စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မှန်ကန်သောချစ်ခြင်းများနှင့် သူလိုမိန်းမ

              
တစ်ခါက အလုပ်အရမ်းကြိုးစားပြီး မိသားစုအတွက် ကောင်းမွန်တဲ့ ဘ၀နေထိုင်မှုရအောင် နည်းမှန်လမ်းမှန်နဲ့ ကြိုးစားရှာဖွေပေးနေသော စိတ်ကောင်းရှိတဲ့ မိန်းမတစ်ယောက်ရှိပါတယ်။
ထို မိန်းမမျိုးဟာ မိဘကိုရိုသေပြီး ၊ လင်ယောကျာ်းကိုလည်း အရမ်း သိတတ်နားလည်ပါတယ် ၊ သားသမီးအပေါ်မှာလည်း တာဝန်ကျေလွန်းပြီး မိခင်စိတ်အပြည့်ဝရှိတဲ့ မိန်းမတစ်ဦးလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ သူမဘယ်လိုပဲ ကောင်းမွန်အောင် လုပ်ခဲ့လုပ်ခဲ့ ကံကြမ္မာက သူမကိုမျက်နှာသာ မပေးခဲ့ပါဘူး။
ကုမရတဲ့ ရောဂါတစ်ခုကြောင့် သူမအရွယ်ကောင်းလေးမှာ သေဆုံးသွားခဲ့ပါတယ်။
သူမသေဆုံးသွားတဲ့အခါ ငရဲပြည်ကိုရောက်ရှိသွားပါတယ်။


သူမငရဲပြည်ကို ရောက်ရှိသွားတဲ့အတွက် သူမအတော်လေးကို မကျေနပ်ဖြစ်ခဲ့ပါတယ်။
အသက်ရှင်စဉ်အခါတုန်းက စိတ်သဘောထားကောင်းကောင်းနဲ့ လူတွေအားလုံးကို ရိုးရိုးရှင်းရှင်းဆက်ဆံခဲ့ပေမဲ့ သူဘာလို့ နတ်ပြည်မရောက်ပဲ ငရဲပြည်ရောက်ရသလဲဆိုတာ သူစဉ်းစားလို့မရပါဘူး။
ဒါနဲ့ပဲ ငရဲပြည်ကိုခွင့်ပန်ပြီး နတ်ပြည်ကို သူမေးမြန်းစရာရှိတာလေးတွေ မေးဖို့ ခဏတက်ခဲ့ပါတယ်။
ကောင်းကင်ပေါ်ရောက်တဲ့အခါ နတ်မင်းတစ်ပါးနဲ့ဆုံတွေ့တော့ သူသိလို့တဲ့မေးခွန်းကို မေးမြန်းလိုက်ပါတယ်။


ဒါပေမဲ့ နတ်မင်းကြီးက သူမမေးတဲ့ မေးခွန်းကို အရင်မဖြေပဲ လူ့ပြည်ကိုကြည့်ရူလို့ရတဲ့ ပြူတင်းပေါက်ငယ်တစ်ခုကနေ သူမရဲ့ကျန်ရစ်နေခဲ့သော မိသားစုကို လှမ်းကြည့်ခိုင်းလိုက်ပါတယ်


ပြူတင်းပေါက်လေးကနေ ကြည့်လိုက်တဲ့အခါ သူမ မြင်လိုက်ရတဲ့ မြင်ကွင်းကတော့ စိတ်မချမ်းသာစရာပါ။
သူမရဲ့ အိုမင်းမစွမ်းတဲ့ မိဘနှစ်ဦးဟာ လုပ်ကိုင်ရှာဖွေကျွေးမွေးမဲ့သူ မရှိလို့ အလုပ်တွေလုပ်ရင်း ချို့ချို့တဲ့တဲ့ နေနေရပါတယ်။


သူမရဲ့ ကလေးနှစ်ယောက်ကလည်း ဂရုစိုက်မဲ့သူမရှိတော့ အရင်လိုပြည့်ပြည့်ဖြိုးဖြိုးလေးတွေ မဟုတ်ပဲ ပေပေတေတေ ရုပ်နဲ့ဖြစ်နေကြပါတယ်။ အိမ်တစ်ခုလုံးလည်း ပေပွနေပြီး ။ ရန်ဖြစ်နေကြတဲ့ သူမရဲ့ကလေးနှစ်ဦးကို စိတ်ပျက်ဖွယ်ရာ တွေ့လိုက်ရပါတယ်။
ဒါဖြင့် သူမရဲ့ ချစ်လှစွာသော ယောကျာ်းရော ဘယ်ရောက်နေပါလိမ့်လို့ ကြည့်လိုက်တော့ မိန်းမငယ်ငယ်လေးတစ်ယောက်နဲ့ ဖက်လဲတကင်း ပျော်ရွှင်မြူးတူးနေတာကို တွေ့လိုက်ရတော့ ထိုမြင်ကွင်းတွေ အားလုံးကြောင့် သူမရဲ့နှလုံးတွေကွဲအက်သလို ခံစားလိုက်ရပြီး မျက်ရည်ဖြိုင်ဖြိုင်ကျမိပါတော့တယ်။


