စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







နိုင်ငံတော်ဂုဏ်သိက္ခာနှင့် ငွေစက္ကူ

ဒီတစ်ပတ်ဆောင်းပါးမှာ မြန်မာငွေစက္ကူအကြောင်း  နည်း နည်းရေးချင်ပါတယ်။ သိကြတဲ့ အတိုင်း မြန်မာငွေစက္ကူတွေဟာ အရည်အသွေးကောင်းမွန်မှုမရှိ လှတာကြောင့်  မကြာခဏနွမ်း လွယ်၊ စုတ်လွယ်ပါတယ်။ အရည် အသွေးကလည်း ညံ့၊ ကတ်သုံးတဲ့၊ စက်သုံးတဲ့ ယဉ်ကျေးမှုကလည်း မတွင်ကျယ်သေးတော့ မြန်မာငွေ စက္ကူတွေဟာ လူတွေလက်ထဲမှာ မကြာခဏရောက်ရှိပြီး ခပ်နွမ်း နွမ်းဖြစ်တတ်တာ အားလုံးကြုံဖူး ကြပါလိမ့်မယ်။

အခုဆို မြန်မာငွေစက္ကူအတု ပြုလုပ်တာမျိုးတွေ  ခပ်စိပ်စိပ် ကြားလာရပါတယ်။ ပြည်တွင်းမှာ အတုပြုကြသလို ပြည်ပကနေပြီး လည်း  အတုတချို့ဝင်တယ်ဆို တာမျိုး  သတင်းတွေမှာ ဖတ်ရှုရပါ တယ်။ ပြည်တွင်းငွေကြေးအရည်အသွေးက တက်မလာ၊ နိုင်ငံခြား ကလာတဲ့ မိတ္တူစက်၊ ကာလာစက်တွေရဲ့ အရည်အသွေးက မြင့်သ ထက်မြင့်လာဆိုတော့ အတုလုပ် လိုသူတွေ၊ အစစ်နဲ့ အတုရောညှပ်အသုံးပြုလိုသူတွေအတွက် အကြံ အဖန်လုပ်ရတာ သိပ်ခက်ခဲကြ မယ် မဟုတ်ပါဘူး။
မြန်မာနိုင်ငံမှာ ငွေစက္ကူတွေ အလွယ်တကူနွမ်းဖတ်ပြီး အဲဒီ အနွမ်းအဖတ်တွေကို လဲလှယ်သုံး စွဲနေရတာ နှစ်ပေါင်းများစွာ ကြာ မြင့်လှပြီ ပြောလို့ရပါတယ်။

စစ် အစိုးရလက်ထက်တုန်းကတော့ ငွေစက္ကူအတန်သေးရှားပါးတဲ့ ကာလ   ကြီးကြီးမားမားရှိခဲ့ဖူး တယ်။ တချို့နေရာတွေမှာ ငွေ စက္ကူအစား အမှတ်အသားတချို့ နဲ့ လဲလှယ်ပြီး ငွေစက္ကူအသေး လက်ဝယ်ရမှ ပေးထားတဲ့ အမှတ်အသားပါ စာရွက်တွေနဲ့ ပြန်လဲ လှယ်ပေးခဲ့ရတဲ့အထိ အောက်ခြေ မှာ ကိုယ့်နည်းကိုယ့်ဟန် ဖြေရှင်း ခဲ့ရဖူးတယ်။

ဒီလိုဆို စာရေးသူတို့ရဲ့ အိမ် နီးချင်းနိုင်ငံတွေဆီ  နည်းနည်း ကြည့်ရအောင်။ သူတို့ရဲ့ ငွေစက္ကူ အခြေအနေတွေက ဘယ်လိုရှိပါ လိမ့်လို့ သိချင်ကြပါလိမ့်မယ်။ သိ တဲ့သူများကလည်း မေးမှ မေးရက် ပလေဗျာလို့ ဖြေကြပါလိမ့်မယ်။ သိကြတဲ့အတိုင်း ထိုင်းနိုင်ငံမှာဆို သူတို့ရဲ့ ငွေစက္ကူတွေက အလန်း တွေ များပါတယ်။ ဟောင်းနွမ်းတဲ့ ငွေစက္ကူဆိုတာ တွေ့ရခဲပါတယ်။ စာရေးသူ အတွေ့အကြုံအရ ထိုင်းနိုင်ငံရဲ့ ငွေစက္ကူသစ်လွင်မှု အခြေ အနေဟာ ဥရောပတိုက်က ဆွီဒင်နိုင်ငံထက်တောင် သာချင်ပါတယ်။

