စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မိုက်တိုင်ဆန်က အရုပ်ဗူး ဖောက်တော့





အရုပ်ဖူးဖောက်တာပဲ ဖြစ်ဖြစ် ဘာဗူး ဖောက်တာပဲ ဖြစ်ဖြစ် Unboxing လို့ခေါ်ပါတယ်။ boxing ဆိုတာကတော့ လက်ဝေ့ ဖြစ်ပါတယ်။ ဒီတော့ A boxer unbox ဆိုရင် လက်ဝှေ့သမားက ဗူးဖောက်တယ်လို့ ဆိုလို ပါတယ်။

မိုက်တိုင်ဆိုတာ ကမ္ဘာက မသိသူ အင်မတန် ရှားခဲ့တဲ့ တစ်ချိန်တုန်းက အင်မတန် အောင်မြင်သော လက်ဝှေ့ချန်ပီယံ တစ်ဦး ဖြစ်ပါတယ်။ သူဟာ ယနေ့မှာ လက်ဝှေ့အားကစားကနေ အနားယူပြီး အခြားစီးပွားရေးနဲ့ ရုပ်သံလိုင်းတို့မှာ ဖော်ဖြေတာတို့ ပြုလုပ်ပါတယ်။ တီဗီ ချယ်နယ် တစ်ခု အနေနဲ့ သူ့ကို အရုပ်အသစ် တစ်မျိုးကို ဗူးဖောက် မိတ်ဆက်တဲ့ ပြကွက်လုပ်ဖို့ ဖိတ်ခေါ်ခဲ့ပြီး တီဗီ ကြည့် ပရိတ်သတ်များ အရှေ့များ လုပ်ပြခဲ့ ပါတယ်။

သူ့ရဲ့ လုပ်ဆောင်ပြသမှုနေရာမှာ အခြားလူတစ်ယောက် ဆိုရင် ဒါဟာ ဘာမှ ထူးခြားမှာ မဟုတ်ပါဘူး။ အခုတော့ မိုက်တိုင်ဆိုတာ သွေးရဲ သံရဲနဲ့ လက်ဝှေ့ထိုးသတ်တဲ့ လူတစ်ယောက် အဖြစ် သိထားတော့ သူ့အနေနဲ့ ကလေးကစားစရာ အရုပ်ကလေးကို ဖောက်ပြီး ခေါင်းဖီးပေးတာ ကိုင်တွယ်ပြသ နေတာဟာ ကြောက်စရာ ရုပ်ရှင်ဇာတ်ကား တစ်ကားကြည့်ရသလို ခံစားရကြောင့် အများစုက ဆိုပါတယ်။

သင်ခန်းစာ -

လူတိုင်းမှာ မိမိရဲ့ ပင်ကိုယ်စရိုက်၊ အမူအကျင့်ဟာ ဘယ်လိုဖြစ်တယ်ဆိုတာ ကြိုးစား ပြင်ယူလုပ်ယူနိုင်ခွင့်ရှိပါတယ်။ မိမိဟာ အင်မတန် ရက်စက်တတ်သူ ပုံစံယူထားရင်တော့ အချိုသာဆုံး ဖြစ်အောင် ကြိုးစား စကားပြောသည့်တိုင် အများအမြင်မှာ ကြောက်စရာတောင် ဖြစ်နေပါအုံးမယ်။ မိုက်တိုင်ဆန်ဆိုတာ လက်ဝှေ့ထိုးတတ်သူ ဖြစ်တော့ အရုပ်ကို ကိုင်တဲ့အခါ လူအများ ကြောက်ကြသလို ပါပဲ။ မိမိသာ အကယ်၍ လက်ဝှေ့သမား မဟုတ်ရင် ပတ်ဝန်းကျင်က မိမိကို မြင်တဲ့ အမူအကျင့် ပုံစံများကို သတိထား ထိန်းသိမ်း၊ ပြုပြင် သွားရန် လိုအပ် ပါတယ်။
.
Ref: metro
အောင်ခမ်း
http://www.innewsmyanmar.com/?p=1425

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...