စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မဂိုဘုရင် တစ်ပါး၏ ကမ္ဘာကျော် အချစ်


၁၅၉၂၊ ဇန်နဝါရီလ၊ ၅ရက်နေ့တွင် ရှားဂျာဟန် (Shah Jahan) မင်းသားကို မွေးဖွားခဲ့သည်။ မင်းသားသည် အသက် ၁၅နှစ် အရွယ် ၁၆၀၈ ခုနှစ်တွင် ပါရှန်မင်းသမီး မွန်တာဇ် မဟာရာဂ်ျ (Mumtaz Mahal) ၁၄နှစ် နှင့် စေ့စပ်ခဲ့သည်။ သို့သော် အကြောင်းကြောင်းကြောင့် မွန်တာဇ် မဟာရာဂ်ျ နှင့် စေ့စပ်ပြီး ငါးနှစ် အကြာမှ လက်ထပ်ခဲ့သည့် အတွက် တတိယမြောက် မိဖုရား ဖြစ်ခဲ့ရခြင်း ဖြစ်သည်။ ပထမ မိဖုရားမှာ Kandahari Begum ဖြစ်ပြီး ဒုတိယ မိဖုရားမှာ Arjumand Banu Begum ဖြစ်သည်။ ပထမ မိဖုရားနှင့် ဒုတိယ မိဖုရားတို့နှင့် ကလေး နှစ်ယောက် ရခဲ့ပြီး တတိယ မိဖုရားနှင့် ကလေး တစ်ဆယ့်လေးယောက် ရခဲ့သည်။ ၁၆၂၈ ခုနှစ်တွင် ဘုရင် အဖြစ် နန်းတက်ခဲ့သည်။

၁၆၃၁ ခုနှစ်တွင် တတိယ မိဖုရားဖြစ်သည့် မွန်တာဇ် မဟာရာဂ်ျ သည် ဘုရင် အတွက် ၁၄ယောက်မြောက် ရင်သွေး Gauhara Begum ကို မွေးဖွားစဉ် ကွယ်လွန်ခဲ့သည်။ ရှားဘုရင်သည် မိဖုရား၏ ရုပ်အလာင်းကို Zainabad ဥယျာဉ်တွင် ယာယီ သဂြိုဟ်ပြီး နောင်တွင် ကမ္ဘာကျော်လာမည့် Taj Mahal ဂူသချိုင်္င်းကို ၁၆၃၂ ခုနှစ်တွင် စတင် ဆောက်လုပ်ခဲ့သည်။ ဂူသချိုင်္င်းမှာ ၁၆၄၃ ခုနှစ်တွင် ပြီးစီးပြီး အရံ အဆောက်အဦးများနှင့် ပန်းခြံမှာ နောက်ငါးနှစ် အကြာ ၁၆၄၈ ခုနှစ် တွင် ပြီးစီးသည်။

ရှားဂျာဟန် ဘုရင် အုပ်စိုးစဉ်ကာလတွင် မဂို အင်ပါယာမှာ ချမ်းသာ ကြွယ်ဝဆုံး ဖြစ်ခဲ့သည့်အတွက် အင်မတန် ကြီးကျယ် ခမ်းနားသည့် ဂူသချိုင်္င်းကို ဆောက်လုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ဂူသချိုင်္င်းကို စကျင်ကျောက် အဖြူနှင့် သဲနီကျောက်များဖြင့် တည်ဆောက်ထားပြီး မဂိုနှင့် ပါရှန် ယဉ်ကျေးမှု လက်ရာများ ထုံးမွှမ်းထားသည်။ အဆောက်အအုံ၏ အလယ်ကောင် တည့်တည့်တွင် မိဖုရား၏ ကျောက်ဖြူဂူကို ထားရှိထားပြီး ရတနာ ၁၂ မျိုးဖြင့် ပြီးသော ခန်းစီးဖြင့် ကာရံထားသည်။ ကျောက်သားပေါ်တွင် တိရိစ္ဆာန်ပုံ သစ်ပင်ပုံများကို ထွင်းထားပြီး မှန်စီရွှေချ လက်ရာများမှာ အလွန် လှပသည်။ ရှားဂျာဟန် ဘုရင်သည် နန်းတော် မျှော်စင်မှ တဆင့် ယမုံနာမြစ် တစ်ဖက်ကမ်းတွင် ရှိသည့် သူ၏ မိဖုရားရှိရာ Taj Mahal ဂူသချိုင်္င်းကို ကြည့်ပြီး ပူဆွေး လွမ်းဆွတ်ရင်း နေခဲ့ရတယ်လို့ သိရှိရတယ်။

၁၆၅၈ ခုနှစ်တွင် သားတော် Aurangzeb ကို ဘုရင်နေရာ လွှဲပြောင်းပေးခဲ့ရသည်။ သက်တော် ၇၄နှစ် ၁၆၆၆၊ ဇန်နဝါရီလ၊ ၂၂ရက်တွင် ကွယ်လွန်ခဲ့သည်။ ရှားဂျာဟန် ဘုရင်၏ နာမကျန်းခင် ပြောခဲ့သော ဆန္ဒမှာ သူသေသွားပြီးရင် သူ၏ ဂူသချိုင်္င်းကို ယမုံနာမြစ် တဖက်ကမ်း တာ့ဂ်ျမဟာရဲ့ အရှေ့တည့်တည့်မှာ အနက်ရောင် စကျင်ကျောက်များဖြင့် တာ့ဂ်ျ မဟာအတိုင်း ပုံတူ ဂူသချိုင်္င်း ဆောက်လုပ်ပေးရန် ဖြစ်သည်။ သို့သော် သားတော် Aurangzeb ဘုရင်မှ ဖခင်၏ အုတ်ဂူကို မွန်တာဇ် မဟာရာဂ်ျ ၏ အုတ်ဂူဘေးတွင် ပိုမြင့်သော ကျောက်ခုံကြီးပေါ်တွင်သာ သဂြိုဟ်ပေးခဲ့သည်။ ၁၉၈၃ ခုနှစ်တွင် တာ့ဂ်ျမဟာကို ယူနက်စကိုမှ ကမ္ဘာ့ အမွေအနှစ် စာရင်းတွင် ထည့်သွင်းခဲ့သည်။

Ref: Wiki
Stacy Chan (ရိုးရာလေး)

 https://www.facebook.com/yoyarlaydotcom/posts/925046600871926

တာ့ဂ်ျမဟာ
 

 
 ယမုံနာမြစ်
 
 တာ့ဂ်ျမဟာ
 

 
 

Ref: Wiki
Stacy Chan (ရိုးရာလေး)

 https://www.facebook.com/yoyarlaydotcom/posts/925046600871926

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...