ဆွီဒင်မှာရှိစဉ် သူတို့ငွေစက္ကူ တွေဟာ ထိုင်းငွေစက္ကူထက်စာ ရင် သစ်လွင်မှုနည်းပါးတာ သတိ ပြုမိပါတယ်။ တခြားအိမ်နီးချင်း ဘယ်နိုင်ငံတွေဆီသွားသွား သူတို့ ရဲ့ ငွေစက္ကူအခြေအနေဟာ မြန်မာ့ငွေစက္ကူအခြေအနေထက်တော့ ကောင်းမွန်သာလွန်တာမျိုး တွေ့ရမှာဖြစ်ပါတယ်။
နိုင်ငံတကာ သုတေသနတစ် ခုမှာ လူတွေ အရွံ့ရှာဆုံးထဲက တစ်ခုက ငွေစက္ကူအဟောင်းအ နွမ်းတွေပါ။ အဓိပ္ပာယ်က ငွေစက္ကူအဟောင်းဆိုတာ လူတကာလက် ထဲရောက်ခဲ့ပြီးတဲ့ သဘောဖြစ်လို့ ပိုးမွှားတွေ ပိုမိုကပ်ငြိနေတတ် တယ်ဆိုတဲ့ အမြင်မျိုးရှိပါတယ်။

 ဒါကြောင့် အစိုးရတစ်ရပ်ဟာ သူ့ငွေကြေးကို အမြဲဂရုစိုက်ရပါ တယ်။ ငွေကြေးများ ဟောင်းနွမ်း  နေခြင်းဟာ နိုင်ငံတော်ဟောင်း နွမ်းခြင်းကိုလည်း ကိုယ်စားပြုရာ ရောက်ပြီး နိုင်ငံတော်အစိုးရရဲ့ လုပ်ရည်ကိုင်ရည်ညံ့ဖျင်းခြင်းကို လည်း လူသိရှင်ကြားဖော်ပြရာ ရောက်ပါတယ်။ မြန်မာပြည်သူ တွေက အဟောင်းယဉ်ကျေးမှုနဲ့ ယဉ်ပါးပြီးသားမို့  ဒီလောက်ဂရုပြု စရာမလိုပါဘူးလို့ တွေးဆနိုင်ပေ မယ့် ဒီနေ့ခေတ်မှာ နိုင်ငံခြားသား တွေ မြန်မာနိုင်ငံကို နည်းအမျိုးမျိုး နဲ့ အရောက်အပေါက်များကြပါ တယ်။ ဆိုင်ကြီး၊ ဆိုင်သေးနေရာ တကာမှာ ဈေးဝယ်ကြပါတယ်။ သူတို့ ပြန်ရတဲ့ ပိုက်ဆံတချို့ဟာ ယုံနိုင်ဖွယ်မရှိပါဘူး။

တချို့ဆို ဟောင်းနွမ်းတွန့်ကြေပြီး အပြဲအ ဖာအရာတွေနဲ့ မြန်မာပိုက်ဆံကို အမှတ်တရဓာတ်ပုံရိုက်ယူတာ မျိုး၊ သီးသီးသန့်သန့် အမှတ်တရ  သိမ်းဆည်းထားတာမျိုး ရှိပါတယ်။ကိုယ်တွေ့ကြုံဖူးလို့ ရေးတာပါ။ မြန်မာ့သိက္ခာ ဘယ်လောက်ကျ သလဲဗျာ။
အာရှအချို့နိုင်ငံတွေမှာဆို ရင် ရေစိုခံတဲ့ ပလတ်စတစ်ပိုက်ဆံ မျိုးတွေတောင် အသုံးပြုနေပါပြီ။ သူတို့ဆီမှာ ကတ်ယဉ်ကျေးမှုက လည်း ခိုင်ခိုင်မာမာထွန်းကားနေ ပြီမို့ လူနဲ့ ပိုက်ဆံထိတွေ့မှုက ပို ပြီးသာ နည်းလာပါတယ်။ ဒီတော့ ငွေစက္ကူအရည်အသွေးက တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်ပြီးရင်း တိုး တက်တာပေါ့ဗျာ။ ငွေစက္ကူကနေ ကတ်တွေနဲ့ သုံးတယ်။ စက်တွေနဲ့ သုံးတယ်။ စက္ကူငွေကြေးကနေ ပလတ်စတစ်ငွေကြေးဖြစ်တယ်။ နောင် ဒီထက်ကောင်းမွန်အောင် ကြံဆလုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။

