စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ချစ်စိတ်ကို ပျက်ပြားစေတဲ့ အချက် ၇ ချက်


ချစ်သူနဲ့ အချိန်အကြာကြီး တွဲလာတဲ့အခါ ချစ်စိတ်ပျက်ပြားစေတဲ့အချက်တွေကို သိဖို့လိုပါတယ်။ စိတ်မကောင်းစရာက ချစ်သူစုံတွဲအများစုဟာ မရည်ရွယ်ဘဲ အဲဒီအမှားတွေကို ကျူးလွန်မိပါတယ်။ ကိုယ်နဲ့ ချစ်သူကြား ချစ်စိတ်တဖြည်းဖြည်းလျော့နည်းလာတာကို ခံစားရရင် သည်အချက်တွေကို ကြိုးစားရှောင်ရှားသင့်ပါတယ်။

အမှား ၁
ရည်းစားဟောင်းအကြောင်းပြောခြင်း
ရည်းစားဟောင်းအကြောင်းပြောတာဟာ ချစ်စိတ်ကို ပျက်ပြားစေတဲ့ အဓိကအကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။ တွက်ကြည့်ရင် ကိုယ့်ချစ်သူက သူ့အဆက်ဟောင်းအကြောင်း ပြောပြတာကို ကိုယ်ကြိုက်လို့လား။ ကြိုက်မှာမဟုတ်ပါဘူး။ သည်တော့ ချစ်သူက မင်းအဆက်ဟောင်းအကြောင်းပြောပြစမ်းပါ ဆိုရင်တောင် မပြောဘဲ စကားလွှဲဖို့ ကြိုးစားပါ။

အမှား ၂
ကိုယ့်ကိုယ်ကို စိတ်ပျက်ငြီးငြူခြင်း
ချစ်သူကောင်မလေးက သူ့ကိုယ်သူ ငြီးတွားငြူစူနေတာကို ဘယ်ယောကျာ်းမှ ကြားချင်မှာ မဟုတ်ဘူး။ ကိုယ်က ကိုယ့်ကိုကိုယ် ဘယ်လိုပဲ မြင်မြင် ချစ်သူကောင်လေးက ကိုယ့်ကို သဘောကျတဲ့အကြောင်းရင်းတစ်ခုတော့ ရှိပါတယ်။ သူက ကိုယ့်ကို ချစ်ပြီး ကိုယ်ဟာလှတယ်၊ ဆွဲဆောင်မှုရှိတယ်လို့ ထင်ပါတယ်။ တကယ်လို့ ကိုယ့်ကိုယ်ကို မချစ်ရင် ချစ်သူကလည်း ကိုယ့်ကိုချစ်ဖို့ ခက်ခဲပါလိမ့်မယ်။

အမှား ၃
ကိုယ့်သူငယ်ချင်းအဖွဲ့ထဲက ဇာတ်လမ်းစုံကို ခင်းပြခြင်း
ကိုယ့်သူငယ်ချင်းအဖွဲ့ထဲက ဇာတ်စုံကို အမြဲခင်းပြီး ငြီးတွားနေမယ်ဆိုရင် အခု ရပ်လိုက်ပါတော့။ ချစ်သူက ဒါကို အရေးစိုက်မှာ မဟုတ်ပါဘုး။ ဒါကြောင့် ဒီအကြောင်းနဲ့ သူ့ကို စိတ်ရှုပ်အောင် မလုပ်ပါနဲ့။ ဒီအကြောင်းတွေကိုချည်း နှစ်ယောက်သား ပြောနေမယ်ဆိုရင် ကိုယ့်အကြောင်းကိုယ်ပြောဖို့အချိန် ဘယ်ရှိတော့မှာလဲ။

အမှား ၎
တယောက်တကွဲ စိတ်ကြိုက်နေခြင်း
စုံတွဲအများစုဟာ အချိန်ကြာလာတာနဲ့အမျှ တယောက်တကွဲ ကိုယ်ကြိုက်တာ ကိုယ်လုပ်ကြပါတော့တယ်။ သည်အချက်ကြောင့်ပဲ တယောက်နဲ့တယောက် သံယောဇဉ် လျော့ပါးလာပါတယ်။ တကယ်လို့ နှစ်ယောက်လုံးကြိုက်တာတစ်ခုခု ရှိမယ်ဆိုရင် အဲဒီအလုပ်ကိုမပြတ်စေဘဲ ဆက်လုပ်သင့်ပါတယ်။

အမှား ၅
ဖရိုဖရဲကပိုကရို ၀တ်ဆင်ခြင်း
မိန်းကလေးတွေအတွက် ဒါက အရေးကြီးပါတယ်။ ချစ်သူနဲ့ကိုယ် ချစ်သက်တမ်းဘယ်လောက်ကြာကြာ ချစ်သူက တစ်ခုခုကိုတော့ မြင်ချင်မှာပါပဲ။ ဖရိုဖရဲ မသပ်မရပ်ပုံစံက တခါတလေ ဆွဲဆောင်မှု ရှိပေမယ့်အမြဲတမ်းဆိုရင် စိတ်ပျက်စရာ ဖြစ်လာပါလိမ့်မယ်။

အမှား ၆
ဖုန်းကိုင်ခြင်း
ချစ်သူနဲ့ ချစ်စိတ်မြင့်တက်နေချိန်မှာ ရုတ်တရက် ဖုန်းမြည်လာတယ်ဆိုပါစို့။ ဖုန်းကို ကောက်မကိုင်ပါနဲ့။ ချစ်သူရဲ့ ခံစားချက်ကို အရင်တွေးကြည့်ပါ။ ဖုန်းကိုင်လိုက်တဲ့အတွက် ဒီဖုန်းဟာ သု့ထက်အရေးကြီးတယ်လို့ ချစ်သူကယူဆပြီး နှစ်ယောက်တွဲလာတာ ဘယ်လောက်ကြာကြာ ချစ်စိတ်ကို အဖုအထစ်ဖြစ်စေပါတယ်။


အမှား ၇
ပျင်းရိခြင်း
သူငယ်ချင်းတွေနဲ့ စကားပြောနေလို့ အိမ်ကို ချစ်သူရောက်လာတာတောင် မသိဘူး။ တီဗီကြည့်နေလို့ ညစာတောင် မချက်ဖြစ်ဘူး။ ဒီလိုပျင်းရိပုံမျိုးဟာ ချစ်စိတ်ကိုလျော့ပါးစေလို့ သေချာပေါက် ရှောင်သင့်ပါတယ်။
စာဖတ်သူတို့ဘ၀မှာရော ချစ်ပျက်ပြားစေတဲ့ ဘယ်လိုအချက်တွေနဲ့ ကြုံဖူးသလဲ။

  Credit: စုပြည့်စုံ
https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.120

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...