စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အသက်တွေ ကြီးလာတာနဲ့အမျှ


အသက်တွေ ကြီးလာတာနဲ့အမျှ
လူတွေရဲ့ နှလုံးသားတွေဟာ တဖြည်းဖြည်း သေးငယ်သွားတတ်ကြပြီး
ဦးနှောက်တွေကတော့ တဖြည်းဖြည်း ကြီးလာတတ်ပါတယ်။

နှလုံးသားတွေကို အသက်ရှင်သန်ရန် နှလုံးခုန်ဖို့အတွက်သာ အသုံးပြုလာကြပြီး ၊ နှလုံးသားနဲ့ဆုံးဖြတ်ရမဲ့ အရာတွေကိုတော့ ဦးနှောက်က ပြောင်းလဲတာဝန်ယူ ယူစေလိုက်ကြပါတယ်။

တစ်ခါတစ်လေ နှလုံးသားနဲ့ဆုံးဖြတ်လိုက်တဲ့အခါ အမှားကြီးမှားသွားတတ်တာမျိုး ရှိတတ်ကြသလို …
ဦးနှောက်နဲ့ ဆုံးဖြတ်လိုက်လို့ နှလုံးသားတွေ သေသွားတဲ့အခါမျိုး ရှိတတ်ကြပါတယ်။

ဘ၀မှာ အဓိပ္ပါယ်ရှိဖို့ဆိုတာ …တူလေးနှစ်ချောင်းလိုပါပဲ
သူတို့ကို အစုံလိုက်သုံးပြုမှ ခရီးရောက်သလို …
ဦးနှောက်နဲ့ နှလုံးသားကိုရော သမမျှတအောင် ရောနှောတတ်ရပါတယ်။

အစားသောက်တစ်ခုကိုလည်း မျက်လုံးနဲ့ ကြည့်တိုင်းလည်း စားကောင်းလိမ့်မယ်လို့ ပြောလို့မရပါဘူး ။
ပါးစပ်ထဲရောက်ပြီး လျှာကသာဆုံးဖြတ်ပေးနိုင်ပါတယ်။
မျက်လုံးက ဒီအစားသောက်က စားချင်မှ ပါးစပ်ထဲကိုရောက်သလိုပါပဲ ။

နှလုံးသားက လက်ခံနိုင်မှ ဦးနှောက်ထဲပါ တစ်ခါတည်းရောက်သွားရတာပါ။
နှလုံးသားက လက်ခံနိုင်ပြီဆိုတာနဲ့ ဦးနှောက်ကလည်း တစ်ခါတည်း အဆင်ပြေမဲ့ လမ်းကြောင်းတွေနဲ့ တွက်ချက်ဖေါ်ဆောင်သွားတတ်ကြပါတယ်။

ဦးနှောက်ချည်းသက်သက်နဲ့တော့ ဘယ်တော့မှ မတွက်ချက်မိပါစေနဲ့ ။
နှလုံးသားတွေ သေသွားတဲ့အခါ နောင်တရမှာမို့လို့ပါ။

credit: မနုဿ ရဲ့ စာမျက်နှာလေးများ

https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.12061

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...