စာရေးသူတို့ဆီမှာကတော့ ငွေစက္ကူအဓိကသုံးစွဲနေရတာ ဒီ နေ့ခေတ်အထိပါပဲ။ ကတ်တွေ၊ စက်တွေပေါ်လာပြီဆိုပေမယ့် အ များပြည်သူ လက်လှမ်းမီဖို့၊ အများသုံးဖြစ်ဖို့ကတော့ အချိန်အတော် ယူရဦးမှာ ဖြစ်ပါတယ်။ ရန်ကုန်၊ မန္တလေးမြို့ကြီးတွေမှာတောင် လူဦးရေထက်ဝက်မပြောနဲ့ ၉၀ ရာ ခိုင်နှုန်းလောက်က ငွေကြေးဆိုင် ရာ ဘဏ်ကတ်တွေရှိကြဦးမယ် မထင်ပါဘူး။ စစ်အစိုးရ မြန်မာ နိုင်ငံကို ၂၂ နှစ် အုပ်ချုပ်သွားတယ်ပြောလို့ရတယ်။ ကတ်ယဉ်ကျေး မှုကို မထူထောင်သွားနိုင်ဘူး။ အခုလက်ရှိအစိုးရလည်း သက်တမ်း ၅ နှစ်ပြည့်တော့မယ်။ ငွေကြေး သုံးစွဲမှုဆိုင်ရာ ယဉ်ကျေးမှုတစ် ရပ်ကို မထူထောင်နိုင်ဘူး။

လူ့အဖွဲ့အစည်းအတွင်း ဒီ လိုအများပြည်သူသုံး ကဏ္ဍတစ် ရပ် ထိထိရောက်ရောက်ပြုပြင် ပြောင်းလဲမှုဆိုတာ ကောင်းမွန်တဲ့ အစိုးရ၊ ကောင်းမွန်တဲ့ စီမံခန့်ခွဲမှု တွေနဲ့ တိုက်ရိုက်ပတ်သက်ဆက် စပ်နေတာ ဖြစ်ပါတယ်။ သင်တန်းတွေ ပေးရတာ၊ ဖွင့်ရတယ်ဆိုတာ လွယ်ပါတယ်။ အဆောက်အအုံ တွေ၊ လမ်းပန်းဆက်သွယ်ရေး တွေဆိုတာ လုပ်ရင် ဖြစ်ပါတယ်။ ငွေရှိရင်၊ အာဏာရှိရင် ဒါတွေဖြစ် ပါတယ်။ သို့သော် လူတွေရဲ့ အမူ အကျင့်၊ အတွေးအခေါ်တွေကို ပြုပြင်ပြောင်းလဲစေတဲ့၊ ယဉ်ကျေး မှုအဆင့်အတန်းတစ်ခုကို ကူး ပြောင်းစေတဲ့ သန့်ရှင်းသပ်ရပ်တဲ့ ဘတ်စ်ကားစနစ်မျိုး၊ အမှိုက်သိမ်းစနစ်မျိုး၊ ငွေစက္ကူကနေ ကတ် စနစ်ကို ပြောင်းလဲလာတာမျိုး သိပ်မတွေ့ရပါဘူး။

