စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







"အမေ့ကို မမေးရဲပါ"

မိဘနှစ်ပါးစလုံး၏ ကြင်နာနွေးထွေးမှုက ကလေးငယ်များ၏ အနာဂတ်သာယာရေးအတွက် အရေးကြီးဆုံးဖြစ်သည်-ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
 
အဖေ့ကို နောက်ဆုံး မြင်လိုက်ရတာက သူ့အသက်လေးနှစ်လောက်မှာဖြစ်သည်။ အဖေ့လက်များက နွေးထွေးသည်။ အဖေသည် သူနှင့်အတူ ဘောလုံးကန်တတ်သည်။ အိမ်ရှေ့ရေမြောင်းထဲမှာ လွှတ်ဖို့ သစ်သားသင်္ဘောလေးလည်း လုပ်ပေးတတ်သည်။ သူ့ကိုချီထားသော အဖေ့လက်ကြီးများက အမေ့လက်နှင့်မတူ၊ သန်စွမ်းကြံ့ခိုင်လှသည်။ သည်လောက်ပဲ သူမှတ်မိတော့သည်။ ဘာလို့လဲဆိုတော့ အမေနှင့်ကွဲသွားကတည်းက အဖေကဇင်ကို့ကို ဘယ်တော့မှ လာမတွေ့တော့။ အမေ့ကိုလည်းဇင်ကို မမေးရဲ။ ယခုဇင်ကို အသက်ဆယ်နှစ်ရှိပြီး ငါးတန်းရောက်နေပြီ။ သို့သော်လည်း ကျောင်းမှာ အခြားကလေးတွေကို လာကြိုကြသည့်  အဖေတွေကို မြင်တိုင်းအဖေ့ကို ဇင်ကိုသိပ်သတိရပါသည်။

‘‘ဟုတ်တယ် ကျွန်မတို့ လင်မယားကွဲသွားကတည်းက စိတ်ကြီးတဲ့ သူ့အဖေကသားကို တစ်ချက်တောင်လာတွေ့ဖော်မရဘူး။ ကျွန်မကတော့ ကလေးကို လာတွေ့ရင် တွေ့ခွင့်ပေးမှာပါ။ သားစိတ် မကောင်းတာ သိပါတယ်။ ဒါပေမဲ့ ကျွန်မလည်း ဘာမှမတတ်နိုင်ပါဘူး’’ဟု
တစ်ဦးတည်း ဇင်ကို့ကိုစောင့်ရှောက်ပြုစုနေသည့် အသက်(၃၅)နှစ်အရွယ် ဇင်ကို့မိခင်  မမင်းမင်းကပြောသည်။ အိမ်ထောင်ကွဲကြသည့်အခါ ဇင်ကိုတို့လို မြန်မာကလေးများက မိဘများကပေးသော စိတ်ဒဏ်ရာကို အခြားကလေးများထက် ပိုခံရပါသည်။ အဘယ်ကြောင့် ဆိုသော် အနောက်နိုင်ငံအများစုမှာ မိဘတွေအဆင်မပြေ၍ ကွာရှင်းကြသော်လည်း သားသမီးနှင့် ဆက်ဆံရေးကို မဖြတ်တောက်ကြပါ။ မိခင်ရော၊ ဖခင်ရော အလှည့်ကျသူငယ်ချင်းများ ကဲ့သို့ တွေ့ဆုံပြီး သားသမီးတွေ အရေးကိစ္စတွေမှာအတူ ဆောင်ရွက်ပေးကြသည်။ တိုင်ပင်ကြသည်။ ထို့အတွက် မိဘများ ကွဲကွာနေသော်လည်း သားသမီးများမှာ မိခင်ရော ဖခင်၏ နွေးထွေးစောင့်ရှောက်မှုနှင့်ပါ  ကြီးပြင်းလာခဲ့ကြသည်။ မြန်မာတွေကတော့ ချစ်လုံးလုံး မုန်းလျားလျားပါဟု မမင်းမင်းက ပြောသည်။
‘‘မြန်မာတွေကတော့ စိတ်ကြီးတယ် ပြောရမလား။ သဘောထားမကြီးဘူး ပြောရမလား။ လင်မယားသဘောထား မတိုက်ဆိုင်လို့ ကွဲကြတယ်ဆိုကတည်းက ပြန်ကို မတွေ့ချင်တော့တာ။ သူ့အပေါင်း ကိုယ့်အပေါင်းကိုလည်း မခေါ်ကြဘူး။ သူကဒီလမ်းလာတယ်ဆိုရင် ကိုယ်ကဟို ဘက်လမ်းကရှောင်တယ်’’

