စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မျောက် နဲ့ လူ


လူတွေဟာ မိမိတို့လက်ခံထားတဲ့ အယူအဆတွေကို မှားလား ၊ မှန်လား ဆန်းစစ်ဖို့ဆိုတာ စိန်ခေါ်မှုတရပ်လို ကြောက်ရွံ.တတ်ကြတယ် ။
မိမိနဲ့သော်လည်းကောင်း ပတ်ဝန်းကျင်နဲ့ သော်လည်းကောင်း မသင့်တော်တဲ့ အယူအဆ အလေ့အကျင့်တွေကို စွန့်လွတ်ဖို့ဆိုတာ စမ်းသပ်မှုထဲက မျောက်တွေလိုပါပဲ ။
လူတွေဟာ ကိုယ်ယုံကြည်ရာကို လွတ်လွတ်လပ်လပ် မပြောရဲအောင် နှိပ်ကွပ်ခံထားရတဲ့ ပတ်ဝန်းကျင်မှာ နုတ်ဆိတ်ကုန်ကြတယ် ။

ဖေ့ဘွတ်ပေါ်မှာ ကိုယ်ယုံကြည်ရာကို ပြောလိုက်တာနဲ့ ၊ အယူအဆဟာ သူတို့နဲ့ ဆန့်ကျင်နေခဲ့ရင် ဆဲမဲ့သူ ၊ ကန့်လန့်တိုက်မဲ့သူ ၊ ရန်ရှာမဲ့သူတွေဟာ ဘယ်ကနေဘယ်လို ပေါ်လာမှန်းမသိ ပေါ်လာကြလိမ့်မယ် ။ နောက်ဆုံး ဘယ်လိုမှ ဆဲမရရင် အကောင့်ကို ရီပို့ထုပြီး ပျက်ဆီးရာ ပျက်ဆီးကြောင်း ကြံစည်ကြတော့တာပဲ ။ မြန်မာလူမျိုးက ဆွမ်းကြီးလောင်းတာလည်း အလွန်ဝါသနာကြီးသူတွေပဲ ။

ဒါဟာ စိတ်ပညာအရ နုတ်ဆွံ နောက်ထပ် မပြောရဲအောင် လုပ်လိုက်တာပဲ ။ တယောက်ကမပြောတော့ နောက်လူတွေလည်း မပြောရဲကြတော့ဘူး ။ နောက်ဆုံး အဲ့လို ပြောတဲ့လူတွေနဲ့တောင် ပတ်သက်ရမှာ ကြောက်တတ်လာတယ် ။ သူတို့ပါရောပြီး အဆဲခံရမှာ ကြောက်လာကြတယ် ။ ပို့စ်တင်တဲ့သူတွေလည်း တဖြည်းဖြည်းနဲ့ ယုံကြည်ရာ အယူအဆတွေကို ပြောဖို့ဆွံ.လာကြတယ် ။ အကောင့်ပုန်းတွေဟာ ထွန်းကားလာပြီး ၊ မတရား ဝါဒဖြန့်မှု ၊ လော်ဘီလုပ်မှုတွေဟာ ပေါ်ပင်ဖြစ်လာတော့တယ် ။ ဒီလိုနဲ့ အမှန်တရားဟာ ဝေဝါးသွားတော့တယ် ။

ကျွန်တော်တင်တဲ့ ပို့စ်အချို.မှာ like လုပ်တဲ့သူတွေကို လာဆဲတာ တကြိမ်ထက်မက ကြုံဘူးတယ် ။ ဘာလို့ ဒီပို့စ်ကို လိုက်ခ် လုပ်တာလဲ ၊ လိုက်ခ် လုပ်တဲ့သူတွေ ဘာဘာညာညာ ဆိုပြီး ပယ်ပယ်နယ်နယ် ဆဲတော့တာပဲ ။

University of Wisconsin က Harry Harlow လုပ်ခဲ့တဲ့ လက်တွေ.စမ်းသပ်မှုလေးက လူတွေရဲ့ အတွင်းစိတ်သဏ္ဍန်ကို ထင်ထင်ရှားရှား မြင်စေခဲ့တယ် ။
သူစမ်းသပ်ခဲ့တာကတော့ မျောက်တွေနဲ့ စမ်းသပ်ခဲ့ပေမဲ့ ။ ရလဒ်က ယခုလက်ရှိ မြန်မာလူမျိုးတွေနဲ့ တူနေလို ဘာသာပြန်ပေးလိုက်ပါတယ် ။

လက်တွေ စမ်းသပ်မှု
……………………..
၁။ သိပ္ပံပညာရှင် အုပ်စုဟာ မျောက် ၅ ကောင်ကို လှောင်အိမ်ထဲထည့်တယ် ။ လှောင်အိမ်ထဲမှာ လှေကားတဆင်းကိုလည်း ထည့်ပြီး လှေကား အပေါ်တည့်တည့်မှာ ဌက်ပျောသီးတွေကို ချိပ်ဆွဲထားတယ် ။

