စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အစကောင်းမှ အနှောင်းသေချာ


အစကောင်းမှ အနှောင်းသေချာဆိုတဲ့ စကားနဲ့ အညီ ပထမအရွယ် ကလေးဘဝကစ ကောင်းခဲ့မှ လူကြီးကောင်း ဖြစ်နိုင်ပါမယ်။ ကလေးကောင်း တစ်ယောက်ဖြစ်ဖို့ ဆိုတာ ပတ်ဝန်းကျင်ကောင်းရှိမှ ဖြစ်ပါတယ်။ လူကြီးတွေ အနေနဲ့ ကလေးတွေအပေါ် ကလေးတစ်ယောက်အပေါ် မှန်ကန်တဲ့ နည်းလမ်းနဲ့ ချစ်တတ်နိုင်ရန် ပန်းပျိုးတဲ့လက်များအတွက် ဒီပို့စ်လေးကို မေတ္တာဖြင့် မျှဝေပေးလိုက်ပါတယ်။

ကလေးတွေကို

(၁) ဆေးလိပ်မီး မညှိခိုင်းပါနဲ့။

(၂) ကိုယ့်တာဝန် ကိုယ်ယူတတ်ဖို့ အမြဲ သင်ကြားပြောပြပါ။

(၃) သူတို့မေးသမျှ မအော်ဟောက်ဘဲ အမှန်ပြောပေးပါ။

(၄) အချို နဲ့ အဆီကို လျှော့ကျွေးပါ။ ဝ လာလျှင် ဝိတ်ချခိုင်းပါ။

(၅) ချစ်လျှင် ငိုအောင် မစ,ပါနဲ့။ သင်က မရည်ရွယ်ပေမယ့် သူတို့လေးတွေကို စိတ်ဒဏ်ရာ ရသွားစေနိုင်ပါတယ်။

(၆) ပတ်ဝန်းကျင်ကို ချစ်တတ်လာအောင် ပြုမူနေထိုင်ပြပေးပါ။

(၇) အားကစား ဝါသနာပါလာရန် နဲ့ အရပ်ရှည်စေရန် သွန်သင်ပေးပါ။

(၈) ဆေးလိပ်၊ ကွမ်း တို့ရဲ့ ဆိုးကျိုးများကို အခွင့်သင့်တိုင်း ပြောပြပေးပါ။

(၉) အဓိကကတော့ စာတတ်အောင် သင်ပေးပါ။

သူငယ်တန်း နိုင်နိုင် ဆယ်တန်း နိုင်နိုင် ထားနိုင်တဲ့အတန်းအထိ ထားနိုင်ရုံတင်မက တက်ရောက်နေတဲ့ အတန်းစာကို ပိုင်နိုင်တဲ့အထိ သင်ပြပေး၊ ဂရုစိုက်ကြည့်ပေးရင်း ကလေးတို့ရဲ့ အနာဂတ်ကို လှပအောင် ဖန်တီးထုဆစ်ပေးလိုက်ပါ။

သင့် ကဲ့သို့.. သင့် ကဲ့သို့..သင့် ကဲ့သို့ …..

စုစည်းတင်ပြသူ – LILY
Yangon Life

https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.120616274

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...