စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







လူသိဥပေက္ခာနှင့် သူတော်ကောင်းတို့ ကျင့်သုံးသော ဥပေက္ခာ ကွာခြားပုံ


               
သူတော်ကောင်းတို့ ဥပေက္ခာ။ ။ သူတော်ကောင်းတို့ ဥပေက္ခာမှာ ကျင့်နိုင်ခဲလှသည်။ မေတ္တာ၊ ကရုဏာတို့ထက် သာလွန်သည်။ စိတ်ဓာတ်အလွန် တည်ငြိမ်ဖို့ လိုအပ်သည်။ တဖက်လူ၏ ချီးမွှမ်းပြောဆိုခြင်းအပေါ် မသာယာဘဲ လည်းကောင်း၊ ဆဲရေးတိုင်းထွှာမှုအပေါ် အမျက်မထွက်ဘဲ လည်းကောင်း တည်ငြိမ်စွာ ဆက်ဆံနိုင်ခြင်းမျိုးကို ဆိုပါတယ်။ သည့်ထက်ပိုရှင်းရလျင် တစ်ဖက်လူနှင့် ဆက်ဆံမြဲအတိုင်း ဆက်ဆံပြီး သူ၏ မိမိအပေါ် ကောင်းကောင်း၊ ဆိုးဆိုး အပြုအမူပေါ် လိုက်မခံစားတော့ဘဲ မိမိအနေဖြင့် ထိုသူအပေါ် လုပ်ပေးသင့်သည်များကို ဆက်လက် လုပ်ကိုင်ပေးခြင်း ဟု မှတ်သားရသည်။

ဥပမာပေးရသော် အိမ်ရှင်မတစ်ဦးသည် သူ၏မိသားစုအပေါ် နေ့စဉ် ချက်ပြုတ်ကျွေးမွေး ပြုစုသည်။ မိသားစုဝင်တစ်ဦးမှ "အစိမ်းကြော်က ငန်လိုက်တာ။ ဘယ်လိုချက်ထားတာလဲ။ စိတ်ပျက်ဖို့ ကောင်းလိုက်တာ" အစရှိသဖြင့် ပြောဆိုသည်။ မိသားစုဝင် နောက်တစ်ဦးမှ "ဟယ် သည်ချဉ်ရည်ဟင်းလေးက သိပ်သောက်လို့ ကောင်းတာပဲ။ နောက်နေ့လဲ ချက်ပေးပါအုံး" ဟု ပြောဆိုမည်။ ထိုအခါ အိမ်ရှင်မသည် ကဲ့ရဲ့ပြစ်တင်သူအပေါ်လဲ စိတ်မကွက်ဘဲ၊ ချီးမွှမ်းပြောဆိုသူ အပေါ်လည်း အချစ်မပိုဘဲ နောက်တစ်နေ့တွင် မိသားစု စားသောက်ရန်အတွက် ချက်ပြုတ်မြဲ ချက်ပြုတ်ပေးမည်။ ပထမတစ်ယောက် တောင်းဆိုသလို အငန်ကို လျော့ပေးမည်။ ဒုတိယတစ်ယောက် တောင်းဆိုသလို ချဉ်ရည်ဟင်းလဲ ချက်ပေးအုံးမည်။ ထိုသို့သော စိတ်ကို မွန်မြတ်သော ဥပေက္ခာစိတ်ဟု ဆိုသည်။

လူသိဥပေက္ခာ။ ။ သူသူငါငါ သိထားသော ဥပေက္ခာမှာ တဖက်သူ ကို မခေါ်၊ မပြော၊ ဂရုမစိုက်တော့ခြင်း ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ ရန်ကုန်မြို့ ပါမောက္ခချုပ် ဆရာတော်၏ ဆိုဆုံးမမှုအပေါ် ကိုးကားရေးသား အပ်ပါသည်။

Stacy Chan (ရိုးရာလေး)

https://www.facebook.com/yoyarlaydotcom/photos/a.625738190802770.10737418

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...