမ္ပဏီကို ပထမဆုံး လာရောင်သူ တစ်ဦးကို ကားဟောင်းနှင့် ကားအသစ် တစ်စီး လဲပေးမယ်လို့ ကြော်ငြာခဲ့ခြင်း ဖြစ်ပါတယ်။ ထိုကြော်ငြာကို သတင်းစာထဲမှာ လူတိုင်းမြင်တွေ့ ကြပေမယ့် ဧပရယ်ဖူး လုပ်တယ်ထင်ပြီး မည်သူမှ သွားရောက် လဲလှယ်ခြင်း မရှိခဲ့ပါဘူး။

သို့သော် အမျိုးသမီး တစ်ဦးကတော့ ယုံကြည်စွာနဲ့ပဲ အဲဒီ ကြော်ငြာပါတဲ့ သတင်းစာကို ယူကာ သူ့ကားအဟောင်းနှင့် သွားရောက် လဲလှယ်ခဲ့ရာ အမေရိကန်ဒေါ်လာ ၅ သောင်းတန်ကြေး ရှိတဲ့ BMW ကား အသစ် တစ်စီး ကိုရရှိလို့ သွားပါတော့တယ်။ ဧပရယ်ဖူးနေ့မှာ သူရသွားတဲ့ ကားလိုင်စင် နံပါတ်ပြားကိုတော့ ကုမ္ပဏီ အနေဖြင့် NOFOOL ဆိုတဲ့ စာသား တပ်ဆင် ပေးထားကြောင်း သိရပါတယ်။
Ref - mashable
ကျော်လင်းနိုင် (ရိုးရာလေး)
https://www.facebook.com/yoyarlaydotcom/posts/873767725999814

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...