အိမ်နီးချင်းနိုင်ငံတွေနဲ့ မြန် မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ယှဉ်ကြည့်ရင် ကွာခြားချက်တွေ အများကြီး တွေ့ရပါလိမ့်မယ်။ ယေဘုယျကြည့်ရင်တော့ မြန်မာ့ ဖွံ့ဖြိုးမှုဟာလည်း သူ့အိမ်နီးချင်း တွေလိုပဲလို့ ထင်မြင်စရာရှိပါ တယ်။ ဆိုလိုတာ နိုင်ငံခြားကုမ္ပဏီ တွေ ပိုမိုဝင်ရောက်လာတယ်။ ဟိုတယ်တွေ၊ အဆောက်အအုံကြီး တွေ အနှံ့အပြားဖြစ်ထွန်းလာ တယ်။ အိမ်ဈေး၊ မြေဈေးတွေ တက်လာပါတယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုမိုပေါ်ပေါက် လာတယ်။ ဒါတွေက ယေဘုယျ အခြေအနေပါ။

သေသေချာချာ မြင်အောင် ကြည့်ပါ။ သူများနိုင်ငံတွေမှာ တိုး တက်တယ်ဆိုတာ စနစ်ကျတယ်။ တဆင့်ချင်းပြောင်းလဲသွားတာ ဖြစ်တယ်။ လူတွေရဲ့ အမူအကျင့် တွေ ပြောင်းလဲသွားတယ်။ အဲဒီ လို ပြောင်းလဲသွားစေမယ့် ၀န်းကျင်တွေ ဖြစ်ထွန်းလာတယ်။ အဲဒီလို ပြည်သူတွေဘ၀တိုးတက်မြင့်မား စေဖို့ လုပ်ဆောင်ပေးတဲ့ နိုင်ငံ့ဝန် ထမ်းအဖွဲ့အစည်းတွေရဲ့ စွမ်း ဆောင်ရည်အားကောင်းတယ်။
ဒီမှာကတော့ သိတဲ့အတိုင်း ၀န်ထမ်းအဖွဲ့အစည်းတွေရဲ့ စွမ်း ဆောင်ရည်က အရင်ခေတ်နဲ့ အခု ခေတ် ဘာမှထူးထူးခြားခြား ပြောင်းလဲလာတာမျိုး မရှိလှသေးပါဘူး။ ခပ်ဖြည်းဖြည်းချင်းပဲ ရွေ့နေတာ ပါ။ ရုံးတွေဆီ သွားကြည့်ပါ။ အရင်လို စာအုပ်ကြီးတွေအတိုင်း အ လုပ်လုပ်နေကြဆဲပါ။ လူတွေက လည်း အစိုးရရုံးတွေနဲ့ဆို မဆက် ဆံချင်ကြတာ အခုအချိန်အထိ အပြောင်းအလဲမရှိပါဘူး။ အိမ်နီး ချင်းနိုင်ငံတွေမှာ ပြောင်းလဲတယ် ဆိုတာ ၀န်ထမ်းအဖွဲ့အစည်းတွေ ဆီထိ ကူးစက်လာတာပါ။ အစိုး ရ၀န်ထမ်းတွေ လစာကောင်းတဲ့ ပြင်ပအလုပ်အကိုင်တွေဆီ ရောက်သွားတယ်။ အစိုးရ၀န်ထမ်းအ သစ်တွေ ထပ်ခန့်တယ်။ နောက် တော့ အစိုးရ၀န်ထမ်းလောကနဲ့ အပြင်ကုမ္ပဏီ၊ အဖွဲ့အစည်းလောက ဘာမှသိပ်မကွာဘူး ဖြစ်လာ တယ်။ လုပ်ပုံကိုင်ပုံ၊ နေပုံထိုင်ပုံ၊ ရုံးအသုံးအဆောင်တွေကအစ အစိုးရရုံးနဲ့ အပြင်လုပ်ငန်းတွေ သိပ်မကွာလှဘူး။

ဒီမှာကတော့ အစိုးရအလုပ် ထဲက လူတွေက အပြင်မှာ သွား အလုပ်လုပ်ဖို့ဆိုတာ မလွယ်လှ ဘူး။ ၀န်ထမ်းအများစုကိုယ်၌က လည်း ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမရှိကြဘူး။ အပြင်အလုပ်က အာ မခံချက်မရှိမှာ ကြောက်ကြတယ်။ အစိုးရအလုပ်ကျတော့ လစာ နည်းပေမယ့် အေးအေးသက်သာ နေလို့ရတယ်။ ဒီတော့ အစိုးရအ လုပ်မှာ လစာနည်းတာ အကြောင်းပြပြီး တီထွင်ကြံဆအားကြိုးမာန် တက်လုပ်တယ်ဆိုတာ မရှိလှဘူး။မလုပ်၊ မရှုပ်၊ မပြုတ်ဆိုတဲ့ ယဉ် ကျေးမှုက အပြောင်းအလဲမရှိဘူး။

