စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







နည်းပညာများတိုးတက်လာပါသည် သို့သော်...




ယနေ့ခေတ်မှာ နည်းပညာရဲ့အခန်းကဏ္ဍဟာ အံ့မခန်းတိုးတက်လာခဲ့ပါပြီ။ ဆက်သွယ်ရေးတိုးတက်မှုတွေကြောင့် ကမ္ဘာ့နေရာမရွေးကို အချိန်မရွေးဆက်သွယ်လာနိုင်တာကတော့ အံသြ၀မ်းသာဖွယ်ကောင်းလှပါတယ်။ သို့သော် တစ်ဖက်မှာလည်း ဒီနည်းပညာတွေကြောင့်ပဲ အ
ပြင်ဘက်ဆက်ဆံရေးတွေကတော့ တဖြည်းဖြည်း သူစိမ်းဆန်လာခဲ့ရပါတယ်။


မိသားစုအချင်းချင်း၊ သူငယ်ချင်းအချင်းချင်း ဒါမှမဟုတ်ချစ်သူအချင်းချင်းတွေ့ရင်တောင်မှ အရင်ကလောက်မရင်းနှီးသလို ခံစားလာခဲ့ရပါပြီ။ တစ်ယောက်စီဟာ စမတ်ဖုန်းတွေပေါ်မှာ အလုပ်ရှုပ်နေတာကြောင့်ပဲဖြစ်ပါတယ်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်ရင်လည်း လူ ၁၀ ယောက်မှာ
၇ ယောက်လောက်က ဖုန်းမျက်နှာပြင်ပေါ်မှာပဲ အာရုံရောက်နေတာမြင်ကြရမှာပါ။

ကျွန်တော်တို့တတွေ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ အလွှာတစ်ခုခြားနေပြီ ဖြစ်ကြောင်း ဒီဇိုင်နာ Shiyang က ဒီပုံတွေနဲ့ သရုပ်ဖော်ပြခဲ့ပါတယ်။စမတ်ဖုန်းတွေဟာ ကျွန်တော်တို့ဘ၀တွေကို တကယ်ပဲ ဝေးကွာခဲ့စေပြီလား...
Skk

https://www.facebook.com/ayesaycommm/posts/427231617448949

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...