စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







လက်ဝှေ့ကျော်မန်နီပက်ကွီအိုရဲ့ဘ၀ လမ်းပေါ်မှာ စခဲ့ရတယ်


အမေရိကန်လတ်စ်ဗေးဂတ်မြို့မှာ ၂၁ ရာစု အကြီးကျယ်ဆုံး လက်ဝှေ့ပွဲကြီးမစမီအချိန်မှာ ဖလွိုက်မေ၀ယ်သာနဲ့ ယှဉ်ပြိုင်ထိုးသတ်မယ့် ဖီလစ်နိုင်ငံသား မန်နီပက်ကွီအိုရဲ့ ငယ်စဉ်ဘ၀ဇာတ်လမ်းတပုဒ် ထွက်ပေါ်လာခဲ့ပါတယ်။ ပက်ကွီအိုဟာ ၁၂ နှစ်သားဘ၀က အိမ်ကထွက်ပြေးပြီး လမ်းပေါ်မှာတင် နေထိုင်ခဲ့တယ်လို့ ပက်ကွီအိုရဲ့ လေ့ကျင့်ရေးဆရာ ဖရက်ဒီရို့ခ်ျက ထုတ်ဖော်ပြောပြခဲ့ပါတယ်။ ဘာဖြစ်လို့ အိမ်ကထွက်ပြေးရသလဲဆိုတော့ သူ့ရဲ့ခွေးကလေးကို သူ့ရဲ့ဖခင်ဖြစ်သူက သတ်စားနေတာတွေ့ခဲ့ရလို့ဖြစ်ကြောင်း မစ္စတာရို့ခ်ျက ပြောခဲ့တယ်။

ဖိလစ်ပိုင်နိုင်ငံမှာ ပက်ကွီရိုတို့မိသားစုဟာ ဆင်းရဲမွဲတေဒဏ်ကို အလူးအလဲခံခဲ့ရပြီး ခွေးကိုတောင် သတ်စားရတဲ့ဘ၀ ရောက်ခဲ့ပါတယ်လို့ ဖရက်ဒီရို့ခ်ျက ပြောပြတယ်။ `သူဟာ လမ်းပေါ်မှာ နေခဲ့ရတယ်။ ဒိုးနတ်ဆိုင်က ဒိုးနတ်တွေဝယ်ပြီး ရောင်းစားရင်းနဲ့ အသက်ဆက်ခဲ့တယ်။ အသက် ၁၄ နှစ်သားအရွယ်မှာ သူဟာ လက်ဝှေ့သမား ဖြစ်လာခဲ့တယ်လို့ မစ္စတာဖရက်ဒီ က ပြောတယ်။ ယခုအချိန်မှာတော့ သူဟာ ဒေါ်လာသန်းရာချီ ကြွယ်ဝသူဖြစ်နေပါပြီ။ မနက်ဖြန် မေ၀ယ်သာနဲ့ထိုးသတ်မယ့် ပွဲတပွဲတည်းအတွက် ဒေါ်လာ သန်း ၁၀၀ ကျော် ထပ်မံရရှိဦးမှာ ဖြစ်တယ်။

`ဖိလစ်ပိုင်ဟာ ဆင်းရဲတဲ့နိုင်ငံပါ။ လူမှုဖူလုံရေးဆိုတာ မရှိဘူး။ ကျန်းမာရေးစောင့်ရှောက်မှုဆိုတာ မရှိဘူး။ အလုပ် မရှိဘူး၊ ငွေ မရှိဘူးဆိုရင် အသက်ရှင်ဖို့ ဘာမဆိုလုပ်ရမှာပဲ`လို့လည်း ပြောပြခဲ့တယ်။ လမ်းပေါ်မှာနေရတုန်းက ပက်ကွီအိုဟာ စက္ကူကတ်ထူပုံးတွေနဲ့ အိပ်ခဲ့ရတယ်လို့ဆိုပါတယ်။

လတ်စ်မေးဂတ်မြို့က MGM Grand မှာကျင်းပတဲ့ မေ၀ယ်သာနဲ့ ပက်ကွီအိုတို့ရဲ့ လက်ဝှေ့စိန်ခေါ်ပွဲကြီးဟာ ပေါင်စတာလင် သန်း ၃၀၀ လောက်ရမယ်လို့ မျှော်လင့်ထားတယ်။ မေ၀ယ်သာက ၆၀ ရာခိုင်နှုန်းနဲ့ ပက်ကွီရိုက ၄၀ ရာခိုင်နှုန်းရမှာ ဖြစ်ပါတယ်။ မေ၀ယ်သာက အသက် ၃၈ နှစ်ရှိပြီး ကမ္ဘာ့ချန်ပီယံခါးပတ် ၁၁ ကြိမ်ရခဲ့တယ်။ ပက်ကွီရိုကတော့ ၃၆ နှစ်ရှိပြီး ၆၄ ပွဲထိုးခဲ့ရာမှာ ၄ ပွဲရှုံးနိမ့်ခဲ့တယ်။ ၂ ပွဲသရေကျခဲ့တယ်။


https://www.facebook.com/NewsWatchJournal/photos/a.343944972309977.69916.3435519

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...