စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မယ်ကန့်လန့် (ကန့်လန့်တိုက်တတ်သူများသတိထားပါ)


ရွာတစ်ရွာမှာဘဲဆိုပါတော့– ။ မိန်းမလုပ်တဲ့သူဟာ ယောင်္ကျား ရဲ့ စကားကိုအမြဲတန်းကန့်လန့်တိုက်
တတ်တယ် ။ ဆန့်ကျင်ဘက်လုပ်တယ် ။ ယောင်္ကျားက အဖြူဆိုရင် သူက မဲတယ် –။ မိန်းမအထာသိတဲ့ယောင်္ကျားက ဘာလုပ်ချင် လုပ်ချင် အမြဲဆန့်ကျင်ဘက်ကိုပြောမှ သူဖြစ်ချင်တာဖြစ်ရတယ်–

ဥပမာ – “ မိန်းမရေ ဒီနှစ် ဘုန်းကြီး ဆွမ်းမကပ်တော့ဘူး ကွာ “
“ အို ဘယ်ဖြစ်မလဲ — ဆွမ်းကပ်ကိုကပ်မယ် “
“ ဒါဆိုလဲကွာ – တစ်ပါးလောက် -အဖြစ်ကပ်လိုက်ပေါ့ “
“ဖြစ်မလား အနည်းဆုံး ငါးပါး ဘဲ –“
“အင်းလေ မင်းသဘောပါဘဲ – လူကိုတော့ အိမ်နီးချင်း ခေါင်းရင်း – ခြေရင်းလောက်ဘဲ ဖိတ်ပေါ့ “
“မရပါဘူး မိတ်ဆွေတွေ အားလုံးကို ဖိတ်မယ် “

ဒီလိုဘဲ သူဖြစ်ချင်တာ ရဘို့ မိန်းမကိုဆန့်ကျင်ဘက်ပြောပြောနေရတာ ကြာတော့ငြီးငွေ့လာတယ် –တစ်နေ့တော့ အခွင့်ကြုံလာတယ် – သူနဲ့ သူ့မိန်းမဟာ ခရီးတစ်ခုသွားရင်း ရေစီးသန် တဲ့ချောင်းတစ်ခုကို အဖြတ်မှာ မိန်းမဖြစ်သူ ချေချော်ပြီး ရေစီးသန်တဲ့ချောင်းထဲကို ကျသွားတယ် ။ ရေစီးနဲ့ အတူအောက်ဘက်ကိုမျောပါသွားပြီး ကယ်ပါယူပါ အော်ဟစ်လျှက်ပေါ့ ။
ယောင်္ကျားဖြစ်တဲ့သူဟာ ရေစီးအတိုင်း မလိုက်ဘဲ ချောင်းအထက်ဘက်ကိုပြေးကာ “ မပူနဲ့ မိန်းမရေ ငါလာပြီ — ငါလာပြီလို့ “အော်သတဲံ့  ။

မိန်းမ ဟာကံကောင်းလို့ သစ်ကိုင်းတစ်ခု ကိုဆွဲမိပြီး သူ့ဘာသာ ကမ်းပေါ်ကိုတတ်လာနိုင်တယ် — နောက်ယောင်္ကျားလုပ်သူကို ရန်တွေ့တော့တယ်–
“ ဘယ်လို လုပ်တာလဲ မိန်းမတစ်ယောက်လုံး ရေစီးအတိုင်းမျော သွားတာကို ချောင်းအပေါ် ဘက်ကိုဘာဖြစ်လို့ သွားတာလဲ “
“ ငါလဲ ပထမတော့ အဲသလို လိုက်ဘို့ ပါဘဲကွာ — ဒါပေမယ့် မင်းက အမြဲတန်း ဆန့်ကျင်ဘက်သမားဆိုတော့ သူများတွေလို ရေစီးအတိုင်း မမျောဘဲ ရေဆန်အတိုင်း မျောလာမယ်ထင်လို့ ဟေ့ “
အဲဒီနေ့က စပြီး မယ်ကန့်လန့်တစ်ယောက် ဆန့်ကျင်ဘက်မလုပ်ရဲတော့ဘူးတဲ့ ။။
(မိတ်ဆွေများ ခင်ဗျား —ခင်ဗျားတို့မိန်းမ ပြောမကောင်းရင် ရေစိးသန်တဲ့ချောင်းထဲ တွန်းချပေတော့)

Credit : ဟာသကုမ္ပဏီ

https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.120616

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...