စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မနက်စောစော ရေသောက်ခြင်းရဲ့ အကျိုးကျေးဇူးများ


မနက်အိပ်ရာ ထထချင်း ရေသောက်တာ ခန္ဓာကိုယ် အတွင်းပိုင်း အဖွဲ့အစည်းများ သန့်စင်စေဖို့ ဟိုးအရင်ကတည်း ကြားဖူး သိဖူးထားတဲ့ လျို့ဝှက်ချက်တစ်ခုဖြစ်ပါတယ်။ အူမကြီး သန့်ရှင်းစေကာ အစာနဲ့အာဟာရဓာတ်များ ပိုမိုကောင်းမွန်စွာ စုပ်ယူနိုင်ခြင်းက အရေးကြီးဆုံး ရလဒ်တွေထဲက တစ်ခုဖြစ်ပါတယ်။ မနက်အိပ်ယာ ထထချင်း ရေသောက်ခြင်းကို ပထမဆုံး အလုပ်တစ်ခုအဖြစ်ဆောင်ရွက်ခြင်းဖြင့် ရရှိလာမယ့် အကျိုးကျေးဇူးတွေက……

မနက်စောစော ဘာမှမစားမီ ရေသောက်ခြင်းက အူမကြီးကို သန့်ရှင်းစေကာ အာဟာရဓာတ်များ ပိုမိုလွယ်ကူစွာ စုပ်ယူနိုင်စေပါတယ်။

သွေးနဲ့ ကြွက်သားဆဲလ်များ အသစ်ဖြစ်ပွားမှု ပိုမိုတိုးမြင့်စေပါတယ်။

ကိုယ်အလေးချိန် ကျဆင်းစေတယ်။ အနည်းဆုံးရေအေး (၁၆) အောင်စ (လီတာဝက်ခန့်) သောက်ခြင်းက အစာခြေဖျက်မှု ၂၄% ရာခိုင်နှုန်း ပိုအားကောင်းစေပါတယ်။

ရေက ခန္ဓာကိုယ်အတွင်းမှ အဆိပ်အတောက်များကို သန့်ရှင်းစင်ကြယ်စေကာ အသားအရေကို စိုပြေဝင်းပစေပါတယ်။

ခန္ဓာကိုယ်အတွင်းရှိ အရည်ကြည်စနစ် မျှတမှုရှိအောင် လုပ်ပေးပါတယ်။ ယင်းဂရင်းများက နေ့စဉ်ပုံမှန်လုပ်ငန်းများ လုပ်ဆောင်စေပြီး ခန္ဓာကိုယ်မှ အရည်ကြည်များ မျှတစေကာ ရောဂါကူးစက်ခံရခြင်းမှ ခုခံကာကွယ်ပေးပါတယ်။
Credit: TrendMyanmar


https://www.facebook.com/lyhealthcare/photos/a.345112345631447.1073741828.3447325

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...