စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ချစ်သူစုံတွဲဆက်ဆံရေး သို့မဟုတ် အိမ်ထောင်သည် ဘဝကို ဖျက်ဆီးတတ်တဲ့ အရာများ


မိမိချစ်သူစုံတွဲ ဆက်ဆံရေး သို့မဟုတ် အိမ်ထောင်သည်ဘဝကို ပျက်စီးမသွားပဲ ကြာရှည်လက်တွဲသွားနိုင်အာင် ထိန်းသိမ်းလိုပါ အကြောင်းအရာ များစွာရှိပါတယ်။

အောင်မြင်သော ချစ်သူဘဝတိုင်းအတွက် ယုံကြည်မှုက အဓိက သော့ချက်ဖြစ်ပါတယ်။ သင့်လက်တွဲဖော်ကို အရာရာမှာ ယုံကြည်နိုင်ဖို့ လိုအပ်ပါတယ်။ နှစ်ယောက်အတူ ယုံကြည်မှု၊ ပျော်ရွှင်မှု၊ အနှောင့်အယှက်ကင်းမှုနဲ့ ချစ်ခြင်းမေတ္တာ အညီအမျှ ထားရှိနိုင်သည်နဲ့အမျှ စိုးရိမ်စရာ မရှိတော့ပါဘူး။ ယုံကြည်မှု မရှိဘူးဆိုရင် အမျက်ဒေါသနဲ့ သဘောထား ကွဲလွဲမှုတွေ ဝင်ရောက်နေရာယူကာ ချစ်သူစုံတွဲ ဆက်ဆံရေးကို လျင်မြန်စွာ ပျက်ပြားစေပါလိမ့်မယ်။

သတိထားသင့်တဲ့အချက် တစ်ချက်က ယုံကြည်မှုဆိုတာ လုပ်ယူမှ ရတာဖြစ်ပါတယ်။ အမိန့််ပေးရယူတဲ့ အရာမျိုးမဟုတ်ပါဘူး။ သင်လက်တွဲဖော်အတွက် ယုံကြည်အားထားလောက်တဲ့ အရာတွေကို ဆောင်ရွက်ပါ။

ဆက်သွယ်မှုပေါင်းကူတံတား

ဆက်သွယ်မှုဆိုတာက ဒီနေရာမှာ ဖုန်းဆက်တာ သို့မဟုတ် မတ်စေ့(ခ်ျ) ပို့တာကို ဆိုလိုတာမဟုတ်ပါဘူး။ ဒီနေရာမှာ သင့်လက်တွဲဖော်နဲ့ ဘယ်လို ဆက်နွယ်နားလည်မှုရှိနေလဲ ဆိုတာဖြစ်တယ်။ ဒါ… အရမ်း အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ ဆက်ဆံရေးမှာ နားလည်မှုက အဓိကသော့ချက်ဖြစ်လို့ပဲ ဖြစ်တယ်။

ကိုယ်ဟန်အမူအရာ၊ ရိုမန်တစ်ဆန်ဆန် စိတ်ဝင်တစားထားရှိမှုနဲ့ ဖိုမ သဘောတရားဆိုင်ရာ စိတ်ဆန္ဒစ သည်တို့မှာ ဆက်ဆံမှု ပြေပြစ်နေရမှာလည်းဖြစ်ပါတယ်။ သင့်မှာ ဘယ်ချိန် အသွေးသား တောင့်တမှုဆန္ဒရှိလဲ သင့်ဇနီးသိဖို့ လိုအပ်ပါတယ်။ သူမက သင့်ဇနီးဖြစ်ပြီး လိင်ကျွန်တစ်ယောက် မဟုတ်တဲ့အတွက် ဒီလို ကိစ္စတွေမှာ နှစ်ဦးနှစ်ဖက် အပြန်အလှန် လေးစားမှုရှိဖို့ လိုအပ်ပါတယ်။
.

TrendMyanmar

https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...