သို့သော် မိဘနှစ်ပါး၏ သည်လိုအပြုအမူက ဇင်ကိုတို့လို ကလေးများအတွက် တစ်သက်စာစိတ်ဒဏ်ရာကို အစပျိုးလိုက်သလိုဖြစ်ပါသည်။ စိတ်ဒဏ်ရာတွေနှင့် ကြီးပြင်းခဲ့ရသော ကလေးများသည် ပတ်ဝန်းကျင်၊ ဘ၀၊ အလုပ်အကိုင်ကအစ အကျိုးသက်ရောက်မှုတွေ ရှိသည်။ စိတ်ပညာရှင်များက ကလေးငယ်များ၏ စိတ်သည်ရေမြုပ်နှင့် ပုံစံတူ၏။ ကလေးတွေက လူကြီးတွေကို တစ်ချိန်လုံးစောင့်ကြည့် အကဲခတ်နေကြပြီး သူတို့ပတ်ဝန်းကျင်ကမ္ဘာရှိအစစအရာရာကို စုပ်ယူဆွဲဆောင်ခံစားတတ်ကြသည်ဟုဆိုသည်။မိဘတွေ အဆင်မပြေဘူး ဟု သူတို့သိလိုက်သည်နှင့် ကလေးတွေကလည်း စိတ်ပူစိုး ရိမ်လာတတ်ကြသည်။ ထိုအ ခါ သူတို့၏စိတ်ကို ဖြေဖျောက် နိုင်မည့် အရာတွေကို ကလေး တွေက လုပ်လာကြပါသည်။ သူ တို့၏ စိတ်ခံစားမှုကို သွယ်ဝိုက် ပြီး ပြသလာကြပါသည်။ အရုပ် တွေကို လွှင့်ပစ်ဖျက်ဆီးခြင်း၊ ကျောင်းစာမှာ စိတ်မ၀င်စားနိုင် ခြင်း၊ အခြားကလေးတွေကို အ ကြောင်းမဲ့ ရန်လိုတိုက်ခိုက်ခြင်း တွေက အိမ်တွင်းရေးမသာယာ သော ကလေးတွေမှာ အဖြစ်များ သည်ဟု ကလေးစိတ်ပညာရှင် များက ရှင်းပြပါသည်။

မိဘများ အိမ်ထောင်ရေး ကွာရှင်းတာတင် မဟုတ်ပါ။ အိမ် မှာနေပြီး ဖခင်နှင့်မိခင် တကျက် ကျက်ဖြစ်နေလျှင်လည်း ကလေး မှာ စိတ်ဆင်းရဲပြီး စိတ်ဒဏ်ရာ ဖြစ်စေပါသည်။ ထို့ကြောင့် အ နောက်နိုင်ငံတွေမှာတော့ လင် မယားခဏခဏ စကားများနေကြ ပြီဆိုလျှင် ပြဿနာကြီးကြီးမား မား မဟုတ်လင့်ကစား ကလေး များရှေ့ရေးအတွက် ကွာရှင်းကြ တာ များပါသည်။ သူအထက် တန်းလောက်မှာ သူ့အဖေနှင့် အမေကွာရှင်းကြတာကို သူ့အနေ ဖြင့် စိတ်မထိခိုက်ဘဲ စိတ်သက် သာရာရခဲ့သည်ဟု အသက်(၄၀)  အရွယ် ကွန်ပျူတာပညာရှင် ဂရခ်ျက ပြောပါတယ်။

