စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဂျပန်နိုင်ငံအကြောင်း သိကောင်းစရာ အချို့



၁။ ဂျပန်နိုင်ငံက ကျောင်းသား/သူများဟာ နေ့တိုင် ၁၅ မိနစ် အချိန်ပေးပြီးတော့ ကျောင်းသန့်ရှင်းရေး မဖြစ်မနေ ပြုလုပ်ရပါတယ်။

၂။ အိမ်မွေးခွေးမွေးသူများ အနေနဲ့ ခွေးကျောင်း ထွက်တဲ့အခါ ခွေး စွန့်ပစ် အညစ်အကြေးများကို သန့်ရှင်းဖို့အတွက် စက္ကူများ၊ အိပ်များ မဖြစ်မနေ ယူဆောင်ရပါတယ်။

၃။ ဂျပန်နိုင်ငံမှာ သန့်ရှင်းရေး လုပ်သားများကို ကျန်းမာရေး အင်ဂျင်နီယာ အဖြစ် ခေါ်ဆိုပြီး တစ်လကို အမေရိကန်ဒေါ်လာ ၅၀၀၀ နဲ့ ၈၀၀၀ ကြားမှာ ရရှိပါတယ်။ ဒါကြောင့်မို့ သန့်ရှင်းရေး လုပ်သားဖြစ်ဖို့အတွက် နုတ်ဖြေ၊ ရေးဖြေ စာမေးပွဲ ဝင်ဖြေရပါသေးတယ်။

၎။ ဂျပန်မှာ ဘာတွင်းထွက်ပစ္စည်းမှ မရှိပါဘူး။ မြေငလျင်လည်း နှစ်စဉ်၊ လစဉ်ကို ဖြစ်နေပေမယ့် သူတို့ကို ကမ္ဘာ့ စီးပွားရေး အကြီးဆုံး ဒုတိယ အဆင့်ကနေ ကျမသွားစေပါဘူး။

၅။ နျူကလိယျဗုံး နဲ့ အဖျက်ဆီးခံခဲ့ရတဲ့ ဟီရိုရှီးမားမြို့ဟာ ၁၀ နှစ်အကြာမှာပဲ ယခင်ကလို ဂျပန်မှာ အရေးပါ တဲ့ စီးပွားရေး မြို့တော်တစ်ခု ပြန်ဖြစ်ခဲ့ ပါတယ်။

၆။ ဂျပန်နိုင်ငံမှာ ရထား၊ စားသောက်ဆိုင်နဲ့ indoor နေရာ အချို့မှာ မိုဘိုင်းဖုန်းပြောခြင်းကို တားမြစ်ထားပါတယ်။

၇။ မူလတန်း ကာလ ၆ နှစ်သက်တမ်းမှာ ဂျပန်မှ ကျောင်းသား၊ ကျောင်းသူ ကလေးများဟာ အကျင့်စာရိတ္တနဲ့ ပက်သက်ပြီးတော့ အဓိကထား သင်ကြားရပါတယ်။

၈။ ဂျပန်မှာ ချမ်းသာသည့် သူများ နေထိုင်သည်ဖြစ်သည့်တိုင် သူတို့မှာ အစေခံ ဆိုတာ မရှိသလောက် နည်းပါတယ်။

၉။ မူလတ အရွယ် သုံးနှစ်တာ ကာလအတွင်း ကလေးများတွင်စာမေးပွဲ မရှိပါ။ စားမေးပွဲဟာ ပညာသင်ကြားရေးအတွက် ပန်းတိုင် မဟုတ်တာကြောင့် အဓိကအားဖြင့် စိတ်ပိုင်းဆိုင်ရာ၊ စာရိတ္တပိုင်း ဆိုင်ရာ ဖွံ့ဖြိုးဖို့သာ အဓိက သင်ကြားခြင်း ဖြစ်ပါတယ်။

၁၀။ ဂျပန်နိုင်ငံမှာ ရထား နောက်ကျတဲ့ အချိန်ကြာနှုန်းဟာ တစ်လကို ၇ စက္ကန့်ပဲ ရှိပါတယ်။ အချို့နှစ်တွေဆိုရင် အဲ့ဒီထက် နည်းပါတယ်။ ဂျပန်နိုင်ငံသားများ အနေနဲ့ အချိန်ကို အင်မတန် လေးစားကြပါတယ်။

၁၁။ ဂျပန်နိုင်ငံက ကလေးကျောင်းတွေမှာ နေ့လည်စာ စားပြီးတိုင်း မဖြစ်မနေ သွားတိုက်ရပါတယ်။ ကလေးတွေရဲ့ ကျန်းမာရေးကို ငယ်စဉ်ကတည်းက သေချာအောင် ပြုစုပျိုးထောင်ပေးခြင်း ဖြစ်ပါတယ်။

၁၂။ ကျောင်းသား၊ ကျောင်းသူများဟာ ထမင်းစားတဲ့အခါ နာရီဝက် ကြာပါတယ်။ သူတို့အနေနဲ့ အစားအသောက်စားတဲ့ အခါ ကြေကြေညပ်ညပ် ဖြစ်စေဖို့ အတွက် ဖြစ်ပါတယ်။

ဂျပန်မှာ ကလေးနဲ့ ကျောင်းသားများအပေါ် စည်းကမ်းနဲ့ မူဝါဒများဟာ အခြား နိုင်ငံများနဲ့ ကွဲပြားနေပြီး ဒါဆို မိဘတွေဆီ သွားမေးတဲ့အခါ သဘောတူ လက်ခံပြီး သူတို့လေးတွေဟာ the future of japan လို့ ဂုဏ်ယူပြောဆိုတတ်ကြ ပါတယ်။
.
Ref: dyknow
အောင်ခမ်း (ရိုးရာလေး)

https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.17164776

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...