စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကော်ဖီပန်းချီကြောင့် နာမည်ကြီးလာသည့် အီတလီ အနုပညာရှင်


ကော်ဖီစက်တွေကို အသုံးပြုပြီးဆွဲတဲ့ ပန်းချီကြောင့် အီတလီ အနုပညာရှင် ဂျူလီယာ ဘာနယ်ဒယ်လီဟာ အင်တာနက်မှာ နာမည်ကြီးလာပါတယ်။

ကော်ဖီစက်နဲ့ ရေးဆွဲထားတဲ့ အိမ်မက်ဆန်တဲ့သူရဲ့ လက်ရာတွေကို လူမှုရေးကွန်ရက် အင်စတာဂရမ်မှာ တင်ခဲ့ပြီးနောက် နောက်လိုက် ၁၉၀၀၀ ကျော်အထိ ဆွဲဆောင်နိုင်ခဲ့ပါတယ်။
ကော်ဖီစက်တွေကို အသုံးပြုပြီး ရေးဆွဲထားတဲ့ ပန်းချီတွေမှာတော့ သစ်ပင်ကနေ ချစ်ကျွမ်းဝင်နေတဲ့ စုံတွဲရဲ့ ပုံတွေလည်း ပါဝင်နေပါတယ်။

အီတလီက ဘိုလော့နာမြို့က တက္ကသိုလ်ကနေ အနုပညာ အထူးပြုနဲ့ ဘာနယ်ဒယ်လီက ဘွဲ့ရရှိခဲ့ပြီး လက်ရှိ ပြတိုက်တခုမှာ အလုပ်လုပ်နေတယ်လို့ ဟူဖင်တန် ပိုစ်က ရေးပါတယ်။
အစားအသောက်နဲ့ သဘာဝ ပစ္စည်းတွေကို ပန်းချီဆွဲတဲ့ စုတ်အဖြစ် အသုံးပြုတယ်လို့ ဆိုပါတယ်။
“စုတ်ကို သဘာဝက ပေးထားတဲ့ သစ်ရွက်၊ အစားအသောက်တွေနဲ့ အစားထိုးသုံးတယ်”လို့ အသက် ၂၇ နှစ် ဘာနယ်ဒယ်လီက ပြောပါတယ်။

ဒီအနုပညာဟာ တရုတ်လူမှုရေး ကွန်ရက် ဝေဘိုမှာလည်း ပျံ့နှံနေပြီး သူရဲ့ အရည်အချင်းကို လူအများစုက တန်ဖိုးထားနေပါတယ်။

Credit: Dvb Burmese
 

 https://www.facebook.com/searchmyanmar/posts/920235258019412

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...