‘‘အဖေနဲ့ အမေကွဲတော့ ကျွန်တော်က အထက်တန်း ကျောင်းမှာ တက်နေတုန်း။ တကယ်ပြောတာ သူတို့ကွဲသွားတာ ကျွန်တော်သိပ်ဝမ်းသာတယ်။ နေ့တိုင်းရန်ဖြစ်ကြတာဗျာ။ တအုန်းအုန်း တကျက်ကျက်နဲ့ ကျွန်တော်ရော ညီလေးရော ကျောင်းက နေ အိမ်ပြန်ရမှာကို စိတ်ဆင်း ရဲခဲ့ရတယ်။ ကွဲသွားတော့ နားအေးသွားရော။ ကျွန်တော်တို့ညီအစ်ကို နှစ်ယောက်ကို အဖေရော၊ အမေရောက ပိုဂရုစိုက်လာတယ်။ သူတို့တွေက အပြိုင် အဆိုင် ဖြစ်လာတာကိုး။ ကွဲတာမှ ခပ်ကောင်းကောင်း’’
ကလေးတွေက သူတို့၏ခံ စားချက်ကို ထုတ်ပြောပြော၊ မပြောပြော မိဘတွေက ရန်ဖြစ်နေကြပြီ ဆိုလျှင် ကလေးတွေကလည်း သူ တို့ အပြစ်မကင်းသလို ခံစားရလေ့ရှိသည်ဟု အမေရိကန်က လေး စိတ်ပညာရှင် ဒေါက်တာလီဇာ ဖိုင်ရာစတုန်းက ဆိုပါသည်။ မိဘ အချင်းချင်း မပြေလည်ပါက ကလေးတွေက သူတို့ကိုသူတို့အ ပြစ်တင်ကာ မိသားစုပြန်လည် အဆင်ပြေမည်ဟု ထင်တာတွေ  လျှောက်လုပ်တတ်ကြသည်။ စိတ်မကောင်းစရာကတော့ လူကြီးတွေက ကလေးတွေ စိတ်ထဲဘယ်လိုခံစားရမည်ဆိုတာကို ဂရုမစိုက်ကြခြင်းပင်။ မြန်မာပြည် မှာ ကလေးတွေ ရှေ့မှာ စကားများရန်ဖြစ်ရုံသာမက အချင်းချင်း တစ်ချိန်လုံးရိုက်ပုတ် နေကြသော မိဘများကို မကြာခဏတွေ့ရသည်။

‘‘အဲဒီလို သတ်ပုတ်နေတာ တွေက ကိုယ့်ကလေးကို တစ် သက်လုံးလူညွန့်တုံးအောင် လုပ် လိုက်တာပါပဲ။ ငယ်ငယ်ကတည်း  က အမေ့ကို အဖေကရိုက်ပုတ်နေ တာ ကလေးကတစ်ချိန်လုံး မြင်ခဲ့ ရရင် ရိုက်လိုက်၊ ပုတ်လိုက်မှ အနိုင်ရလာမယ်လို့ ကလေးစိတ် ထဲမှာ ထင်လာမယ်။ ဒီပုံစံပဲ သူ့ ပြဿနာတွေကို ဖြေရှင်းတော့ မယ်။ လူတွေကိုလည်း မကြင်နာ တတ်၊ မသနားတတ်တော့ဘူး။ ကလေးရဲ့ စိတ်တွေကြမ်းတမ်း လာမယ်။ အဲဒါကလေးရဲ့ ကြီး ပြင်းလာတဲ့အခါမှာ လူနေမှုဆက်ဆံရေးပုံစံကိုပဲ ထိခိုက်သွားတော့ တာပါပဲ’’
ဟု ဒေါက်တာလီဇာဖိုင်ရာ စတုန်းက ကလေးစိတ်ရောဂါများ ဆောင်းပါးတွင် ရှင်းပြထားသည်။ သူက ကလေးတွေကို ငဲ့ကွက် ပြီး မိဘတွေက ကိုယ်ရဲ့စိတ်ခံ စားမှုတွေကို အောင့်အည်း သည်းခံပြီးလည်း ဆက်ဆံစရာမလို။ အဆင်မပြေတာကို ကြိတ်မှိတ် ပေါင်းသင်းစရာ မလိုဟုဆိုပါ သည်။ သို့သော်လည်း ကိုယ့် ပြဿနာတွေကို နုနယ်သူကလေး တွေကို ငယ်စဉ်ကတည်းက စိတ်ဒဏ်ရာမပေးမိဖို့လိုသည်။

