စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သံဝေဇနိယ လေးဌာနရောက် ဗဟုသတ အဖြာဖြာ



 လုမ္ဗိနီ အင်ကြင်းတော (ဖွား) - ဘုရားအလောင်းတော် သိဒ္ဓတ္ထ မင်းသားအား လွန်ခဲ့သော နှစ်ပေါင်း ၂၆၀၀ကျော်၊ ခရစ်တော် မပေါ်မီ နှစ်ပေါင်း ၆၂၃၊ မဟာ သက္ကရာဇ်(၆၈)ခု၊ ကဆုန်လပြည့်၊ သောကြာနေ့တွင် ကပိလဝတ်ပြည်နှင့် ဒေဝဒဟပြည် အကြား လုမ္ဗိနီ အင်ကြင်းတော (နီပေါ နိုင်ငံ နယ်စပ်၊ လုမ္ဗိနီ ဒေသ) ၌ ဖွားတော်မူသည်။ အမျိုးအနွယ်မှာ သာကီဝင် မင်းမျိုး ဖြစ်ပြီး ဖခင်မှာ သုဒ္ဓေါဒန မင်းကြီးနှင့် မိခင်မှာ မိဖုရားခေါင် သိရီမဟာမာယာတို့ ဖြစ်သည်။

 

မဟာဗောဓိ အောင်မြေ (ပွင့်) - ဘီစီ၅၈၈၊ မဟာ သက္ကရာဇ် (၁၀၃)ခု၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့တွင် မဟာဗောဓိပင်ရင်းရှိ အပရာဇိတ ပလ္လင်ထက် (အိန္ဒိယနိုင်ငံ၊ ဗီလာပြည်နယ်၊ ဂယာမြို့အနီး) တွင် သဗ္ဗေညုတ ဥာဏ်တော်ကိုရ၍ လောကသုံးပါး၏ အမြင့်မြတ်ဆုံး မြတ်စွာဘုရား ဖြစ်လာခဲ့သည်။ ဘုရားအဖြစ် ရောက်ရှိချိန်တွင် သက်တော် ၃၅နှစ် ရှိပြီ ဖြစ်သည်။
 

မိဂဒါဝုန်တော (ဟော) - မဟာ သက္ကရာဇ် ၁၀၃ခု၊ ဝါဆိုလပြည့်၊ စနေနေ့ နေဝင် လထွက် အချိန်တွင် အရှင် ကောဏ္ဍည၊ အရှင် ဝပ္ပ၊ အရှင် ဘဒ္ဒိယ၊ အရှင် မဟာနာမ် နှင့် အရှင် အဿဇိ တို့အား ဂေါတမ မြတ်စွာဘုရားမှ ဘုရားအဖြစ် ဝန်ခံပြီး ဓမ္မစကြာ တရာဦးကို ဟောပြောတော်မူခဲ့သည်။ နေရာမှာ အိန္ဒိယနိုင်ငံ၊ ဥတ္တရာပရာဒေ့ရှ် ပြည်နယ်၊ ဗာရဏသီမြို့အနီး၊ မိဂဒါဝုန်တော "ဆာရနတ်(သ်) ဒေသ" တွင်ဖြစ်သည်။ ဓမ္မာစကြာနေ့တွင်ပင် "ဧဟိဘိက္ခု" ဟူသော စကားကို မြွက်ကြားခဲ့ပြီး ဗုဒ္ဓဘာသာဝင်တို့၏ တတိယ ရတနာဖြစ်သော သံဃာရတနာ စတင် ပေါပေါက်ရာနေ့လည်း ဖြစ်သည်။
 

ကုသိနာရုံ အင်ကြင်းရဂုံ (စံ) - မဟာ သက္ကရာဇ် ၁၄၈ခု၊ ကဆုန်လပြည့်၊ အင်္ဂါနေ့တွင် မလ္လာမင်းတို့၏ အင်ကြင်း ဥယျာဉ်ရှိရာ ကုသိနာရုံ ဒေသတွင် သက်တော် ၈၀ ၌ ပရိနိဗ္ဗာန် ပြုတော်မူခဲ့ပါသည်။ အိန္ဒိယနိုင်ငံ၊ ဥတ္တရာပရာဒေ့ရှ် ပြည်နယ်၊ ကာဆီယမြို့အနီးတွင် ရှိသည်။ှ

Stacy Chan (ရိုးရာလေး)

https://www.facebook.com/yoyarlaydotcom/posts/925652367478016

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...