စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဖျောက်ပစ်သင့်တဲ့ အလှအပဆိုင်ရာ အကျင့်ဆိုးများ


             
မိုရ်မိုရ် (YUFEL)

ဆံသားတွေ ခြောက်သွေ့နေတာ၊ အသားအရေ မစိုပြေတာ၊ လက်သည်းတွေ ကျိုးပဲ့နေတာ စတာတွေက သင့်ရဲ့ သတိမထားမိတဲ့ အကျင့်ဆိုးတွေကြောင့် ဖြစ်နိုင်ပါတယ်။ အောက်ပါ ဖော်ပြထားတဲ့ အကြောင်းအရာတွေက အလှအပနဲ့ ဆိုင်တဲ့ အကျင့်ဆိုးတွေပဲ ဖြစ်ပါတယ်။ အဲဒီ အကျင့်ဆိုးတွေကို ဖျောက်ပစ်ပြီး သင့်ပြောင်းလဲသွားတဲ့ အလှတရားကို ရှာဖွေကြည့်လိုက်ပါ။

၁။ မိတ်ကပ် မဖျက်ခြင်း

ညဘက်တွင် မိတ်ကပ် လုံးဝ မကျန်အောင် မျက်နှာကို သန့်စင်ပြီးမှ အိပ်ယာဝင်ပါ။ အိပ်ချိန်မှာ မိတ်ကပ် မဖျက်မိရင် ချွေးပေါက်တွေ ပိတ်ပြီး ၀က်ခြံတွေ၊ အသားအရေ ပျက်စီးမှုတွေ ဖြစ်တတ်ပါတယ်။

ဒါ့အပြင် အားကစား ခန်းမမှာပဲ ဖြစ်ဖြစ် အိမ်မှာပဲ ဖြစ်ဖြစ် လေ့ကျင့်ခန်း လုပ်တော့မယ်ဆိုရင် မျက်နှာအရင် သစ်ပါ။ မိတ်ကပ်က ချွေးမထွက်နိုင်အောင် ချွေးပေါက်တွေကို ပိတ်ထားသလို ဖြစ်တာကြောင့်ပါ။

၂။ ၀က်ခြံကို ညှစ်ခြင်း

ဘယ်တော့မှ ဆားဝက်ခြံ၊ အမည်းစက်၊ ၀က်ခြံ စသည်တို့ကို သင့်လက်ချောင်းတွေ၊ လက်သည်းတွေ အသုံးပြုပြီး မညှစ်ပါနဲ့။ ထိုသို့ ပြုလုပ်တာက အမာရွတ် ထင်စေရုံ သာမက လက်မှာရှိတဲ့ အဆီနဲ့ ဘတ်တီးရီးယား ပိုးတွေကြောင့် ၀က်ခြံတွေကို ပိုလို့တောင် ဆိုးစေပါတယ်။

၃။ မျက်နှာကို မကြာခဏ ကိုင်ခြင်း

ညစ်ပတ်နေတဲ့ လက်တွေနဲ့ မျက်နှာကို မထိမိပါစေနဲ့။ လက်မှာရှိတဲ့ ဘတ်တီးရီးယားတွေကြောင့် မျက်နှာမှာ ၀က်ခြံ ထွက်စေနိုင်ပါတယ်။ ဆံပင်ကို ခဏခဏ ကိုင်ခြင်းကလည်း ထိုနည်းတူ မျက်နှာကို အဆီနဲ့ ဘတ်တီးရီးယားတွေ ထိတွေ့စေနိုင်ပါတယ်။

၎။ မှားယွင်းသော ခေါင်းဖြီးနည်းများ

ရှုပ်ပွနေတဲ့ ဆံပင်ကို ဘီးအစိတ်(သို့) ၀က်မှင်ဘီးနဲ့ မဖြီးပါနဲ့။ ဆံပင်ပြတ်ထွက် ပျက်စီးမှုတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဘီးအကျဲနဲ့သာ ဖြီးပါ။

မှားယွင်းတဲ့ ခေါင်းဖြီးနည်း နောက်တစ်ခု ကတော့ ဆံပင်ရေစိုနေတဲ့ အချိန်မှာ ခေါင်းဖြီးတာပါပဲ။ ထိုအချိန်မှာ ဆံပင်ရဲ့ အမြစ်တွေက လျော့လျဲ နေတာကြောင့် တော်ရုံဆွဲတာကို မခံနိုင်တာကြောင့် ဆံပင်ကို ပိုကျွတ်စေပါတယ်။

နောက်တစ်ခု ကတော့ ခေါင်းမဖြီးဘဲ အိပ်ယာ မ၀င်ဖို့ပါ။ ညဘက်ရောက်တဲ့ အခါ ဦးရေပြားက ထွက်တဲ့ သဘာဝ အဆီတွေက ဆံသားကို နှံ့စပ်စွာ ထိသင့်ပါတယ်။ ဒါကြောင့် အိပ်ယာမ၀င်ခင် ခေါင်းဖြီးပါ။

၅။ နေ့တိုင်း ခေါင်းလျှော်ခြင်း

နေ့တိုင်း ခေါင်းမလျှော်ပါနဲ့။ ဆံသား ခြောက်သွေ့ စေတတ်ပါတယ်။

၆။ ဆံပင်ကို သားရေကွင်းနှင့် စည်းခြင်း

ရိုးရိုးပြောင် သားရေကွင်းများနှင့် ဆံပင်စည်းခြင်းက ဆံပင်ကို သိမ်စေရုံ သာမက ပြန်ဖြည်တဲ့ အခါတွင်လည်း ဆံပင် ပျက်စီးစေပါတယ်။

၇။ လက်မွှေးခြေမွှေး ရိတ်ခြင်း

သဘာဝအတိုင်း လက်မွှေး၊ ခြေမွှေး ရှည်နေတာက အမှန်တကယ်တော့ ကြည့်ရ မဆိုးပါဘူး။ တကယ် ဆိုးတာက ထိုလက်မွှေး၊ ခြေမွှေးတွေကို ရိတ်ပစ်လိုက်လို့ အမွှေးကြမ်းတွေ ထွက်လာမှပါ။

၈။ ညစ်ပတ်နေတဲ့ မိတ်ကပ် ဘရပ်ရှ်တွေ သုံးခြင်း

သင့်မိတ်ကပ် ဘရပ်ရှ်တွေကို မကြာခဏ ခပ်ပျော့ပျော့ ခေါင်းလျှော်ရည်နဲ့ ဆေးပေးပါ။

၉။ လက်သည်းကိုက်ခြင်း

ဒီအကျင့်ဆိုးက လက်သည်း ထိပ်တွေကို အကြည့်ရ ဆိုးစေတဲ့ အပြင် အောက်ခံ လက်သည်း အသားကိုပါ ပျက်စီး စေပါတယ်။

၁၀။ မျက်ခုံးမွှေး နုတ်ခြင်း

မကြာခဏ မျက်ခုံးမွှေး နုတ်ခြင်းကို ရှောင်ပါ။ မျက်ခုံးမွှေး နုတ်ခြင်းက မျက်ခုံး အသားတွေကို လျော့လျဲစေကာ ပိုအရွယ်ရင့် မြန်စေပါတယ်။ ဒါ့အပြင် တချို့ မျက်ခုံးမွှေးတွေက ရိတ်ပြီး ပြန်မပေါက် ကြတော့ပါဘူး။

REF: www.natural beautytips.com

https://www.facebook.com/royalheromedia/photos/a.452811328083074.110728.452

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...