အဆင်မပြေလို့ လင်မယားချင်း ကွဲတာ တောင်မှ ကလေးကို မိခင် မေတ္တာရော၊ ဖခင်မေတ္တာနှင့်ပါ နွေးထွေး လုံခြုံမှု ပေးအောင်အတူ ကြိုးစားသင့်သည်။ အနောက်နိုင်ငံ များတွင် အိမ်ထောင်ကွဲလျှင် ကလေးအများစုက အမေနှင့် လိုက်နေကြသည်။ သို့သော် ဖခင် က ပုံမှန်လာပြီး ကျောင်းကြိုပေး ခြင်း၊ ပိတ်ရက်မှာ ကစားကွင်း လိုက်ပို့ခြင်း။ ကလေး၏ ကျောင်း အခမ်းအနားတွေမှာအတူ တက် ပေးတာတွေကိုလုပ်ဆောင်ကြ သည်။ ကျန်းမာရေးကိစ္စတွေမှာဆို လျှင်လည်းအတူ တိုင်ပင်ဆောင် ရွက်ကြသည်။

‘‘နည်းနည်းတော့ အစပိုင်း မှာကသိကအောက် ဖြစ်တာပေါ့။ ဒီပစိပစပ်များတဲ့ မိန်းမကို ကျွန်တော်ကြည့်လို့ကို မရဘူး။ ကျွန်တော်မှာလည်း နောက်အိမ် ထောင်နဲ့ သူကလည်း နောက် အိမ်ထောင်နဲ့ပါ။ ဒါပေမဲ့ သူက သမီးတို့ရဲ့ အမေလေ။ ကျွန်တော့် သမီးလေးတွေ စိတ်ဆင်းရဲနေတာ မမြင်ချင်ပါဘူး။ သမီးဘွဲ့ယူတဲ့ အခါ တခြားကလေးတွေလို အဖေနဲ့ အမေအတူရှိနေစေချင် တယ်။ ဒါကြောင့် သူရော၊ ကျွန်တော်ရော အခုတော့ အေး အေးဆေးဆေးပါပဲ’’

ကွဲကွာသွားသည့် ဇနီးသည် နှင့်သမီးတွေ၏ ကျောင်းဆင်းပွဲ ကဲ့သို့ အခမ်းအနားတွေမှာ မကြာ ခဏဆုံလေ့ရှိသည့် မစ္စတာဂျယ်ရီ က ပြောကြားခြင်း ဖြစ်သည်။ ယခုတော့လည်း ကွာရှင်းထားသည့်ဇနီးသည်နှင့်ဂျယ်ရီက သူငယ်ချင်း တွေလိုပြန်ဖြစ်နေပါပြီ။

မစ္စတာဂျယ်ရီ၏ သမီးနှစ် ယောက်လိုတော့ ရန်ကုန်က ဇင် ကိုက ကံမကောင်း။ အမေ့ကို အ ရမ်းစိတ်နာနေသော အဖေက သူ့ ကို အခုထိလုံးဝလာမတွေ့တော့။ သူကိုသိပ်ချစ်ခဲ့သည့် အဖေက ယခုတော့ သူကိုပါရော မုန်းနေ ပြီလား။ အဖေ့ဓာတ်ပုံတွေကို လည်း အမေကအားလုံးမီးရှို့ပစ် လိုက်သည့်အတွက် ဇင်ကို့မှာ ကြည့်စရာတစ်ပုံမှ မကျန်တော့။ သို့သော်လည်း အဖေ့ကိုတော့ ဇင်ကိုအမြဲသတိရပါသည်။ အဖေဘယ်မှာလဲ။ အမေ့ကိုဇင်ကို မေးကြည့်ချင်လှပါသည်။ သို့ သော်မေးလည်း မမေးရဲ။  ။

http://7daydaily.com/story/37773

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...