၂။ မျောက်တွေက ဌက်ပျောသီးမြင်တော့ စားဖို့ အလုအယက်လှေကားကို တက်ကြတယ် ။ အဲ့လို တက်တိုင်း သိပ္ပံ ပညာရှင်တွေက လှေကားပေါ် မတက်တဲ့ မျောက်တွေကို ရေခဲရေနဲ့ ပက်တယ် ။

၃။ အချိန်ကြာလာတဲ့အခါ မျောက်တွေဟာ လှေကားပေါ်တက်တဲ့ မျောက်ကို ဆွဲချကိုက်တယ်။ (သူတို့ရဲ့ အတွေးမှာ ထိုမျောက်လှေကားပေါ်တက်လို့ ကျန်တဲ့သူတို့ ရေခဲရေနဲ့ အပက်ခံရတယ်လို့ ခံစားနေကြရတာကိုး )

၎။ ကြာလာတော့ ဌက်ပျောသီးစားချင်သော်လည်း ဘယ်မျောက်မှ မတက်ရဲတော့ဘူး ။ (တက်ရင် ဆွဲချ ကုတ်ဖဲ့ခံရမယ်ဆိုတာ သိနေလို့ )

၅။ သိပ္ပံပညာရှင်တွေဟာ မျောက်အသစ်တကောင်နဲ့ လှောင်ချိုင့်ထဲက မျောက်ကို လဲပြီထည့်လိုက်တယ် ။ မျောက်အသစ်က လှောင်ချိုင့်ထဲ ရောက်တယ်ဆိုရင်ပဲ ဌက်ပျောသီးကို မြင်တော့ လှေကားကို တက်ဖို့ ကျိုးစားတုန်း အခြားမျောက်တွေက ဆွဲချ ကုတ်ဖဲ့တယ် ။ မျောက်အသစ်လည်း သုံး ၊ လေးကြိမ်ကျိုးစားပြီး သဘောပေါက်သွားတယ် ။ သူတက်ရင် ခံရတော့မယ်ဆိုတာ ။

၆။ ဒုတိယ မျောက်အဟောင်းတကောင်ကို အသစ်တကောင်နဲ့ လဲလိုက်တယ် ။ ပထမမျောက်လိုပဲ တက်ဖို့ကျိုးစား ၊ ဆွဲချကုတ်ဖဲ့ ။ ပထမမျောက်ကတော့ ဆွဲချတဲ့ အုပ်စုနဲ့ပေါင်းမိသွားပြီး ဆွဲချတဲ့ အဖွဲ.ဝင်ဖြစ်သွားတယ် ။

၇။ တတိယမျောက် ၊ စတုတ္ထမျောက် ၊ ပဉ္စမမျောက် လဲလိုက်ပေမဲ့ အဖြစ်အပျက်က အတူတူပဲဖြစ်နေတယ် ။ တက်ဖို့ကျိုးစား ၊ ဆွဲချ ကုတ်ဖဲ့ ။ လှောင်ချိုင့်ထဲမှာ ရေခဲရေ လုံးဝပက်ခြင်း မခံရတဲ့ မျောက်တွေပဲ ကျန်နေသည်အထိ လှေကားပေါ်တက်တဲ့ မျောက်ကို ဆွဲချနေဆဲပဲ ။

၈။ တကယ်လို့များ မျောက်တွေသာ စကားပြောနိုင်ရင် ဘာလို့ဒီလိုလုပ်တာလည်းလို့ မေးရင် ၊ ငါလည်းမသိဘူး ၊ ဒီမှာတော့ ဒီလိုလုပ်နေကြတာပဲ ဆိုတဲ့ အဖြေပေးမယ် ထင်ပါတယ် ။ (ဒီလိုအဖြေမျိုးဟာ ကျွန်တော်တို့ ပတ်ဝန်းကျင် အတော်နားယဉ်နေတဲ့ ဆင်ခြေမျိုးပါ )

ငါတို့ဟာ ဘာကြောင့် ဒီလိုလုပ်နေကြတာလည်း ၊ တခြား ဒီထက်ကောင်းတဲ့ နည်းလမ်းမရှိတော့ဘူးလား လို့ သင်ကိုယ်တိုင်လည်း ပြန်မေးကြည့်ပါအုန်း ၊ တခုခုမလုပ်ခင်မှာ သူများလုပ်လို့ ငါလုပ်မှာလား ၊ ဆွမ်းကြီးလောင်းမှာလား ၊ ငါ့စိတ်ကလုပ်ချင်နေလို့ လုပ်မှာလား ၊ နှစ်ကြိမ်လောက်တော့ စဉ်းစားပါ ။ အကြိမ်များများစဉ်းစားရင် မကောင်းမှု လုပ်ချင်စိတ် တကြိမ်ထက်တကြိမ် နည်းပါးလာပါလိမ့်မယ် ။ သင့်စိတ်က ခံစားချက်ကြောင့် မဖြစ်မနေ လုပ်ချင်တာဆိုရင်တော့ လုပ်လိုက်ပါ ။ ဒါပေမဲ့ သင့်ရဲ့ ပတ်ဝန်းကျင် မညစ်နွမ်းအောင်တော့ ဂရုစိုက်စေချင်ပါတယ် ။

Credit: ရဲသူရိန်မင်း

https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.120

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...