နေစမ်းပါဦး။ ဒီလိုဝန်ထမ်း လောကအခြေအနေတွေနဲ့ ငွေ စက္ကူတွေ ဘာဆိုင်လို့လဲ မေး စရာရှိတယ်။ အခု ဒီနိုင်ငံမှာ ဖြစ် နေတဲ့ ကွမ်းတံတွေး အလွယ် တကူထွေးတာ၊ အမှိုက်တွေ တိုက်နောက်ဖေးမှာ အလွယ်တ ကူပစ်ကြတာ၊ အများပြည်သူသုံး ပို့ဆောင်ရေးစနစ် ညံ့ဖျင်းတာက အစ ငွေစက္ကူအဟောင်းအမြည့်တွေ သုံးစွဲနေရတာဟာ အစိုးရ တစ်ရပ်ရဲ့ စီမံခန့်ခွဲမှုအားနည်း လို့ ဖြစ်တယ်။ ငွေစက္ကူဆိုတာ နိုင်ငံတော်ရဲ့ အမှတ်အသား၊ နိုင်ငံတော်ရဲ့ ပုံရိပ်၊ နိုင်ငံတော်ရဲ့ ဂုဏ် သိက္ခာ။ ဒီတော့ ဒီအမှတ်အသား၊ ဒီပုံရိပ်၊ ဒီဂုဏ်သိက္ခာကို ခမ်းနား ထည်ဝါစေမယ့် ၀န်းကျင်ဖန်တီး ပေးဖို့ အစိုးရတစ်ရပ်မှာ တာဝန်ရှိတယ်။ အဲဒီအတွက် ငွေကြေး စက္ကူသုံးစွဲမှုအစား ကတ်သုံးစွဲမှု  ထွန်းကာလာအောင် လုပ်ဆောင်ပေးရမယ်။ စက်သုံးစွဲမှု ထွန်းကားလာအောင် လုပ်ဆောင်ပေးရမယ်။ ဘဏ်စနစ်တွ အဆင့်အတန်းမြင့်မားလာရမယ်။ လူအများ ထိတွေ့သုံးစွဲနိုင်တဲ့ အခြေအနေရှိရမယ်။

အခုအထိတော့ ဒါတွေ ဘာမှသိသိသာသာ ထင်ထင်ရှားရှားဖြစ်မလာသေးပါဘူး။ အရင် စစ်အစိုး ရလက်ထက်ကတည်းက ဒီငွေ ကြေးအဟောင်းအနွမ်းကိစ္စက ရှိ နေခဲ့တာပါ။ ATM တွေ ငွေထုတ် စက် ၂၀၀၀ ပြည့်နှစ်ဝန်းကျင်လောက်မှာ ပေါ်လာဖူးတယ်။  ခဏပါပဲ။ ပျောက်ကွယ် မှေးမှိန်သွားတာပါပဲ။ အခုတော့ ငွေစက္ကူအသစ်တွေ များများစားစား ပိုမိုရိုက်နှိပ်လာပါတယ်။ သို့သော် ကတ်ယဉ်ကျေးမှု၊ စက်ယဉ်ကျေးမှုက မထွန်းကား၊ ငွေကြေးအရည်အသွေးက တိုးတက်မလာတော့ ငွေကြေးနွမ်းဖတ်မှုက စစ်အစိုးရလက်ထက်လောက်ကလောက်

မဆိုးတော့ဘူးဆိုရင်တောင် ဒေသအခြေအနေ၊ နိုင်ငံတကာအခြေအနေနဲ့ဆိုရင် များစွာအရှက်ရဖွယ်အခြေအနေမှာ ရှိနေသေးကြောင်း တင်ပြရပါတယ်။

http://7daydaily.com/story/36782#.VU3C2pOZHIU

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...