စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ညဘက် မိသားစုနဲ့ အတူ ဘုရားသွားပါ


 
 
 

ညဘက် အေးမြသော ကောင်းကင်အောက်နဲ့အတူ ဘုရားရင်ပြင်သည်လည်း အလွန်အေးမြလျှက် ရိှပါတယ်။ ဒီအတွက် မိသားစုနဲ့ အတူ ဘုရားသွားပါ။ ဘုရားရှိခိုးပါ။ တရားထိုင်ပါ။ ပုတီးစိပ်ပါ။ အလွန်မတန်မှ အေးချမ်းလှတဲ့အပြင် စိတ်ဖိစီးမူတွေကိုလည်း သက်သာစေမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ကလေးငယ်တွေကို ဘုရားသမိုင်းအကြောင်း ပြောပြခြင်း၊ ဘုရားရှိခိုး နည်းများ သင်ပြခြင်း၊ အစရှိသည်တို့ကို ပြောပြခြင်းအားဖြင့် ကလေးတွေ၏ ကိုယ်ရောစိတ်မှာ နှုးညံ့စေမှာ ဖြစ်ပါတယ်။ နေ့လယ်
နေ့ခင်းတွေဟာ နေရောင်ခြည် အချိန်ကြောင့် ဘုရားရင်ပြင် ဟာလည်း ပူနေတတ်လို့ တစ်ခါတစ်လေ စိတ်မှာ ဘုရားရှိခိုး တရားထိုင်ရတာ အလိုမကျမူတွေ ဖြစ်နေတတ် ပါတယ်။ ဒါကြောင့် နေ့ဘက်ထက် ညဘက်က ပိုမိုပြီး အေးချမ်းပါပေတယ်။ မနက်စောစော အချိန်ရလို့ သွားမယ်ဆိုလည်း
အထူးကောင်းမွန် ပါတယ်။

မိသားစုနဲ့ သွားတဲ့အကြောင်းကတော့ ဘုရားအရိပ် တရားအရိပ်ကြောင့် မိသားစုတွေ ပိုမိုပြီး ပျော်ရွှင်နိုင်စေတဲ့အပြင် တစ်ဦးချင်း တစ်ယောက်ခြင်းစီရဲ့ အခက်အခဲတွေဟာလည်း ပြေလျော့သက်သာ စေပါလိမ့်မယ်။ ဒါ့အပြင် တစ်မိသားစုလုံး ဟာလည်း ဘာသာတရားမှာ အသက်ဝင်ယုံကြည် စေလာနိုင်ပြီး
မိဘနှစ်ပါးမှ အစ သားသမီးတွေကိုပါ ဘုရားသွားရင် ခေါ်ဆောင်သွားဖို့ မမေ့ပါနဲ့။
ကျော်လင်းနိုင် (ရိုးရာလေး)

https://www.facebook.com/yoyarlaydotcom/posts/928050340571552

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...