စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သာမန်လူ အလုပ် လုပ်ပြီး အလုပ်ငွေကို အလှူလုပ်တဲ့ ဗြိတိန် တော်ဝင်မင်းသား



လက်ရှိ ဗြိတိန် ဘုရင်မ အယ်လီဇဘတ်ရဲ့ မြေး ဖြစ်သူ တော်ဝင်မင်းသား ဝီလီယျံဟာ သူ့အဖေ ဘုရင် ဖြစ်ပြီးရင် နောက်ထပ် ဘုရင် ဖြစ်လာမယ့် ဗြိတိန်ရဲ့ အိမ်ရှေ့မင်းသား တစ်ပါး ဖြစ်ပါတယ်။ ဘုရင်စနစ် ကျင့်သုံးနေသေးတဲ့ ဗြိတိန် နိုင်ငံမှာ ဘုရင့် မိသားစု ဘာလုပ်တယ်၊ ဘာပြုတယ်ဆိုတာ လူတိုင်း စိတ်ဝင်တစား စောင့်ကြည့် လေ့လာကြပါတယ်။ အသက် ၃၃ နှစ်အရွယ်ရှိပြီ ဖြစ်ပြီး သားတစ်ယောက် သမီးတစ်ယောက် ရှိပြီ ဖြစ်တဲ့ မင်းသား ဝီလီယျံဟာ သာမန် ဝန်ထမ်း အလုပ် လုပ်နေပြီ ဖြစ်ပါတယ်။

ထူးခြားချက် အနေနဲ့ သူဟာ ယင်း အလုပ်မှ ရတဲ့ ငွေကို အလှူအတန်းမှာ ပြန်လည် လှူဒါန်းခြင်း ဖြစ်ပါတယ်။ ဗြိတိန်ရဲက တော်ဝင် လေတပ် လက်အောင်ရှိ ကယ်ဆယ်ရေးနှင့် ရှာဖွေရေး တပ်ရဲ့ ရဟတ်ယာဉ်မှာ ပိုင်းလော့အဖြစ် လုပ်ကိုင်ပြီး သူကိုယ်တိုင် မောင်းရတဲ့ ဟယ်လီကော်ပတာရဲ့ အစစ အရာရာ အောက်ခြေသိမ်း အလုပ်များကိုပါ ကိုယ်တိုင် လုပ်ပါတယ်။ ယင်း ကဲ့သို့ အလုပ် အမျိုးအစားဟာ ဗြိတိန်ရှိ သာမန်လူ တစ်ဦးရဲ့ အလုပ် အမျိုးအစား ဖြစ်ပြီး မင်းသား ဝီလီယျံ အနေနဲ့ သာမန် လူများနဲ့ တန်းတူ ဝင်ရောက် လုပ်ကိုင်ခြင်း ဖြစ်ပါတယ်။

ဗြိတိန်မှာ ဘုရင်စနစ် ကျင့်သုံးနေသော်ငြားလည်း နိုင်ငံရေး ဆုံးဖြတ်ချက်နဲ့ ကိစ္စရပ်တွေမှာ ဘုရင့် မိသားစု သိပ်ပါဝင် ပက်သက်ခြင်း မရှိပါဘူး။ ဒါပေမယ့် တိုင်းပြည်ရဲ့ ဂုဏ်ပုဒ် တစ်ခုအနေနဲ့ သူတို့ဟာ ရပ်တည်နေရခြင်း ဖြစ်ပါတယ်။ ပြည်သူများလည်း ချစ်ကြ၊ ချီးမြောက်ကြ ပါတယ်။ ဘုရင့် မျိုးနွယ်ရဲ့ ကြိုးစားမှုကြောင့် ယနေ့ ဗြိတိန်တို့ ကမ္ဘာမှာ မားမားမပ်မပ် ရပ်တည်ရခြင်းလို့လည်း ယုံကြည်ကြပါတယ်။

ဗြိတိန်ရဲ့ တော်ဝင်တပ်မှာလည်း စစ်မှုထမ်းခဲ့ပြီး ယခု အလုပ်ကတော့ သာမန် အရပ်သား အလုပ် ဖြစ်ပါတယ်။ လေးရက် အလုပ် လုပ်၊ လေးရက် အနားယူ စနစ်နဲ့ အလုပ်လုပ်ပြီး အခွန်ခ ဆောင်ပြီး ပိုတဲ့ ငွေအားလုံးကို လှူဒါန်းခြင်း ဖြစ်ပါတယ်။ ဗြိတိန်ရဲ့ တော်ဝင် မိသားစုထဲမှာ မင်းသား ဝီလီယျံဟာ ပထမဆုံး သာမန် အရပ်သား အလုပ် အမျိုးအစား လုပ်သူ ဖြစ်ပြီး ယင်း အလုပ်မှ ရငွေကိုလည်း ပထမဆုံး အကုန် လှူဒါန်းသူ အဖြစ် မှတ်တမ်း တင်စေခဲ့ ပါတယ်။
.
Ref: goodnewsnetwork
အောင်ခမ်း (ရိုးရာလေး)


https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.17164

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...