ဒီတော့မှ နတ်မင်းကြီးက သူမကို ပြောပါတယ်။
သူမသေဆုံးသွားတဲ့အတွက်ကြောင့် မိဘနှစ်ပါး ဒုက္ခရောက်ရသလို သားသမီးတွေလည်း ဒုက္ခတွင်းထဲ နစ်မြှပ်ရပါတယ်။


ဒီတော့ သူတို့တွေတောင် အဆင်မပြေစွာ နေထိုင်ရတဲ့အတွက် သူမရော အဆင်ပြေပြေနဲ့ နတ်ပြည်ကို ရောက်လာသင့်တယ်လို့ ထင်သလားလို့ သူမကို မေးခွန်း ပြန်ထုတ်လိုက်ပါတယ်။
ဒီတော့မှ သူမလည်း ကောင်းကောင်း သဘောပေါက်သွားပါတယ်။
သူမကိုယ်သူမ တစ်ခါမှ ဂရုမစိုက်မိပဲ သာမာန်ဖျားတာနာတာလောက်ဆိုရင် ဆေးမြီးတိုလေးနဲ့ ပိုက်ဆံအကုန်သက်သာအောင် ဖြစ်သလိုပဲ ရမ်းကုလုပ်ခဲ့ပါတယ်။
၂၄နာရီလုံးလုံး သူတို့တွေအတွက်ချည်း စဉ်းစားပြီး သူတို့အဆင်ပြေအောင် လုပ်ပေးဖို့တစ်ခုကိုသာ ဦးတည်မိပါတယ်။


တကယ်လို့ မိသားစုကို တကယ်ချစ်တယ်ဆိုရင် မိန်းမတွေဟာ ကိုယ့်ကိုယ်ကို အရင်ဆုံးချစ်ခင်မြတ်နိုး တန်ဖိုးထားရမယ်ဆိုတာကို မေ့နေတတ်ပါတယ်။
ကိုယ့်ကိုယ်ကို ကျန်းမာပျော်ရွှင် အသက်ရှည်အောင် နေဖို့အတွက် မေ့နေကြပါတယ်။
ယောကျာ်းပဲဖြစ်ဖြစ် ၊ မိန်းမပဲဖြစ်ဖြစ် လူတိုင်းဟာ ကိုယ့်ကိုယ်ကို အရင်ဆုံးဂရုစိုက်ပြီးမှ တခြားသူပေါ်ကို ကိုယ့်ရဲ့စိတ်တွေကို ထပ်မံနှစ်မြှပ်သင့်ပါတယ်။


မိဘတွေရဲ့ ဝေရာဝစ္စ ၊ သားသမီးကိစ္စ ၊ လင်ယောကျာ်းအတွက်ဆိုပြီး နေ့တဓူဝ ဆောင်ရွက်လာကြရာမှာ ပင်ပန်းရင်နားပါ။ ကိုယ့်ရဲ့ကျန်းမာရေးမှ မကောင်းရင် နောက်ထပ်လည်းစွမ်းဆောင်နိုင်မှာ မဟုတ်တော့ပါဘူး။


ဘယ်လောက်ပဲ ချစ်တယ်ပြောပြော၊ လုပ်ပေးချင်ပါတယ်ပဲပြောပြော ကိုယ်မှမစွမ်းရင် ဘာမှလုပ်လို့မရတော့ပါဘူး။
လောကမှာရှိတဲ့အရာတွေအားလုံးရဲ့ တည်မြဲခြင်းဟာ အမြဲမဟုတ်ပါဘူး။ အချိန်မရွေး ပျောက်ကွယ်သွားနိုင်တဲ့အတွက် ကျွန်မတို့အားလုံးဟာ ခဏအရောက်လာကြတဲ့ ခရီးသည်တွေပါပဲ။


ရောက်ရှိလာချိန်မှာ တစ်ထောက်နားသင့်ရင် နားပါ။ အမောပြေမှ ခရီးဆက်ရင် ခရီးဆုံးထိကို တဖြည်းဖြည်းနဲ့အရောက်သွားနိုင်မှာပါပဲ။
ခရီးတစ်ခုလုံးကို မနားမနေ ကိုယ့်ကိုယ်ကို မငဲ့ပဲ ဆက်တိုက်သွားနေမယ်ဆိုရင်တော့ ကျန်ရှိလူတွေလည်း ဒုက္ခရောက်သလို ကိုယ်လည်း ချစ်သောသူတွေနဲ့ ကွေကွင်းရတယ်ဆိုတာလေး မမေ့ပါနဲ့။
သူများတွေကိုမချစ်ခင် ကိုယ့်ကိုယ်ကို အရင်ဆုံးချစ်။
နည်းမှန်လမ်းမှန်ချစ်။


Credit : မနုဿ ရဲ့ စာမျက်နှာလေးများ

https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.120616

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...