စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ခံ့ညား ချောမောသည့် အမျိုးသားများ အလုပ်အကိုင် ရရှိဖို့ အခွင့်အလမ်းနည်း


ရုပ်ရည် ချောမော ခံ့ညားခြင်းကြောင့် ဘ၀တွင် အကျိုးကျေးဇူးများများ ရနိုင်မည်ဟု အများစုက ယူဆကြသည်။ သို့သော် ရုပ်ရည် ခံ့ညာခြင်းသည် အလုပ်အကိုင် အခွင့်အလမ်းနှင့် ပတ်သက်ပါက အလုပ်မဖြစ်ကြောင်း လေ့လာ တွေ့ရှိချက် အသစ်တစ်ခု အရ သိရှိရသည်။

ဆွဲဆောင်မှု ရှိသော အမျိုးသားများသည် သူဌေးအတွက် ခြိမ်းခြောက်မှု ဖြစ်စေသဖြင့် အပြိုင်အဆိုင် များသော လုပ်ငန်းခွင်တွင် အလုပ်ရရှိနိုင်မှု နည်းကြောင်း သိရသည်။ရုပ်ချောနေလို့လည်း အကျိုး မထူးပါဘူး။ ခြိမ်းခြောက်မှု တစ်ခုလို့ ယူဆမိသွားရင် ရလဒ်က ပြောင်းပြန် ဖြစ်သွား နိုင်ပါတယ်ဟု မယ်ရီလန်း တက္ကသိုလ်မှ တွဲဖက် ပါမောက္ခ မာကိုပိုက်ဆာက ပြောကြားခဲ့သည်။

ဆွဲဆောင်မှု ရှိသော အမျိုးသမီးများထက် ဆွဲဆောင်မှု ရှိသော အမျိုးသားများသည် အလုပ်ရဖို့ ပိုခက်ခဲတတ်ကြောင်း သိရသည်။အင်တာဗျူးသည့် ပုဂ်္ဂိုလ်သည့် ပူးပေါင်း ဆောင်ရွက်လိုစိတ် ထက်သန်သူ ဖြစ်ပါက ကြည့်ကောင်း ခံ့ညားသူမျိုးကို ရွေးချယ်လောက်သော်လည်း ပြိုင်ဘက် တစ်ယောက် အနေဖြင့် ရှုမြင်တတ်သူ ရုပ်ချော ခန့်ညားသူသည် သူ့အတွက် ပြိုင်ဘက် တစ်ယောက်လို သဘောထား လိုက်တတ်ပြီး ဆွဲဆောင်မှု မရှိသူကိုသာ ရွေးချယ် လောက်သည်ဟု လေ့လာမှုများ အရ သိရသည်။

လေ့လာမှုကို လူပေါင်း (၂၄၁) ဦး၏ အကူအညီဖြင့် ပြုလုပ်ထားသည်။ ထိုသူများကို တမင် ဖန်တီးထားသော တစ်ကယ် မရှိသည့် အလုပ် လျှောက်လွှာများ ပြကာ မည်သူ့ကို ခန့်မည်လဲ ရွေးချယ်စေသည်။ အမျိုးသား လျှောက်လွှာရှင်များကို အမျိုးသားများက အကဲဖြတ်စေသည်။ အမျိုးသမီး လျှောက်လွှာရှင်များကို အမျိုးသမီးများ အကဲဖြတ်ရသည်။ အကဲဖြတ်သူများ၏ စိတ်နေ သဘောထားများကိုလည်း မှတ်တမ်းတင်ထားသည်။

ထိုအခါ တစ်ဖက်လူကို ပြိုင်ဘက် အဖြစ် သဘောထား ကြည့်ရှုတတ်သော အမျိုးသားများသည် ရုပ်ဖြောင့်သော အမျိုးသားများကို အများဆုံး ပယ်လိုက်တတ်ကြကြောင်း တွေ့ခဲ့ရသည်။ ပူးပေါင်း ဆောင်ရွက် စိတ်ရှိသူမျိုးကား ရုပ်ချော ရုပ်ဆိုး မရွေးဘဲ အရည်အချင်း အလိုက်သာ ရွေးလိုက်တတ်ကြောင်း တွေ့ရသည်။ အမျိုးသမီးများ အပိုင်းတွင်မူ ထူးခြားချက် မရှိကြောင်း သိရသည်။

Credit : messenger

https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.120616

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...