စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အလွန်အကျွံအိပ်စက်ခြင်းကြောင့် ဖြစ်နိုင်သည့် အန္တရာယ်များ

 

လူတစ်ဦး အိပ်စက်ရန်လိုအပ်သည့် အချိန်ပမာဏအတိအကျ ကို ဖော်ပြရန် အခက်အခဲရှိသော်လည်း အရွယ်ရောက်ပြီးသူ အများစုသည် တစ်ညလျှင် ၇ နာရီမှ ၉ နာရီကြာသည်အထိ အိပ်စက်ရန် လိုအပ်သည်။ သာမန်အားဖြင့် တစ်ညလျှင်၉ နာရီထက်ပို၍ အိပ်စက်ခြင်းမှာ ဆေးဝါးတစ်မျိုးမျိုး သောက်သုံးထားခြင်း၏ လက္ခဏာတစ်ခုဖြစ်နိုင်သော်လည်း ယင်းကဲ့သို့ အိပ်စက်ခြင်းကြောင့် ကျန်းမာရေးအန္တရာယ်များ ကြုံတွေ့ရနိုင်သည်။

၂၀၁၄ လေ့လာမှုတစ်ခုတွင် အလွန်ကြာမြင့်စွာ အိပ်စက်ခြင်း ကြောင့် စိတ်ဓာတ်ကျခြင်းလက္ခဏာရပ်များပိုများလာကြောင်း သု တေသီများ လေ့လာတွေ့ရှိခဲ့သည်။ တစ်ညလျှင် ၇ နာရီနှင့် ၉ နာရီ ကြား အိပ်စက်ချိန်ကြာမြင့်သူများသည် စိတ်ဓာတ်ကျမှုလက္ခဏာ ၂၇ ရာခိုင်နှုန်းပြသပြီး ၉ နာရီ(သို့မဟုတ်) ယင်းထက်ပို၍ ကြာမြင့် စွာ အိပ်စက်သူများမှာ စိတ်ဓာတ်ကျသည့် လက္ခဏာ ၄၉ ရာခိုင်နှုန်း ပြသကြောင်း သုတေသီများ၏ လေ့လာမှုက ဖော်ပြသည်။ ၂၀၁၂ က လေ့လာမှုတစ်ခုတွင် အိပ်စက်ချိန်အလွန်နည်းသော (သို့မဟုတ်) အလွန်များသော အသက်အရွယ်ကြီးရင့်သည့် အမျိုးသမီးများသည် ခြောက်နှစ်တာအတွင်း ဦးနှောက်လုပ်ဆောင်ချက်ပိုမိုဆိုးရွားလာ ကြောင်း လေ့လာတွေ့ရှိခဲ့သည်။

တစ်ညလျှင် ၈ နာရီထက်ပို၍ အိပ်စက်သူများသည် အမျိုးအ စား (၂) ဆီးချိုရောဂါဖြစ်နိုင်ခြေနှစ်ဆပိုများသည်ဟုလည်း သုတေ သီများက ပြောသည်။
တစ်ညလျှင် ၇ နာရီမှ ၈ နာရီကြာသည်အထိ အိပ်စက်သူများ ထက် အလွန်အကျွံအိပ်စက်သူများနှင့် အချိန်အနည်းငယ်သာ အိပ် စက်သူများသည် ခြောက်နှစ်တာအတွင်း ကိုယ်အလေးချိန် ပိုများလာနိုင်သည်။ အစားအစာစားသုံးမှုနှင့် ကိုယ်လက်လှုပ်ရှားမှုတို့ကို ထိန်းချုပ်ထားလျှင်ပင် ၉ နာရီမှ ၁၁ နာရီကြာသည်အထိ အိပ်စက်သူများ သည် ကိုယ်အလေးချိန် ငါးကီလိုပိုများလာနိုင်ခြေ ၂၅ ရာခိုင်နှုန်းမြင့် မားကြောင်း သိရသည်။

၈ နာရီ(သို့မဟုတ်) ယင်းထက်ပို၍ အိပ်စက်သူများသည် နှလုံးပြဿနာများ ကြုံတွေ့နိုင်ခြေ ပိုမြင့်မားကြောင်း အမေရိကန်နှလုံးရောဂါဆိုင်ရာ ကောလိပ်၏ ၂၀၁၂ လေ့လာမှုတစ်ခုက ဖော်ပြသည်။ ထို့အပြင် တစ်ညလျှင် ၈ နာရီနှင့်အထက် အိပ်စက်သူများသည် သေဆုံးနိုင်သည့် အန္တရာယ် ၁ ဒသမ ၃ ဆပိုမြင့်မားကြောင်း သုတေသီများ လေ့လာတွေ့ရှိခဲ့သည်။                             
—Ref:TOI

http://www.7daydaily.com/story/35977#.VUNYlpMXW1k

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...