စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မိုးရာသီမှာ လက်ဝတ်ရတနာတွေဘယ်လို သိမ်းဆည်းသင့်သလဲ

မိုးရာသီမှာ စိုထိုင်းဆက အမြင့်ဆုံးအခြေအနေမှာရှိတာ ကြောင့် ရွှေနဲ့လုပ်ထားတဲ့လက် ဝတ်ရတနာတွေဆိုရင် ပိုပြီး   အစင်းအခြစ်ရာ တွေထင်ပြီး အညစ်အကြေးတွေ ကပ်ငြိတတ်ပါ တယ်။  ဒါကြောင့်မို့ လက်ဝတ်ရတ နာတွကို မိုးတွင်းမှာ   ဘယ်လိုသိမ်း ဆည်းသင့်သလဲဆို တာ     သိထားရ အောင်  မျှဝေပေးလိုက်ပါ တယ်။

ငွေထည်ပစ္စည်းကိုဆိုင်မှာငွေရည်သွားပြန်စိမ်တာ   မလုပ်ချင်ရင် သွားတိုက်ဆေးနဲ့ ဆေး ကြောပြီး အဝတ်နုနုနဲ့သုတ်ပေးနိုင်ပါတယ်။ ခိုင်ခိုင်ခံ့ခံ့လုပ်ထားတဲ့လက်ဝတ်ရတနာတွေဟာ အရမ်းကြီးဂရုစိုက်နေဖို့မလိုပေမယ့် ကတ္တီပါဘူးထဲမှာမှ ထည့်သိမ်း သင့်တယ်ဆိုတဲ့အယူအစွဲအစား ပလတ်စတစ်ဘူးထဲမှာဂွမ်းစလေးခံပြီးသိမ်းတာကလည်း အဆင်ပြေပါတယ်။

ဖြစ်နိုင်ရင် မိုးတွင်းမှာ နုနုရွရွ ရတနာတွေမဝတ်တာအကောင်း ဆုံးပါပဲ။ ရေထိပြီးအရောင်မှန် ပျက်စီးလွယ်လို့  ဖြစ်ပါတယ်။ မဖြစ်မနေဝတ်မယ်ဆိုရင်တော့ သေချာခြောက်သွေ့အောင်စီမံ ပြီးမှသာ ဘူးထဲထည့်သိမ်းသင့်ပါ တယ်။ ရွှေတို့၊ ပလက်တီနမ်တို့ က အရမ်းဂရုတစိုက်ထားဖို့မလို ပေမယ့် ငွေထည်က ပျက်စီးလွယ် တာကြောင့် အမြဲတမ်းသတိထား ပြီး သိမ်းဖို့လိုပါတယ်။

ပုလဲဆိုရင် တခြားလက်ဝတ်ရတနာတွေနဲ့မရောဘဲ သီးသန့်သိမ်းဆည်းရမှာပါ။ပုလဲနဲ့၊ သန္တာကျောက် လက်ဝတ်ရတနာတွေကို ဘူးထဲမှာ တမေ့တလျော့အကြာကြီး သိမ်းထားမယ်ဆိုရင် ဓာတ်ပြုပြီး   ပျက်စီးတတ်တာ ကြောင့် မဝတ်ဖြစ်သေးရင်တောင် မှ မကြာခဏ သန့်ရှင်းရေးလုပ်ပေးဖို့လိုပါတယ်။
နောက်ပြီး လက်ဝတ်ရတနာ ပစ္စည်းရဲ့တန်ဖိုးကလည်း မပျက် စီးအောင်ဂရုစိုက်ဖို့သတိပေးနေ ပါလိမ့်မယ်။

လက်ဝတ်ရတနာ ဘူးထဲမှာ စိုထိုင်းမှုတွေကို ကာ ကွယ်နိုင်ဖို့ ဆီလီကာထည့်ထား တာလည်း အလေ့အထကောင်း တစ်ခုပါပဲ။ လေလုံတဲ့ပလတ်စတစ်အိတ်တို့၊ ဘူးတို့ထဲထည့်သိမ်းတာမျိုးနဲ့လည်း စိုထိုင်းထိုင်းမဖြစ်အောင် ကာကွယ်နိုင်ပါ တယ်။ တန်ဖိုးကြီး လက်ဝတ် ရတနာတွေအတွက် ပိုက်ဆံများများ  ထပ်သုံးမယ်ဆိုရင်လည်း လေလည်းလုံ၊ အဖိုးလည်းထိုက်တဲ့ရတနာဘူးတွေ ဝယ်နိုင်ပါသေးတယ်။ လက်ဝတ်ရတနာတင် မက တန်ဖိုးကြီးနာရီတွေပါသိမ်းနိုင်မှာပါ။ ဒါကြောင့်မို့ လက်ဝတ် ရတနာများများစားစားပိုင်ဆိုင်သူ ဆိုရင်တော့ လက်ဝတ်ရတနာ တွေကို အခုပဲစစ်ဆေးကြည့်ပြီး မပျက်စီးခင်ကြိုတင်ကာကွယ်ကြ ရအောင်ပါ။
Ref: idiva.com

http://www.7daydaily.com/story/40941

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...