စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







စပါးအုံးမြွှေများနဲ့ နေထိုင်တဲ့ မိသားစု



 ဗြိတိန်နိုင်ငံရှိ မိသားစု တစ်ခုဟာ မြွှေ မွေးရတာ ဝါသနာ ပါသူများ ဖြစ်ပြီး ဗမာ စပါးအုံးမြွှေများ၊ အနာဂွန်ဒါ အမေဇုန်တော မြွှေများကို အိမ်မှာ မွေးထားပါတယ်။ မွေးတာမှ စုစုပေါင်း ၁၉ ကောင် မွေးထားခြင်း ဖြစ်ပါတယ်။ ယင်းထဲမှာ အကြီးဆုံးကတော့ ပုံမှာ မြင်တွေ့နေရတဲ့ ဗမာ စပါးအုံးမြွှေ (Burmese Python) ဖြစ်ပြီး ၁၈၂ ပေါင်လေးပါတယ်။

မြွှေများကို ဂိုဒေါင် တစ်ခုမှာ စုပြုံ မွေးထားခြင်း ဖြစ်ပြီး သူတို့ကိုလည်း ခြံဝိုင်းထဲမှာ သာမန် အိမ်မွေး တိရစ္ဆာန် တစ်ကောင်လို သွားလာ နေထိုင်စေပါတယ်။ အသက် ၂ နှစ်သာ ရှိသေးတဲ့ ကလေးမလေးဟာလည်း ပုံမှာ မြင်တွေ့ရတဲ့ မြွှေနဲ့ ပိုမိုရင်းနှီးပြီး ပွေ့ချီလိုက်၊ နမ်းလိုက်နဲ့ နေပါတယ်။ 

ဒါကိုလည်း မိဘကိုယ်တိုင်က အားပေးခြင်း ဖြစ်ပါတယ်။ မြွှေများကို ညအိပ်ရာ မဝင်ခင် တစ်ကောင်ချင်းစီကို နမ်းပြီးတော့မှလည်း အိပ်ကြသတဲ့။ အမှန်တော့ ယင်း မြွှေအားလုံးဟာ ကလေးမငယ်လေးကိုသာ မက လူကြီးတွေကိုပါ မြိုနိုင်အောင် ကြီးတဲ့ မြွှေများ ဖြစ်ပါတယ်။ ကလေးမဆိုရင် အလွယ်တကူ မြိုလို့ ရပါတယ်။ လောလောဆယ် အထိကတော့ မြွှေများဟာ အင်မတန် ယဉ်ပါးနေပါတယ်။ 

ယခု ပုံမှာ ပြထားတဲ့ မြွှေဟာ ပေါင်ချိန်အားဖြင့် ၁၈၂ ပေါင် လေးပြီး ၁၀ပေ မက ရှည်လျား ပါတယ်။ မြွှေများကိုလည်း ကြက် နဲ့ အခြားသော အကောင်ငယ် သားများကို ပြန်ကျွေးထားပါတယ်။ သူတို့ရဲ့ မြွှေများနဲ့ နေထိုင်မှုဟာ ဗြိတိန်မှာ အများအတွက် ထူးဆန်း ကြောက်လန့်စရာ ဖြစ်နေခဲ့ ပါတယ်။
.
Ref: dailymail
အောင်ခမ်း (ရိုးရာလေး)


 

 https://www.facebook.com/yoyarlaydotcom/posts/922991184410801

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...