စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အောင်မြင်သော ဟောလိဝုဒ်ရုပ်ရှင်များရဲ့ နောက်ကွယ်


အောင်မြင်သော ဟောလိဝုဒ် ရုပ်ရှင်များမှာ အသုံးပြုတဲ့ ကုန်ကျစရိတ်များကို ကြည့်လိုက်မယ်ဆိုရင် အနည်းဆုံး အမေရိကန်ဒေါ်လာ သန်း ၅၀ လောက် ရှိပါတယ်။ Life of Pi ဆိုရင် အမေရိကန်ဒေါ်လာ သန်း ၁၂၀ ရှိပြီး စံချိန် အနေနဲ့ Avator ဆိုရင် အမေရိကန်ဒေါ်လာ ၂၃၇ သန်း အသုံးပြုပါတယ်။

တိုက်တန်းနစ်ကလည်း အမေရိကန်ဒေါ်လာ သန်း ၂၀၀ အသုံးပြုထားပါတယ်။
ရုပ်ရှင်တစ်ကားမှာ တကယ့်အပြင်မှာ မလုပ်နိုင် မပြနိုင်တဲ့ ဇာတ်ဝင်ခန်း ပါဝင်မှု များရင် များသလို၊ Animate လုပ်ရန်လိုအပ်တဲ့ Object တွေ များရင် များသလို ကုန်ကျစရိတ်များစွာ ရှိပါတယ်။

ဒါကြောင့်မို့ ရပ်ရှင်တစ်ကားရဲ့ ကုန်ကျစရိတ်ရဲ့ တစ်ဝက်လည်းဖြစ်သွားနိုင်သလို တစ်ဝက်ကျော်အထိလည်း ဖြစ်သွား နိုင်ပါတယ်။ ဥပမာ Kung Fu Panda လို့ ကာတွန်း ရုပ်ရှင်တောင် Animation ရုပ်ရှင်ဖြစ်သော်ငြား ကွန်ပြူတာပေါ်မှာ ဖန်တီးရတာ ဖြစ်သော်ငြား ရုပ်ရှင် ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ သန်း ၁၃၀ ရှိပါတယ်။ သူ့အနေနဲ့ Character ဖန်တီးမှုတန်ဖိုး၊ ဇာတ်ညွန်းတန်ဖိုး၊ နောက်ခံအသံ တန်ဖိုးတို့ နုတ်လိုက်သည့်တိုင် ကွန်ပြူတာဖြင့် ဖန်တီးခက ဈေးကြီးပါတယ်။

အနောက်တိုင်းမှ ရုပ်ရှင်အများစုဟာ ဘာကြောင့် အမေရိကန်ဒေါ်လာ သန်း ရနဲ့ချီ ကုန်ကျနေရသလဲ ဆိုတဲ့အဖြေအတွက် CGI က တစ်ထောင့်တစ်နေရာကနေ မှန်ကန်စွာ ပါဝင်နေပါတယ်။ Computer Generated Image လို့ခေါ်တဲ့ ရုပ်ပုံများကို ထွက်ပေးရပြီး တကယ့် Video ကို Final အဆင့်ရောက်အောင် ပြန်လည် ဖြည့်ဆည်း ဖန်တီးရတာ ဖြစ်ပါတယ်။ လုပ်ရတဲ့ ပညာခံ ရှိသလို၊ အသုံးပြုတဲ့ ဆော့ဖ်ဝဲ တန်ဖိုးလည်း မနည်းပါဘူး။

ယခု ဖော်ပြပါ ပုံများကတော့ CGI နည်းပညာ အသုံးပြုတဲ့ လူသိများ ရုပ်ရှင်များမှ CGI အသုံးမပြုခင်နဲ့ အသုံးပြုပြီး ဓာတ်ပုံများ ဖြစ်ပါတယ်။
.
Ref: wiki
အောင်ခမ်း (ရိုးရာလေး)

https://www.facebook.com/yoyarlaydotcom/posts/921224651254121

 

https://www.facebook.com/yoyarlaydotcom/posts/921224651254121

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...