စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အသက် (၁၈)နှစ်အရွယ်မှာ ကလေးအမေ ဖြစ်ခဲ့ပေမယ့် ထင်ရှားတဲ့မော်ဒယ်ဖြစ်လာသူ

       ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပြု လိုက်သူတစ်ဦးဟာ ထင်ရှားတဲ့ မော်ဒယ် တစ်ဦးဖြစ်လာမယ်လို့ ထင်မှတ်ထားမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဘရာဇီးလ် နိုင်ငံသူ လာအစ်ရီဘီရိုကတော့ အသက် (၁၈)နှစ် အရွယ်မှာ ကလေးတစ်ယောက် ရခဲ့ပြီး ထင်ရှားသူ ဖြစ်အောင် ပြုလုပ်နိုင်ခဲ့ပါတယ်။ ရီဘီရိုပာာ လက်ရှိ အချိန်မှာ အကျော်ကြားဆုံး မော်ဒယ် အဖြစ် သတ်မှတ်ခံ ထားရပြီး နာမည်ကျော် Victoria Secret ရဲ့ ပင်တိုင် မော်ဒယ်အဖြစ် ဆောင်ရွက်နေပါတယ်။ Victoria Secret ဟာ အမျိုးသမီး အတွင်းခံ ဘောင်းဘီတွေကို ထုတ်လုပ်နေခြင်း ဖြစ်ပြီး ထင်ရှားသူတွေကိုသာ မော်ဒယ်အဖြစ် ခန့်အပ်လေ့ ရှိပါတယ်။

      ရီဘီရိုဟာ အသက်ငယ်ငယ်နဲ့ အိမ်ထောင်ကျခဲ့တာကြောင့် ဘ၀ကို ခက်ခဲစွာ ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမဲ့ ရီဘီရိုမှာ ထူးခြားတဲ့ အရည်အသွေးတွေ ပိုင်ဆိုင်ထားတာကြောင့် သူငယ်ချင်းဖြစ်သူက မော်ဒယ်လုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။ ရီဘီရိုဟာ အရပ် (၅) ပေ၊ (၁၁) လက်မရှိပြီး သွယ်လျတဲ့ အချိုးအစား ရှိနေတာကြောင့် မော်ဒယ်အလုပ်ကို စိတ်ဝင်စားခဲ့တာပါ။ ဒါပေမဲ့ ရီဘီရို မျှော်လင့်ထားသလို မဟုတ်ခဲ့ဘဲ ပထမဆုံး မော်ဒယ် အတွေ့အကြုံက အခက်အခဲတွေ အများကြီး ရှိခဲ့ပါတယ်။ နောက်ပြီး မော်ဒယ် အေဂျင်စီတွေက ရီဘီရိုရဲ့ အချိုးအစားကို မနှစ်သက်တာကြောင့် အလုပ်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။ ဒီအချိန်မှာ ရီဘရိုဟာ စွန့်စားခန်းတစ်ခု ဖွင့်ခဲ့ပြီး အမေရိကန်ကို ပြောင်းရွှေ့ နေထိုင်ခဲ့ပါတယ်။

 အင်္ဂလိပ်စကား ကလည်း ကျွမ်းကျင်မူမရှိသလို နယ်မြေသစ်မှာ အခက်အခဲတွေ အများကြီးတွေ့ခဲ့ပေမယ့် နောက်ဆုံးမှာ ပန်းတိုင်ကို လျှောက်လှမ်းနိုင်ခဲ့ပါတယ်။ ဘရာဇီးလ်နိုင်ငံဟာ ထင်ရှားတဲ့မော်ဒယ်တွေကို မွေးထုတ်ပေးရာမှာ နာမည်ကျော်ပြီး ရီဘီရိုဟာ အက်ဒရီ ယာနာလီမာ၊ ဂျီဆီလီဘန်ချန် တို့ပြီးနောက် အကျော်ကြားဆုံး ဖြစ်လာခဲ့ပါတယ်။

         Victoria Secret ဟာ ပြီးခဲ့တဲ့ လတွေမှာ ထင်ရှားကျော်ကြားတဲ့မော်ဒယ် (၁၀)ဦးကို ရွေးချယ်ပြီး သူတို့ရဲ့ထုတ်ကုန် ကို မိတ်ဆက်ခဲ့ရာ ရီဘီရိုလည်း ပါဝင်ခဲ့ပါတယ်။ အောင်မြင်ကျော်ကြားတဲ့ မော်ဒယ်တွေဟာ Victoria Secret ကနေ မွေးထုတ် ပေးလိုက်တာကြောင့် ရီဘီရိုဟာ ပိုမို ကျော်ကြားလာဖို့ ရှိပါတယ်။ လက်ရှိအချိန်မှာ အသက် (၂၄)နှစ်ရှိနေပြီး အသက် ခုနစ်နှစ်အရွယ် သားတစ်ဦး ပိုင်ဆိုင်ထားတဲ့ ရီဘရိုဟာ ခက်ခဲတဲ့ အခြေအနေကနေ ရုန်းထွက်နိုင်ခဲ့တာကြောင့် ချီးကျူးခံခဲ့ရပါတယ်။

http://messengernewsjournal.com/General/Eventure/detail.php?id=40683 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...